“Running Man” တွင် ပထမဆုံး ယာယီအဖွဲ့ဝင်ဖြစ်လာတဲ့ Kang Hoon

မင်းသား Kang Hoon ကတော့ Running Man ရဲ့ ပထမဆုံး ယာယီအဖွဲ့ဝင်ဖြစ်လာခဲ့တယ်လို့မေလ ၁၄ရက်နေ့မှာ ထုတ်လုပ်ရေးအဖွဲ့က ကြေညာခဲ့ပြီး အဖွဲ့ဓာတ်ပုံကိုထုတ်ပြန်ခဲ့ပါတယ်။မင်းသားက မကြာသေးမီက Running Man မှာ ပါဝင်ရိုက်ကူးခဲ့ကြောင်းသိရပါတယ်။ Jun So Min ထွက်သွားပြီးနောက်မှာ ဒီအစီအစဉ်မှာ Yoo Jae Suk၊ Song Ji Hyo၊ Kim Jong Kook၊ HaHa၊ Ji Suk Jin နဲ့ Yang Se Chan အပါအဝင် အဖွဲ့ဝင်ခြောက်ဦးပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

ထွက်သွားတဲ့ Jun So Min နေရာမှာအစားထိုးဖို့အတွက်စဉ်းစားတဲ့အခါဒီလိုဆုံးဖြတ်ချက်မျိုးထွက်လာတာလည်းဖြစ်ပါတယ်။ Kang Hoon က Running Man မှာခြောက်ကြိမ်တိုင်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အဖွဲ့ဝင်များနဲ့ ထုတ်လုပ်ရေးအဖွဲ့ကသူ့ရဲ့ထူးခြားတဲ့ ဆွဲဆောင်မှုကို အသိအမှတ်ပြုခဲ့ကြတာဖြစ်ပါတယ်။ နောက်ပြီး Kim Jong Kook နဲ့အတူ Chemistry မိမိနဲ့ပြိုင်ဆိုင်မှုတွေက ကြည့်ရှုသူများကို ရယ်မောခြင်းနဲ့ဆွဲဆောင်နိုင်ခဲ့ပါတယ်။သရုပ်ဆောင် Kang Hoon က မေလ ၂၆ ရက်နေ့ ညနေ 6:15 နာရီတွင် “Running Man” မှာယာ ယီအဖွဲ့ဝင်အဖြစ် ပထမဆုံးပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။

MYit

zawgyi

မင္းသား Kang Hoon ကေတာ့ Running Man ရဲ႕ ပထမဆုံး ယာယီအဖြဲ႕ဝင္ျဖစ္လာခဲ့တယ္လို႔ေမလ ၁၄ရက္ေန႔မွာ ထုတ္လုပ္ေရးအဖြဲ႕က ေၾကညာခဲ့ၿပီး အဖြဲ႕ဓာတ္ပုံကိုထုတ္ျပန္ခဲ့ပါတယ္။မင္းသားက မၾကာေသးမီက Running Man မွာ ပါဝင္႐ိုက္ကူးခဲ့ေၾကာင္းသိရပါတယ္။ Jun So Min ထြက္သြားၿပီးေနာက္မွာ ဒီအစီအစဥ္မွာ Yoo Jae Suk၊ Song Ji Hyo၊ Kim Jong Kook၊ HaHa၊ Ji Suk Jin နဲ႔ Yang Se Chan အပါအဝင္ အဖြဲ႕ဝင္ေျခာက္ဦးပါဝင္သ႐ုပ္ေဆာင္ခဲ့ၾကပါတယ္။

ထြက္သြားတဲ့ Jun So Min ေနရာမွာအစားထိုးဖို႔အတြက္စဥ္းစားတဲ့အခါဒီလိုဆုံးျဖတ္ခ်က္မ်ိဳးထြက္လာတာလည္းျဖစ္ပါတယ္။ Kang Hoon က Running Man မွာေျခာက္ႀကိမ္တိုင္တိုင္ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အဖြဲ႕ဝင္မ်ားနဲ႔ ထုတ္လုပ္ေရးအဖြဲ႕ကသူ႔ရဲ႕ထူးျခားတဲ့ ဆြဲေဆာင္မႈကို အသိအမွတ္ျပဳခဲ့ၾကတာျဖစ္ပါတယ္။ ေနာက္ၿပီး Kim Jong Kook နဲ႔အတူ Chemistry မိမိနဲ႔ၿပိဳင္ဆိုင္မႈေတြက ၾကည့္ရႈသူမ်ားကို ရယ္ေမာျခင္းနဲ႔ဆြဲေဆာင္ႏိုင္ခဲ့ပါတယ္။သ႐ုပ္ေဆာင္ Kang Hoon က ေမလ ၂၆ ရက္ေန႔ ညေန 6:15 နာရီတြင္ “Running Man” မွာယာ ယီအဖြဲ႕ဝင္အျဖစ္ ပထမဆုံးပါဝင္သ႐ုပ္ေဆာင္မွာျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*