အလုပ်နောက်ကျတာကို ရှောင်ရှားဖို့နည်းလမ်း (၄)ခု

ကိုယ်ကအလုပ်ကိုပုံမှန်နောက်ကျတတ်သူလား။ ဒါဆိုရင်တော့ ဒီစာက သင့်အတွက်ပါ။အခုလိုစီးပွားရေးကျပ်တည်းနေချိန်မျိုးမှာ အလုပ် အကိုင်ကောင်းတွေရှာရခက်ပါတယ်။ဒါကြောင့် ကိုယ်ရရှိနေတဲ့အလုပ်အကိုင်လေးက ကိုယ့်ရဲ့အလုပ်နောက်ကျမှုကြောင့်အထိအခိုက်ရှိလာမယ်ဆိုရင် နှမြောစရာကောင်းပါတယ်။ အလုပ်ချိန်မှန်ဖို့ကဝန်ထမ်းတွေအတွက် အရေးကြီးတဲ့ကျင့်ဝတ်တခုလည်းဖြစ်နေပါတယ်။ တခါတလေနောက်ကျတာက ဖြစ်လေ့ဖြစ်ထရှိပေမဲ့ အမြဲတမ်းနောက်ကျတတ်သူဆိုရင်တော့ဒီအချက်တွေက သင့်ကိုအကူအညီဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

အဝတ်အစားပြင်ဆင်တာ

နောက်ကျတတ်တဲ့သူက အကျင့်တခုလိုဖြစ်သွားတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ချိန်းလည်းနောက်ကျတာ၊ အလုပ်သွားလည်းနောက်ကျ တာ၊ ချစ်သူနဲ့ချိန်းလည်းနောက်ကျတာမျိုးအဲဒီလိုလူတွေလည်းရှိတတ်ကြပါတယ်။ နောက်ကျတာကို အရိုးထဲထိအောင်စွဲနေပြီး ပြင်ဆင်ဖို့
မေ့လျော့နေတတ်ကြပါတယ်။ အလုပ်နောက်ကျတာကနေ ရှောင်ဖို့ကတော့ညကတည်းကအရာရာကိုပြင်ဆင်ထားဖို့ပါ။ နောက်နေ့ဝတ်မယ့်အဝတ်အစားကို ညကတည်းကပြင်ဆင်ပါ။ မနက်ကျမှ ဟိုဟာဝတ်မယ်၊ ဒီဟာဝတ်မယ်ဆိုပြီး ဝေခွဲမရဖြစ်နေပြန်ရင်လည်းအလုပ်ချိန်နောက်ကျသွားနိုင်ပါတယ်။

လုံလောက်အောင် အိပ်စက်တာ

နောက်အတွက်အလုပ်သွားဖို့အတွက် အရေးကြီးတဲ့အချက်ကတော့လုံလုံလောက်လောက်အိပ်ချိန်ရရှိတာပါပဲ။ အလုပ်သွားရမယ့်ညတွေမှာ စောစောအိပ်တာကအကောင်းဆုံးပါပဲ။ လုံလောက်တဲ့ အိပ်စက်မှုကိုမရရှိတဲ့အခါ မနက်စောစောထဖို့ကစိန်ခေါ်မှုကြီးတခုပါပဲ။ ဒီအ ချက်ကြောင့်ပဲ အလုပ်နောက်ကျသွားနိုင်ပါတယ်။ ဒါကြောင့်အိပ်ချိန်လုံလောက်အောင် အိပ်စက်ဖို့ အရေးကြီးပါတယ်။

ယာဉ်ကြောပိတ်တာကိုထည့်တွက်ပါ

အလုပ်သွားချိန်မှာ ယာဉ်ကြောပိတ်ဆို့မှုကို ကြုံရနိုင်တာကြောင့် အချိန်ကိုတွက်ချက်တဲ့အခါယာဉ်ကြောပိတ်ဆို့တဲ့အခါကြာချိန်ကိုပါ ထည့်တွက်ပါ။ ယာဉ်ကြောပိတ်ဆို့မှုကိုဖြေရှင်းဖို့အတွက် အိမ်ကနေ အနည်းဆုံး မိနစ် ၃၀စောထွက်တာပါပဲ။

နေ့လည်စာအတွက် ကြိုတင်ပြင်ဆင်တာ

ကိုယ်က ရုံးကိုထမင်းဘူးထည့်သွားတတ်တဲ့သူဆိုရင် နေ့လည်စာအတွက်ပြင်ဆင်မှုကိုညကတည်းက ပြင်ဆင်ထားသင့်ပါတယ်။ ညက တည်းကနေ့လည်စာဟင်းအတွက်ပြင်ဆင်ထားတယ်ဆိုရင် မနက်ပိုင်းမှာအဲဒီအတွက်အချိန်ပိုယူစရာမလိုတော့ပါဘူး။ မနက်ပိုင်းမှနေ့ လည်စာအတွက်ပြင်ဆင်ရတာကလည်း အလုပ်နောက်ကျသွားနိုင်ပါတယ်။

MYit

zawgyi

ကိုယ္ကအလုပ္ကိုပုံမွန္ေနာက္က်တတ္သူလား။ ဒါဆိုရင္ေတာ့ ဒီစာက သင့္အတြက္ပါ။အခုလိုစီးပြားေရးက်ပ္တည္းေနခ်ိန္မ်ိဳးမွာ အလုပ္ အကိုင္ေကာင္းေတြရွာရခက္ပါတယ္။ဒါေၾကာင့္ ကိုယ္ရရွိေနတဲ့အလုပ္အကိုင္ေလးက ကိုယ့္ရဲ႕အလုပ္ေနာက္က်မႈေၾကာင့္အထိအခိုက္ရွိလာမယ္ဆိုရင္ ႏွေျမာစရာေကာင္းပါတယ္။ အလုပ္ခ်ိန္မွန္ဖို႔ကဝန္ထမ္းေတြအတြက္ အေရးႀကီးတဲ့က်င့္ဝတ္တခုလည္းျဖစ္ေနပါတယ္။ တခါတေလေနာက္က်တာက ျဖစ္ေလ့ျဖစ္ထရွိေပမဲ့ အၿမဲတမ္းေနာက္က်တတ္သူဆိုရင္ေတာ့ဒီအခ်က္ေတြက သင့္ကိုအကူအညီျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

အဝတ္အစားျပင္ဆင္တာ

ေနာက္က်တတ္တဲ့သူက အက်င့္တခုလိုျဖစ္သြားတတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ခ်ိန္းလည္းေနာက္က်တာ၊ အလုပ္သြားလည္းေနာက္က် တာ၊ ခ်စ္သူနဲ႔ခ်ိန္းလည္းေနာက္က်တာမ်ိဳးအဲဒီလိုလူေတြလည္းရွိတတ္ၾကပါတယ္။ ေနာက္က်တာကို အ႐ိုးထဲထိေအာင္စြဲေနၿပီး ျပင္ဆင္ဖို႔
ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ အလုပ္ေနာက္က်တာကေန ေရွာင္ဖို႔ကေတာ့ညကတည္းကအရာရာကိုျပင္ဆင္ထားဖို႔ပါ။ ေနာက္ေန႔ဝတ္မယ့္အဝတ္အစားကို ညကတည္းကျပင္ဆင္ပါ။ မနက္က်မွ ဟိုဟာဝတ္မယ္၊ ဒီဟာဝတ္မယ္ဆိုၿပီး ေဝခြဲမရျဖစ္ေနျပန္ရင္လည္းအလုပ္ခ်ိန္ေနာက္က်သြားႏိုင္ပါတယ္။

လုံေလာက္ေအာင္ အိပ္စက္တာ

ေနာက္အတြက္အလုပ္သြားဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ကေတာ့လုံလုံေလာက္ေလာက္အိပ္ခ်ိန္ရရွိတာပါပဲ။ အလုပ္သြားရမယ့္ညေတြမွာ ေစာေစာအိပ္တာကအေကာင္းဆုံးပါပဲ။ လုံေလာက္တဲ့ အိပ္စက္မႈကိုမရရွိတဲ့အခါ မနက္ေစာေစာထဖို႔ကစိန္ေခၚမႈႀကီးတခုပါပဲ။ ဒီအ ခ်က္ေၾကာင့္ပဲ အလုပ္ေနာက္က်သြားႏိုင္ပါတယ္။ ဒါေၾကာင့္အိပ္ခ်ိန္လုံေလာက္ေအာင္ အိပ္စက္ဖို႔ အေရးႀကီးပါတယ္။

ယာဥ္ေၾကာပိတ္တာကိုထည့္တြက္ပါ

အလုပ္သြားခ်ိန္မွာ ယာဥ္ေၾကာပိတ္ဆို႔မႈကို ႀကဳံရႏိုင္တာေၾကာင့္ အခ်ိန္ကိုတြက္ခ်က္တဲ့အခါယာဥ္ေၾကာပိတ္ဆို႔တဲ့အခါၾကာခ်ိန္ကိုပါ ထည့္တြက္ပါ။ ယာဥ္ေၾကာပိတ္ဆို႔မႈကိုေျဖရွင္းဖို႔အတြက္ အိမ္ကေန အနည္းဆုံး မိနစ္ ၃၀ေစာထြက္တာပါပဲ။

ေန႔လည္စာအတြက္ ႀကိဳတင္ျပင္ဆင္တာ

ကိုယ္က ႐ုံးကိုထမင္းဘူးထည့္သြားတတ္တဲ့သူဆိုရင္ ေန႔လည္စာအတြက္ျပင္ဆင္မႈကိုညကတည္းက ျပင္ဆင္ထားသင့္ပါတယ္။ ညက တည္းကေန႔လည္စာဟင္းအတြက္ျပင္ဆင္ထားတယ္ဆိုရင္ မနက္ပိုင္းမွာအဲဒီအတြက္အခ်ိန္ပိုယူစရာမလိုေတာ့ပါဘူး။ မနက္ပိုင္းမွေန႔ လည္စာအတြက္ျပင္ဆင္ရတာကလည္း အလုပ္ေနာက္က်သြားႏိုင္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*