စလ်မန်းခန်းနဲ့ ရာရ်မီးကားတို့ရဲ့ရုပ်ရှင် အသက်အရွယ်ကွာဟမှုကြောင့် ဝေဖန်ခံနေရ

စလ်မန်းခန်းနဲ့ ရာရ်မီးကားတို့ အတူပူးပေါင်းရိုက်မယ့် ရုပ်ရှင်ကားမှာအသက်အရွယ်အပိုင်းအခြား ကွာဟမှုတွေကြောင့် ပရိသတ်တွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဒါရိုက်တာ AR Murugadoss ရဲ့ ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်နှစ်ဦးကြားကအသက်ကွာ ခြားမှုကြောင့် အင်တာနက်သုံးစွဲသူများကြားမှာအချေအတင်အငြင်းပွားစရာဖြစ်ခဲ့ပါတယ်။စလ်မန်းခန်းက မင်းသမီး ရာရ်မီးကားထက် အသက် ၃၁နှစ်ကြီးနေတာကြောင့်ဒီရုပ်ရှင်အပေါ်သက်ရောက်မှုဖြစ်စေနိုင်မလားဆိုတာကို အင်တာနက်သုံးစွဲသူတွေများအငြင်းပွားဖွယ်ဖြစ်နေကြတာပါ။

အသက်ငါးဆယ့်ရှစ်နှစ်အရွယ် မင်းသား စလ်မန်းခန်းက အသက် နှစ်ဆယ့်ခုနစ်နှစ်သာရှိသေးတဲ့ဇာတ်ဆောင်မင်းသမီး ရာရ်မီးကားထက် အသက် ၃၁နှစ်တိတိကြီးပါတယ်။အဖေနဲ့သမီးဇာတ်ရုပ်ဖြစ်နေတယ်လို့ လူအများစုက ဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဒီအချက်က မင်းသားစလ်မန်းခန်းအဖို့ ပထမဆုံးဝေဖန်ခံရတာတော့ မဟုတ်ပါဘူး။အရင်ကလည်းအလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ပြီး ဝေဖန်ခံခဲ့ရဖူးပါတယ်။တကယ်တော့အသက်အရွယ်ကအဓိကမဟုတ်ဘဲ ဇာတ်တင်ခန်းတွေမှာ အချိတ်အဆက်မိမိနဲ့ Chemestry မိမိနဲ့ဘယ်လိုသရုပ် ဆောင်နိုင်မလဲဆိုတဲ့အချက်နဲ့သာ တိုင်းတာသင့်ကြောင်းလည်းအမျိုးမျိုးပြောဆိုနေကြပါတယ်။ ဒီလိုအခြေအနေအတင် စိုးရိမ်မှုတွေက
ဇာတ်ကားအပေါ်ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

MYit

zawgyi

စလ္မန္းခန္းနဲ႔ ရာရ္မီးကားတို႔ အတူပူးေပါင္း႐ိုက္မယ့္ ႐ုပ္ရွင္ကားမွာအသက္အ႐ြယ္အပိုင္းအျခား ကြာဟမႈေတြေၾကာင့္ ပရိသတ္ေတြၾကားမွာေဝဖန္မႈေတြျမင့္တက္ေနပါတယ္။ဒါ႐ိုက္တာ AR Murugadoss ရဲ႕ ဒီ႐ုပ္ရွင္မွာ အဓိကသ႐ုပ္ေဆာင္ႏွစ္ဦးၾကားကအသက္ကြာ ျခားမႈေၾကာင့္ အင္တာနက္သုံးစြဲသူမ်ားၾကားမွာအေခ်အတင္အျငင္းပြားစရာျဖစ္ခဲ့ပါတယ္။စလ္မန္းခန္းက မင္းသမီး ရာရ္မီးကားထက္ အသက္ ၃၁ႏွစ္ႀကီးေနတာေၾကာင့္ဒီ႐ုပ္ရွင္အေပၚသက္ေရာက္မႈျဖစ္ေစႏိုင္မလားဆိုတာကို အင္တာနက္သုံးစြဲသူေတြမ်ားအျငင္းပြားဖြယ္ျဖစ္ေနၾကတာပါ။

အသက္ငါးဆယ့္ရွစ္ႏွစ္အ႐ြယ္ မင္းသား စလ္မန္းခန္းက အသက္ ႏွစ္ဆယ့္ခုနစ္ႏွစ္သာရွိေသးတဲ့ဇာတ္ေဆာင္မင္းသမီး ရာရ္မီးကားထက္ အသက္ ၃၁ႏွစ္တိတိႀကီးပါတယ္။အေဖနဲ႔သမီးဇာတ္႐ုပ္ျဖစ္ေနတယ္လို႔ လူအမ်ားစုက ေဝဖန္ေနၾကတာလည္းျဖစ္ပါတယ္။ဒီအခ်က္က မင္းသားစလ္မန္းခန္းအဖို႔ ပထမဆုံးေဝဖန္ခံရတာေတာ့ မဟုတ္ပါဘူး။အရင္ကလည္းအလားတူျဖစ္ရပ္မ်ိဳးျဖစ္ခဲ့ၿပီး ေဝဖန္ခံခဲ့ရဖူးပါတယ္။တကယ္ေတာ့အသက္အ႐ြယ္ကအဓိကမဟုတ္ဘဲ ဇာတ္တင္ခန္းေတြမွာ အခ်ိတ္အဆက္မိမိနဲ႔ Chemestry မိမိနဲ႔ဘယ္လိုသ႐ုပ္ ေဆာင္ႏိုင္မလဲဆိုတဲ့အခ်က္နဲ႔သာ တိုင္းတာသင့္ေၾကာင္းလည္းအမ်ိဳးမ်ိဳးေျပာဆိုေနၾကပါတယ္။ ဒီလိုအေျခအေနအတင္ စိုးရိမ္မႈေတြက
ဇာတ္ကားအေပၚဘယ္လိုသက္ေရာက္မႈရွိႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*