မင်းသား Lee Do Hyun က သူ့ရဲ့ "Baeksang Arts Awards" မိန့်ခွန်းမှာ ချစ်သူ Lim Ji Yeon အကြောင်းထည့်ပြောခဲ့

မင်းသားLee Do Hyun က မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုအတွင်း သူ့ရဲ့ ချစ်သူ Lim Ji Yeon ကို ထည့်သွင်းပြောကြားခဲ့အပြီးမှာ အင်တာနက်သုံးစွဲသူတွေကြားမှာ သဘောထားပျော့ပြောင်းလာခဲ့ပါတယ်။သူတို့နှစ်ယောက်က တစ်ယောက်အကြောင်းတစ်ယောက် ပြောဆိုဖို့ ဘယ်တုန်းကမှမကြောက်ခဲ့ကြသလိုပဲ လူအများကြားမှာ သူတို့ရဲ့ ဆက်ဆံရေးက ဘယ်လောက်ထိခိုင်မာနေတယ်ဆိုတာကို ပြ သခဲ့ကြပါတယ်။မေလ 7 ရက်နေ့မှာ Lee Do Hyun နဲ့ Lim Ji Yeon တို့နှစ်ဦးလုံး အကြိမ်ခြောက်ဆယ်မြောက် Baeksang Arts Awards ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ မင်းသားက သူ့ရဲ့ စစ်ဝတ်စုံကို၀တ်ဆင်ထားပြီး Ji Yeon ကတော့ ကြော့ရှင်းတဲ့ အဝါရောင် ၀တ်စုံနဲ့ လှပနေပါတယ်။

အခမ်းအနားအတွင်း Lee Do Hyun က Exhuma ရုပ်ရှင်အတွက်အကောင်းဆုံးမျက်နှာသစ်မင်းသားဆု ရရှိခဲ့ပါတယ်။မိန့်ခွန်းအပြီးမှာတော့ Lee Do Hyun က သူ့မိသားစုအပါအဝင် သူ့အနီးဆုံးသူတွေကိုကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။သူ့မိသားစုတွေကို ကျေး ဇူးတင်စကားပြောအပြီးမှာ လင်ဂျီယွန်းကိုကျေးဇူးတင်စကားပြောကြားခဲ့တာပါ။ သူ့ချစ်သူနာမည်ပြောတဲ့အမူအရာကိုပရိသတ်တွေကြားထဲ ကြည်နူးဖွယ်ရာပြောစကားဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားနဲ့ အဆုံးသတ်လိုက်ချိန်မှာတော့ လူအုပ်ကြီးက အူလှိုက်သည်းလှိုက်အားပေးခဲ့ကြပါတယ်။

MYit

zawgyi



MYit

Be the first to comment

Leave a Reply

Your email address will not be published.


*