စစ်မှုထမ်းပြီးနောက် မတူညီတဲ့ပုံစံနဲ့ တီဗီဖန်သားပြင်ကိုပြန်လည်ရောက်ရှိလာတဲ့ မင်းသား Jang Ki Yong

မင်းသားက လွန်ခဲ့တဲ့နှစ်က စစ်မှုထမ်းတာဝန်ကနေ ပြီးဆုံးခဲ့တာဖြစ်ပြီး သုံးနှစ်အတွင်းမှာပထမဆုံးအကြိမ်အဖြစ် တီဗီဖန်သားပြင်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။ဒီဒရမ်မာအသစ်ဟာ သူ့ရဲ့စစ်မှုထမ်းပြီးနောက်ပိုင်း သူ့ရဲ့ပထမဆုံးပရောဂျက်ဖြစ်တာကြောင့်အာ ရုံစိုက်မှုများစွာရရှိနေပါတယ်။ ပြီးတော့ မင်းသားက သူမတူတဲ့အရာတခုကို ပရိသတ်ကိုပြချင်တယ်လို့ဆိုထားပါတယ်။စစ်မှုထမ်းမတိုင်ခင်က ကွာခြားချက်ကိုမေးတဲ့အခါမှာက သူက “အရင်ကတခုခုကိုလိုက်ဖမ်းနေသလိုမျိုး အမြဲတမ်းစိုးရိမ်ပူပန်နေပေမဲ့ ဒီဒရာမာအတွက်တော့အလုပ်လုပ်ရင်း စိတ်ငြိမ်သက်မှုဆိုတာကို ပထမဆုံးခံစားခဲ့ရတာပါ” လို့ဖြေခဲ့ပါတယ်။

ဒီဒရာမာနဲ့ သူ့လုပ်ငန်းခွင်ကိုပြန်ဝင်ရတဲ့အကြောင်းအရင်းကိုလည်း အခုလိုရှင်းပြခဲ့ပါတယ်။“ဇာတ်ညွှန်းက ပျော်စရာကောင်းတယ်။ မိ သားစုဝင်တွေရှိတဲ့ ဟီးရိုးတယောက်ဖြစ်ရတာစိတ်ဝင်စားစရာကောင်းတယ်။ စစ်မှုထမ်းပြီးနောက် သရုပ်ဆောင်အလုပ်ကိုပြန်လုပ်တဲ့အ ခါမှာမထင်မှတ်ထားတဲ့ သရုပ်ဆောင်မှုတခုကိုပြသချင်ခဲ့တယ်”ဒီစိတ်ကူးယဉ်အချစ်ဇာတ်လမ်းက အမျိုးသမီးတဦးနဲ့တွေ့ဆုံပြီးနောက်
သူရဲ့စူပါပါဝါများဆုံးရှုံးသွားတဲ့ အမျိုးသားတယောက်အကြောင်းဖြစ်ပါတယ်။ webtoon-based စီးရီးကို မေလ ၄ ရက်နေ့တွင် JTBC မှာ ပြသရန် စီစဉ်ထားပါတယ်။

MYit

zawgyi

မင္းသားက လြန္ခဲ့တဲ့ႏွစ္က စစ္မႈထမ္းတာဝန္ကေန ၿပီးဆုံးခဲ့တာျဖစ္ၿပီး သုံးႏွစ္အတြင္းမွာပထမဆုံးအႀကိမ္အျဖစ္ တီဗီဖန္သားျပင္ကို ျပန္လည္ေရာက္ရွိလာတာျဖစ္ပါတယ္။ဒီဒရမ္မာအသစ္ဟာ သူ႔ရဲ႕စစ္မႈထမ္းၿပီးေနာက္ပိုင္း သူ႔ရဲ႕ပထမဆုံးပေရာဂ်က္ျဖစ္တာေၾကာင့္အာ ႐ုံစိုက္မႈမ်ားစြာရရွိေနပါတယ္။ ၿပီးေတာ့ မင္းသားက သူမတူတဲ့အရာတခုကို ပရိသတ္ကိုျပခ်င္တယ္လို႔ဆိုထားပါတယ္။စစ္မႈထမ္းမတိုင္ခင္က ကြာျခားခ်က္ကိုေမးတဲ့အခါမွာက သူက “အရင္ကတခုခုကိုလိုက္ဖမ္းေနသလိုမ်ိဳး အၿမဲတမ္းစိုးရိမ္ပူပန္ေနေပမဲ့ ဒီဒရာမာအတြက္ေတာ့အလုပ္လုပ္ရင္း စိတ္ၿငိမ္သက္မႈဆိုတာကို ပထမဆုံးခံစားခဲ့ရတာပါ” လို႔ေျဖခဲ့ပါတယ္။

ဒီဒရာမာနဲ႔ သူ႔လုပ္ငန္းခြင္ကိုျပန္ဝင္ရတဲ့အေၾကာင္းအရင္းကိုလည္း အခုလိုရွင္းျပခဲ့ပါတယ္။“ဇာတ္ၫႊန္းက ေပ်ာ္စရာေကာင္းတယ္။ မိ သားစုဝင္ေတြရွိတဲ့ ဟီး႐ိုးတေယာက္ျဖစ္ရတာစိတ္ဝင္စားစရာေကာင္းတယ္။ စစ္မႈထမ္းၿပီးေနာက္ သ႐ုပ္ေဆာင္အလုပ္ကိုျပန္လုပ္တဲ့အ ခါမွာမထင္မွတ္ထားတဲ့ သ႐ုပ္ေဆာင္မႈတခုကိုျပသခ်င္ခဲ့တယ္”ဒီစိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းက အမ်ိဳးသမီးတဦးနဲ႔ေတြ႕ဆုံၿပီးေနာက္
သူရဲ႕စူပါပါဝါမ်ားဆုံးရႈံးသြားတဲ့ အမ်ိဳးသားတေယာက္အေၾကာင္းျဖစ္ပါတယ္။ webtoon-based စီးရီးကို ေမလ ၄ ရက္ေန႔တြင္ JTBC မွာ ျပသရန္ စီစဥ္ထားပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*