5 နှစ်အကြာမှာပြိုကွဲသွားတဲ့ Cherry Bullet အဖွဲ့

အမျိုးသမီးအဖွဲ့ဝင် 7 ယောက်ပါဝင်တဲ့ Cherry Bullet အဖွဲ့ဟာ 5 နှစ်အကြာမှာအဖွဲ့ကိုဖျက်သိမ်းဖို့ဆုံးဖြတ်လိုက်ကြပါပြီ။ ဧပြီလ 22 ရက်နေ့မှာပဲ သူတို့ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment က ဒီသတင်းကိုထုတ်ပြန်ခဲ့တာပါ။ Cherry Bullet အဖွဲ့မှာပါဝင်တဲ့ Haeyoon ၊ Jiwon ၊ Remi နဲ့ May တို့က စာချုပ်ဆက်လက်မချုပ်တော့ဘဲ Yuju ၊Bora နဲ့ Chaerin တို့ကတော့ FNC Entertainment နဲ့စာချုပ်ဆက်ချုပ်မှာဖြစ်ပြီး တစ်ဦးချင်းအနုပညာလှုပ်ရှားမှုကိုယ်စီလုပ်ဆောင်ကြမှာဖြစ်ပါတယ်။

အေဂျင်စီက Cherry Bullet ရဲ့ပရိသတ်တွေကိုတောင်းပန်စာရေးသားခဲ့ပြီးကျန်ရှိတဲ့အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့အနုပညာလှုပ်ရှားမှုတွေ၊ ကြိုး စားအားထုတ်မှုတွေကိုဆက်လက်ပြီးတော့အားပေးပါဦးလို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ Cherry Bullet အဖွဲ့ကို 2019 ခုနစ်၊ဇန်နဝါရီလကဖွဲ့စည်းခဲ့ပြီး Let’s Play Cherry Bullet ဆိုတဲ့အယ်လ်ဘမ်နဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။အဖွဲ့စတင်ချိန်မှာ အဖွဲ့ဝင် 10 ယောက်ရှိခဲ့ပေမယ့် 2019 မှာပဲအဖွဲ့ဝင် 3 ယောက်ကထွက်ခွာသွားခဲ့တာပါ။ Cherry Bullet ရဲ့ပေါက်ခဲ့တဲ့သီချင်းတွေကတော့ Love So Sweet ၊ Hands Up ၊ P.O.W စတဲ့သီချင်းတွေပဲ ဖြစ်ပါတယ်။

Ju Ju

zawgyi

အမ်ိဳးသမီးအဖြဲ႕ဝင္ 7 ေယာက္ပါဝင္တဲ့ Cherry Bullet အဖြဲ႕ဟာ 5 ႏွစ္အၾကာမွာအဖြဲ႕ကိုဖ်က္သိမ္းဖို႔ဆုံးျဖတ္လိုက္ၾကပါၿပီ။ ဧၿပီလ 22 ရက္ေန႔မွာပဲ သူတို႔ရဲ႕ေအဂ်င္စီျဖစ္တဲ့ FNC Entertainment က ဒီသတင္းကိုထုတ္ျပန္ခဲ့တာပါ။ Cherry Bullet အဖြဲ႕မွာပါဝင္တဲ့ Haeyoon ၊ Jiwon ၊ Remi နဲ႔ May တို႔က စာခ်ဳပ္ဆက္လက္မခ်ဳပ္ေတာ့ဘဲ Yuju ၊Bora နဲ႔ Chaerin တို႔ကေတာ့ FNC Entertainment နဲ႔စာခ်ဳပ္ဆက္ခ်ဳပ္မွာျဖစ္ၿပီး တစ္ဦးခ်င္းအႏုပညာလႈပ္ရွားမႈကိုယ္စီလုပ္ေဆာင္ၾကမွာျဖစ္ပါတယ္။

ေအဂ်င္စီက Cherry Bullet ရဲ႕ပရိသတ္ေတြကိုေတာင္းပန္စာေရးသားခဲ့ၿပီးက်န္ရွိတဲ့အဖြဲ႕ဝင္တစ္ဦးခ်င္းစီရဲ႕အႏုပညာလႈပ္ရွားမႈေတြ၊ ႀကိဳး စားအားထုတ္မႈေတြကိုဆက္လက္ၿပီးေတာ့အားေပးပါဦးလို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ Cherry Bullet အဖြဲ႕ကို 2019 ခုနစ္၊ဇန္နဝါရီလကဖြဲ႕စည္းခဲ့ၿပီး Let’s Play Cherry Bullet ဆိုတဲ့အယ္လ္ဘမ္နဲ႔ပြဲဦးထြက္ခဲ့တာျဖစ္ပါတယ္။အဖြဲ႕စတင္ခ်ိန္မွာ အဖြဲ႕ဝင္ 10 ေယာက္ရွိခဲ့ေပမယ့္ 2019 မွာပဲအဖြဲ႕ဝင္ 3 ေယာက္ကထြက္ခြာသြားခဲ့တာပါ။ Cherry Bullet ရဲ႕ေပါက္ခဲ့တဲ့သီခ်င္းေတြကေတာ့ Love So Sweet ၊ Hands Up ၊ P.O.W စတဲ့သီခ်င္းေတြပဲ ျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*