သရုပ်ဆောင်ကောင်းတယ်လို့ ကိုရီးယားပရိသတ်တွေရဲ့ချီးကျူးတာခံနေရတဲ့ ကင်မ်ဂျီဝမ်

Queen of Tears (Episode 14) အပြီးမှာတော့ သရုပ်ဆောင်အရမ်းကောင်းတယ်လို့မှတ်ချက်ပေးခံရသူက မင်းသမီးကင်မ်ဂျီဝမ်ပဲဖြစ်ပါတယ်။ Episode 14 ထုတ်လွှင့်ရာမှာသူမရဲ့ငိုကြွေးတဲ့အခန်းက အရမ်းကိုပီပြင်လွန်းပြီးအစစ်လို့တောင်ထင်မိတယ်လို့ ကိုရီးယားပရိသတ်တွေက တုံ့ပြန်ခဲ့ကြတာပါ။
“သူမအရမ်းတော်လာတယ်နော်”
“သရုပ်ဆောင်နေတယ်လို့တောင်မထင်ဘူး၊ တကယ်ဖြစ်ပျက်နေသလိုပဲ”
“သူ့ကိုကြည့်ပြီးကိုယ်ပါလိုက်ငိုမိတယ်” စတဲ့ Comment တွေရေးခဲ့ကြတာပါ။

ကင်မ်ဂျီဝမ်သာ အသက် ၃၁ နှစ်ရှိပြီး အနုပညာသက်တမ်း 14 နှစ်ရှိပြီဖြစ်တဲ့ အနုပညာရှင်တစ်ဦးပါ။သူမဟာ ၂၀၁၃ ခုနစ်မှာ Heirs၊ ၂၀၁၆ ခုနစ်မှာ Descendants of the Sun စတဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေအပြင် Love struck in the city ၊ Fight For My Way ၊ My Liberation Notes စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာခဲ့သူဖြစ်ပါတယ်။ Queen of Tears ဟာ အပိုင်း 16 ပိုင်းပါရှိပြီး ဇာတ်သိမ်းပိုင်းကို ဧပြီလ 28 ရက်နေ့မှာထုတ်လွှင့်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Queen of Tears (Episode 14) အၿပီးမွာေတာ့ သ႐ုပ္ေဆာင္အရမ္းေကာင္းတယ္လို႔မွတ္ခ်က္ေပးခံရသူက မင္းသမီးကင္မ္ဂ်ီဝမ္ပဲျဖစ္ပါတယ္။ Episode 14 ထုတ္လႊင့္ရာမွာသူမရဲ႕ငိုေႂကြးတဲ့အခန္းက အရမ္းကိုပီျပင္လြန္းၿပီးအစစ္လို႔ေတာင္ထင္မိတယ္လို႔ ကိုရီးယားပရိသတ္ေတြက တုံ႔ျပန္ခဲ့ၾကတာပါ။
“သူမအရမ္းေတာ္လာတယ္ေနာ္”
“သ႐ုပ္ေဆာင္ေနတယ္လို႔ေတာင္မထင္ဘူး၊ တကယ္ျဖစ္ပ်က္ေနသလိုပဲ”
“သူ႔ကိုၾကည့္ၿပီးကိုယ္ပါလိုက္ငိုမိတယ္” စတဲ့ Comment ေတြေရးခဲ့ၾကတာပါ။

ကင္မ္ဂ်ီဝမ္သာ အသက္ ၃၁ ႏွစ္ရွိၿပီး အႏုပညာသက္တမ္း 14 ႏွစ္ရွိၿပီျဖစ္တဲ့ အႏုပညာရွင္တစ္ဦးပါ။သူမဟာ ၂၀၁၃ ခုနစ္မွာ Heirs၊ ၂၀၁၆ ခုနစ္မွာ Descendants of the Sun စတဲ့နာမည္ႀကီးဇာတ္လမ္းတြဲေတြအျပင္ Love struck in the city ၊ Fight For My Way ၊ My Liberation Notes စတဲ့ ဇာတ္လမ္းတြဲေတြနဲ႔ နာမည္ရလာခဲ့သူျဖစ္ပါတယ္။ Queen of Tears ဟာ အပိုင္း 16 ပိုင္းပါရွိၿပီး ဇာတ္သိမ္းပိုင္းကို ဧၿပီလ 28 ရက္ေန႔မွာထုတ္လႊင့္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*