ဇွန်လမှာ Solo Album ထွက်ရှိမယ့် Jennie

Black Pink အဖွဲ့ဝင် Jennie အနေနဲ့ သူမရဲ့တစ်ကိုယ်တော်တေးအယ်လ်ဘမ်ကို ဇွန်လမှာထွက်ရှိမယ်လို့မတ်လ 31 ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာတော့ သူမဟာတေးအယ်လ်ဘမ်ထွက်ရှိနိုင်ဖို့အာရုံစိုက်ထားပြီးတစ်ကိုယ်တော်အယ်လ်ဘမ်နဲ့အတူသူမရဲ့တစ် ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုလည်းတစ်ပါတည်းစတင်နိုင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။သူမဟာ 2018 ခုနစ်၊ နိုဝင်ဘာလက ပထမဆုံး Single သီချင်းအဖြစ် Solo ထွက်ရှိခဲ့ဖူးပါတယ်။

2023 ခုနစ်၊ အောက်တိုဘာလမှာတော့ You & Me ဆိုတဲ့ Special Solo တစ်ပုဒ်ထွက်ရှိခဲ့ပါသေးတယ်။အခုထွက်ရှိလာမယ့် တေးအယ်လ်ဘမ်ဟာသူမအတွက် ပထမဆုံးတစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်ပြီးသူမရဲ့ကိုယ်ပိုင်ကုမ္ပဏီဖြစ်တဲ့ OA(Odd Atelier) ကနေထွက်ရှိမှာဖြစ်ပါတယ်။ OA(Odd Atelier) ကိုပြီးခဲ့တဲ့ဒီဇင်ဘာလက တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။သိပ်မကြာခင်မှာပဲသူမရဲ့‌တေးအယ်လ်ဘမ်အသစ်နဲ့ပတ်သက်တဲ့သတင်းတွေထပ်မံကြားသိရဖို့ရှိနေပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*