Zoom Meeting မှာ အဆင်ပြေစေဖို့ သိထားသင့်တဲ့အချက်လေးများ

ရုံးမတက်ရဘဲ အိမ်ကနေပဲအလုပ်တွေလုပ်ရတယ်၊ Zoom လိုမျိုး App တွေသုံးပြီးနေ့တိုင်း Meeting တက်နေရတယ် ဒါမှမဟုတ် နိုင်ငံ တကာမှာရှိတဲ့ရုံးခွဲကဝန်ထမ်းတွေနဲ့တွေ့ဆုံဖို့ Zoom လိုမျိုး App တွေကိုသုံးနေရတယ်ဆိုရင် ကိုယ့်ဘက်ကသိထားသင့်တဲ့အချက်လေးတွေရှိပါတယ်နော်။ဒီအချက်လေးတွေက အရေးမကြီးဘူးလို့ထင်ရပေမယ့်အမှုမဲ့အမှတ်မဲ့နဲ့ချွတ်ချော်သွားတတ်တာလည်းရှိတာမို့ သတိ ထားနိုင်အောင်မျှဝေပေးပါရစေ။

– Video Meeting ဆိုပေမယ့် တကယ့်လုပ်ငန်းခွင်ထဲရောက်နေသလို ကိုယ်က Professional ဆန်ဆန်ပြုမူပြောဆိုသင့်ပါတယ်။ ကိုယ် Meeting တက်မယ့်နေရာဟာ အတတ်နိုင်ဆုံးဆိတ်ငြိမ်တဲ့နေရာဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့နောက်က Background ကိုလည်းဂရုစိုက်ပေးပါ။ နောက်ခံ Background သပ်ရပ်ရှင်းလင်းနေခြင်းက ကိုယ့်ကိုလေးစားမှုတိုးစေပါတယ်။ တကယ်လို့ရုံးခန်းမဟုတ်တဲ့နေရာ ၊ ကိုယ်အ ဆင်ပြေတဲ့နေရာကနေ Meeting တက်ရတဲ့အခါဗီဒီယိုပိတ်ထားခွင့်ပြုဖို့တောင်းဆိုနိုင်ပါတယ်။

– အလုပ်ခွင်ကိုလေးစားတဲ့အနေနဲ့ မိတ်ကပ်ကိုအလွန်အကျူးပြင်ဆင်တာမျိုး၊လည်ပင်းဟိုက်လွန်းတဲ့အကျီတွေဝတ်ဆင်တာမျိုး မလုပ်သင့်ပါဘူး ။ မိန်းကလေးတွေအနေနဲ့အဝတ်အစားဝတ်ဆင်တဲ့နေရာမှာလည်း ကော်လံပါတဲ့အကျီတွေနဲ့ ရုံးတက်အကျီတွဲတွဲအိအိလေးတွေဝတ်ဆင်သင့်ပါတယ်။

– လက်ဝတ်ရတနာ Jewellery တွေကိုလည်း ရမ်းခါနေတဲ့နားဆွဲမျိုးတွေ မဆွဲဘဲသေးသေးလေးနဲ့ရှင်းရှင်းလေးတွေကိုပဲ ဝတ်ဆင်သင့်ပါတယ်နော်။

– Camera ထဲမှာ ကြည့်ကောင်းနေဖို့ ကင်မရာကိုနေရာမှန်ထားတတ်ခြင်းကလည်းအရေးပါပါတယ်။ ကင်မရာကအောက်မှာနိမ့်နေမယ်ဆိုရင် မျက်နှာကြီးကိုပင့်ထားပြီးမေးနှစ်ထပ်၊သုံးထပ်ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာပဲဖြစ်ဖြစ်၊ ဖုန်းပဲဖြစ်ဖြစ်ကိုယ့်မျက်စိနဲ့တစ်တန်းတည်းထားပါ။ စာအုပ်လိုမျိုး၊ ဘူးလိုမျိုးတစ်ခုခုနဲ့ မြင့်သွားအောင်ခုလိုက်ပါ။ ဖုန်း Grip Mount Holder ၊ Cell Phone Holder လေးတွေဆောင်ထားပါ။မျက်နှာလေးသွယ်ချင်တယ်ဆိုရင်တော့ မျက်စိရဲ့အပေါ်နားလေးထိရောက်အောင် မြှင့်ထားလို့ရပါတယ်။

– ကင်မရာကို အရမ်းနိမ့်လွန်း အရမ်းမြင့်လွန်းတာမျိုးမဖြစ်ပါစေနဲ့။

– စကားပြောနေချိန်မှာ မျက်လုံးအကြည့်ကလွဲနေရင်၊ ဒါမှမဟုတ် လူအကုန်လုံးကိုလိုက်ကြည့်မိနေရင် ကိုယ်ကအာရုံမစိုက်ဘူးလို့ထင်ရစေပါတယ်။ ဒါကြောင့် ကင်မရာရဲ့ဘေးမှာစတေကာလေးနဲ့ဖြစ်ဖြစ် အမှတ်အသားလေးလုပ်ထားလိုက်ပါ။ ဒါဆိုရင်တော့ တစ်ဖက်လူနဲ့ Eye Contact ရစေပြီး အဆင်ပြေသွားပါလိမ့်မယ်။

– ကင်မရာထဲမှာ ကြည့်ကောင်းနေဖို့ Lighting ကလည်းအရေးပါပါတယ်။ဒါကြောင့်ပြတင်းပေါက်ကနေ အလင်းစူးစူးကြီးဝင်တာမျိုး၊ ခေါင်းအပေါ်တည့်တည့်ကနေအလင်းရောင်ပေးတာမျိုးရှောင်ပါ။

– မီးဝါဝါ Warm Light လေးကို လက်ပ်တော့နောက်ကနေထားပြီးမျက်နှာကိုအလင်းပေးနိုင်ပါတယ်။ ဒါကလည်း သဘာဝကျတဲ့အလင်း ရောင်ကိုပေးစွမ်းနိုင်ပါတယ်။

– နောက်ဆုံးတစ်ချက်သတိထားသင့်တာက အသံပါ။ အသံကြည်လင်ပြတ်သားစေဖို့မိုက်ကရိုဖုန်းလေးနဲ့ပြောတာကပိုပြီး အဆင်ပြေပါတယ်။ ကိုယ့်ဘက်ကအသံတွေဆူညံနေခဲ့ရင်၊ကိုယ်ပြောရမယ့်အလှည့်မဟုတ်ခဲ့ရင် Mic ကိုပိတ်ထားတာကအကောင်းဆုံးပါပဲ။ဒီအချက်လေးတွေကိုသတိထားလိုက်မယ်ဆိုရင် Video Meeting တိုင်းမှာသပ်ရပ်ကြည့်ကောင်းပြီးအဆင်ပြေနေပါလိမ့်မယ်နော်။

Ju Ju

zawgyi











Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*