လက်နဲ့အသည်းပုံ Sign လုပ်ပြဖို့ငြင်းဆန်လိုက်တဲ့ Ryu Jun Yeol

မင်းသမီး Hyeri နဲ့နှစ်ပေါင်းများစွာကြာအောင်ခိုင်မြဲလာခဲ့တဲ့အချစ်ရေးပြီးဆုံးပြီးနောက်ပိုင်းမကြာသေးခင်က မင်းသမီးဟန်ဆိုဟီးနဲ့ချစ် ကြိုက်နေပြီလို့ သတင်းတွေထွက်လာတဲ့အပေါ် Ryu Jun Yeol က ဘာမှမှတ်ချက်မပေးသေးပါဘူး။ဟန်ဆိုဟီးကတော့ သူ့ရဲ့ Personal Account ကနေ သူမနဲ့ Ryu Jun Yeol ချစ်သူတွေဖြစ်နေပြီလို့ဝန်ခံခဲ့တာဖြစ်ပါတယ်။ မကြာခင်ကလည်း သူတို့နှစ်ဦးဟာ ဟာဝိုင်အီမှာလျှောက်လည်ခဲ့ကြပြီးဒီပုံတွေဟာလည်း လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့ပါတယ်။

မတ်လ 19 ရက်နေ့မှာတော့ မင်းသား Ryu Jun Yeol ဟာ ဆိုးလ်မှာပြုလုပ်တဲ့ Ralph Lauren 2024 Presentation ကိုတက်ရောက်ခဲ့ပြီး လူအများရှေ့ကိုပထမဆုံးအကြိမ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို Jung Woo Sung ၊ Lee Jin Wook ၊ Kim Woo Bin ၊ Ryu Jun Yeol ၊ Lee Som နဲ့Lee Ho Jung တို့တက်ရောက်ခဲ့ကြတာပါ။ Ryu Jun Yeol ကတော့ သူ့ရဲ့အချစ်ရေးအပေါ်နှုတ်ဆိတ်နေဆဲဖြစ်ပြီး ဓာတ်ပုံရိုက်ချိန်မီဒီယာတွေကသူ့ကိုလက်နဲ့အသဲပုံ Sign လုပ်ခိုင်းတဲ့အခါ သူကပြုလုပ်ဖို့ငြင်းဆန်ခဲ့တယ်လို့သိရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*