အရောင်ကျွမ်းကျင်သူတွေပြောပြတဲ့ အင်တာဗျူးဖြေချိန်ဝတ်သွားသင့်တဲ့ အရောင် 6 ရောင်

နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ Business Insider အနေနဲ့ အလုပ်အင်တာဗျူးဖြေတဲ့အချိန်မှာဘာအရောင်တွေဝတ်ဆင်သင့်လဲဆိုတာကို အရောင်ကျွမ်းကျင်သူနှစ်ဦးကို မေးမြန်းခဲ့ကြပါတယ်။ Color Expert တွေပြောပြတဲ့ အလုပ်အင်တာဗျူးအတွက်အလိုက်ဖက်အသင့်တော်ဆုံးအရောင်တွေအကြောင်းကိုသူတို့ရဲ့အားသာချက်တွေနဲ့တကွဖော်ပြပေးလိုက်ပါတယ်။

ပေါ့ပါးသွက်လက်စေတဲ့ပန်းရောင်ဖျော့
ကိုယ်တိုင်သာမက အင်တာဗျူးမေးသူကိုရော ပေါ့ပေါ့ပါးပါးဖြစ်စေချင်တဲ့အခါပန်းရောင်ဝတ်ဆင်တာက အကောင်းဆုံးဖြစ်ပါတယ်လို့ Color911 app ကိုဖန်တီးသူ၊အရောင်ကျွမ်းကျင်သူလည်းဖြစ်တဲ့ Amy Wax ကပြောပါတယ်။ စကားပြောဆိုရအဆင်ပြေတယ်၊ပေါ့ပေါ့ ပါးပါးသွက်သွက်လက်လက်ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးကို ပန်းရောင်ကပေးစွမ်းနိုင်ပါတယ်။ပန်းရောင်ဆိုတဲ့နေရာမှာ အရောင်တောက် တောက်တွေ၊ ပန်းဆီရောင်တွေမဟုတ်ဘဲပန်း‌ရောင်ဖျော့ဖျော့လေးကိုရွေးချယ်သင့်ပါတယ်။

ယုံကြည်ဖွယ်ရာကောင်းစေတဲ့အပြာရောင်
Amy Wax ရဲ့အဆိုအရ အပြာရောင်ဟာ ယုံကြည်စရာ၊ အားကိုးစရာကောင်းတဲ့ခံစားမှုကိုပေးတယ်လို့သိရပါတယ်။ ဒီအရောင်က Relax ဖြစ်တဲ့ခံစားချက်ကိုလည်းရစေပါတယ်။ မီးခိုးပြာရောင်အနုနဲ့နက်ပြာတို့ကို တွဲဖက်ဝတ်ဆင်တာမျိုးက ပိုလိုက်ဖက်ပါတယ်။

စိတ်စွမ်းအားကိုဖော်ညွှန်းတဲ့ခရမ်းရောင်
ကိုယ်က စိတ်ချင်းနီးစပ်ဆက်နွယ်ပြီး Deep Relationship ကိုရချင်တဲ့အခါ ခရမ်းရောင်ကိုရွေးချယ်ပါလို့ The Colour Cure ကိုတည် ထောင်သူ Michelle Lewis ကပြောထားပါတယ်။ Therapy Office ၊ Yoga Studio လိုနေရာမျိုးတွေမှာအလုပ်လျှောက်တဲ့အခါ ဒါမှမဟုတ်ဘာသာရေးနဲ့ဆက်နွယ်တဲ့နေရာမျိုးတွေမှာအလုပ်လျှောက်တဲ့အခါခရမ်းရောင်ကိုဝတ်ဆင်သင့်တယ်လို့ဆိုပါတယ်။

တည်မြဲခြင်းရဲ့ပြယုဂ်-အစိမ်းရောင်
အစိမ်းရောင်က မှီခိုလိုတဲ့သဘောဆောင်ပါတယ်။ အလုပ်တစ်ခုမှာ ကြာကြာလုပ်မယ်၊မြဲမြံလိမ့်မယ်ဆိုတဲ့ ခံစားချက်မျိုးကိုရစေပါတယ်။ ဒါ့ကြောင့် ကုမ္ပဏီအလုပ်တွေလျှောက်တဲ့အခါအစိမ်းကိုရွေးဝတ်သင့်ပါတယ်။ နောက်တစ်ချက်က အစိမ်းရောင်ဟာကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုရှိတဲ့ပုံပေါက်စေပါတယ်။

နွေးထွေးမှုကိုပေးတဲ့ငါးပိရောင်
နွေးထွေးပြီးတည်ငြိမ်တဲ့ပုံစံပေါက်ချင်ရင် ငါးပိရောင်လို့ဆိုနိုင်မယ့် Dark gray-brown အရောင်မျိုးကိုရွေးချယ်နိုင်ပါတယ်။ စဉ်းစားဉာဏ်ရှိပြီးတည်ငြိမ်အေးဆေးသူကိုရှာနေတဲ့အလုပ်မျိုးမှာဒီလိုအရောင်ဝတ်ပြီး အင်တာဗျူးသွားဖြေတာကသင့်တော်ပါတယ်။

အကောင်းမြင်စိတ်ရှိခြင်းကိုဖော်ညွှန်းတဲ့ အဝါရောင်
ဖော်ရွေတဲ့ ပျော်ရွှင်မှုရှိတဲ့ခံစားချက်ကိုပေးစွမ်းတာက အဝါရောင်ဖြစ်ပါတယ်။ ဒါ့အပြင် Creative ဖြစ်တဲ့ပုံလည်းပေါက်စေပါတယ်။ လုပ်ငန်းခွင်ကို အချစ်တွေ၊ အပျော်တွေသယ်ဆောင်လာစေချင်တဲ့အလုပ်အင်တာဗျူးမျိုးအတွက်တော့ အဝါရောင်လေးဝတ်သွားတာက အသင့်တော်ဆုံးဖြစ်ပါတယ်။အဝတ်အစားဆိုတာဟာလူတစ်ယောက်ရဲ့ အောင်မြင်မှုအတွက်တစ်စိတ်တစ်ပိုင်းအရေးပါတယ်ဆိုတာ
လက်မခံချင်လည်း လက်ခံရဦးမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အရောင်တွေရဲ့ညှို့နိုင်စွမ်းကိုလည်းမေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်လည်း အ လုပ်အင်တာဗျူးအတွက် မှန်ကန်တဲ့ဝတ်စားပြင်ဆင်မှု၊မှန်ကန်တဲ့အရောင်ရွေးချယ်မှုတွေကို ပြုလုပ်နိုင်ကြပါစေနော်။

Ju Ju

zawgyi

နာမည္ႀကီးမီဒီယာတစ္ခုျဖစ္တဲ့ Business Insider အေနနဲ႔ အလုပ္အင္တာဗ်ဴးေျဖတဲ့အခ်ိန္မွာဘာအေရာင္ေတြဝတ္ဆင္သင့္လဲဆိုတာကို အေရာင္ကြၽမ္းက်င္သူႏွစ္ဦးကို ေမးျမန္းခဲ့ၾကပါတယ္။ Color Expert ေတြေျပာျပတဲ့ အလုပ္အင္တာဗ်ဴးအတြက္အလိုက္ဖက္အသင့္ေတာ္ဆုံးအေရာင္ေတြအေၾကာင္းကိုသူတို႔ရဲ႕အားသာခ်က္ေတြနဲ႔တကြေဖာ္ျပေပးလိုက္ပါတယ္။

ေပါ့ပါးသြက္လက္ေစတဲ့ပန္းေရာင္ေဖ်ာ့
ကိုယ္တိုင္သာမက အင္တာဗ်ဴးေမးသူကိုေရာ ေပါ့ေပါ့ပါးပါးျဖစ္ေစခ်င္တဲ့အခါပန္းေရာင္ဝတ္ဆင္တာက အေကာင္းဆုံးျဖစ္ပါတယ္လို႔ Color911 app ကိုဖန္တီးသူ၊အေရာင္ကြၽမ္းက်င္သူလည္းျဖစ္တဲ့ Amy Wax ကေျပာပါတယ္။ စကားေျပာဆိုရအဆင္ေျပတယ္၊ေပါ့ေပါ့ ပါးပါးသြက္သြက္လက္လက္ျဖစ္တယ္ဆိုတဲ့ ပုံစံမ်ိဳးကို ပန္းေရာင္ကေပးစြမ္းႏိုင္ပါတယ္။ပန္းေရာင္ဆိုတဲ့ေနရာမွာ အေရာင္ေတာက္ ေတာက္ေတြ၊ ပန္းဆီေရာင္ေတြမဟုတ္ဘဲပန္း‌ေရာင္ေဖ်ာ့ေဖ်ာ့ေလးကိုေ႐ြးခ်ယ္သင့္ပါတယ္။

ယုံၾကည္ဖြယ္ရာေကာင္းေစတဲ့အျပာေရာင္
Amy Wax ရဲ႕အဆိုအရ အျပာေရာင္ဟာ ယုံၾကည္စရာ၊ အားကိုးစရာေကာင္းတဲ့ခံစားမႈကိုေပးတယ္လို႔သိရပါတယ္။ ဒီအေရာင္က Relax ျဖစ္တဲ့ခံစားခ်က္ကိုလည္းရေစပါတယ္။ မီးခိုးျပာေရာင္အႏုနဲ႔နက္ျပာတို႔ကို တြဲဖက္ဝတ္ဆင္တာမ်ိဳးက ပိုလိုက္ဖက္ပါတယ္။

စိတ္စြမ္းအားကိုေဖာ္ၫႊန္းတဲ့ခရမ္းေရာင္
ကိုယ္က စိတ္ခ်င္းနီးစပ္ဆက္ႏြယ္ၿပီး Deep Relationship ကိုရခ်င္တဲ့အခါ ခရမ္းေရာင္ကိုေ႐ြးခ်ယ္ပါလို႔ The Colour Cure ကိုတည္ ေထာင္သူ Michelle Lewis ကေျပာထားပါတယ္။ Therapy Office ၊ Yoga Studio လိုေနရာမ်ိဳးေတြမွာအလုပ္ေလွ်ာက္တဲ့အခါ ဒါမွမဟုတ္ဘာသာေရးနဲ႔ဆက္ႏြယ္တဲ့ေနရာမ်ိဳးေတြမွာအလုပ္ေလွ်ာက္တဲ့အခါခရမ္းေရာင္ကိုဝတ္ဆင္သင့္တယ္လို႔ဆိုပါတယ္။

တည္ၿမဲျခင္းရဲ႕ျပယုဂ္-အစိမ္းေရာင္
အစိမ္းေရာင္က မွီခိုလိုတဲ့သေဘာေဆာင္ပါတယ္။ အလုပ္တစ္ခုမွာ ၾကာၾကာလုပ္မယ္၊ၿမဲၿမံလိမ့္မယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကိုရေစပါတယ္။ ဒါ့ေၾကာင့္ ကုမၸဏီအလုပ္ေတြေလွ်ာက္တဲ့အခါအစိမ္းကိုေ႐ြးဝတ္သင့္ပါတယ္။ ေနာက္တစ္ခ်က္က အစိမ္းေရာင္ဟာကိုယ့္ကိုယ့္ကိုယ္ယုံၾကည္မႈရွိတဲ့ပုံေပါက္ေစပါတယ္။

ေႏြးေထြးမႈကိုေပးတဲ့ငါးပိေရာင္
ေႏြးေထြးၿပီးတည္ၿငိမ္တဲ့ပုံစံေပါက္ခ်င္ရင္ ငါးပိေရာင္လို႔ဆိုႏိုင္မယ့္ Dark gray-brown အေရာင္မ်ိဳးကိုေ႐ြးခ်ယ္ႏိုင္ပါတယ္။ စဥ္းစားဉာဏ္ရွိၿပီးတည္ၿငိမ္ေအးေဆးသူကိုရွာေနတဲ့အလုပ္မ်ိဳးမွာဒီလိုအေရာင္ဝတ္ၿပီး အင္တာဗ်ဴးသြားေျဖတာကသင့္ေတာ္ပါတယ္။

အေကာင္းျမင္စိတ္ရွိျခင္းကိုေဖာ္ၫႊန္းတဲ့ အဝါေရာင္
ေဖာ္ေ႐ြတဲ့ ေပ်ာ္႐ႊင္မႈရွိတဲ့ခံစားခ်က္ကိုေပးစြမ္းတာက အဝါေရာင္ျဖစ္ပါတယ္။ ဒါ့အျပင္ Creative ျဖစ္တဲ့ပုံလည္းေပါက္ေစပါတယ္။ လုပ္ငန္းခြင္ကို အခ်စ္ေတြ၊ အေပ်ာ္ေတြသယ္ေဆာင္လာေစခ်င္တဲ့အလုပ္အင္တာဗ်ဴးမ်ိဳးအတြက္ေတာ့ အဝါေရာင္ေလးဝတ္သြားတာက အသင့္ေတာ္ဆုံးျဖစ္ပါတယ္။အဝတ္အစားဆိုတာဟာလူတစ္ေယာက္ရဲ႕ ေအာင္ျမင္မႈအတြက္တစ္စိတ္တစ္ပိုင္းအေရးပါတယ္ဆိုတာ
လက္မခံခ်င္လည္း လက္ခံရဦးမွာပဲျဖစ္ပါတယ္။ ဒါ့အျပင္ အေရာင္ေတြရဲ႕ညႇိဳ႕ႏိုင္စြမ္းကိုလည္းေမ့ထားလို႔မရပါဘူး။ ဒါ့ေၾကာင့္လည္း အ လုပ္အင္တာဗ်ဴးအတြက္ မွန္ကန္တဲ့ဝတ္စားျပင္ဆင္မႈ၊မွန္ကန္တဲ့အေရာင္ေ႐ြးခ်ယ္မႈေတြကို ျပဳလုပ္ႏိုင္ၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*