ကိုရီးယားမှာအလှဆုံး မင်းသမီးအဖြစ်ဂျပန်တွေက Vote ပေးကြတဲ့ ကင်မ်ယူဂျောင်

အသက် ၂၀ အရွယ်ကိုရီးယားသရုပ်ဆောင် မင်းသမီးတွေထဲမှာ ဘယ်သူကအလှဆုံးလို့ထင်ပါသလဲ။ဂျပန်ပရိသတ်တွေကတော့ အသက် ၂၀ အရွယ်တွေကြားမှာ ကင်မ်ယူဂျောင်အလှဆုံးလို့ Vote တွေပေးခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမဲပေး‌ရွေးချယ်မှုကို Japanese Ranking Site ဖြစ်တဲ့ Rankingoo ကပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၀ အရွယ်တုန်းက ဘယ်မင်းသမီးတွေကအလှဆုံးလဲဆိုတဲ့ မေးခွန်းကိုမေးခဲ့ကြတာပါ။ Voting Results အရအလှဆုံးတွေထဲမှာ ကင်မ်ယူဂျောင်ပြီးရင် ဟန်ဆိုဟီး၊ တတိယနေရာမှာ Suzy က နေရာယူထားတယ်လို့ဆိုပါတယ်။

ကင်မ်ယူဂျောင်ဟာ Love in the Moonlight ဇာတ်လမ်းတွဲနဲ့ဂျပန်ပရိသတ်တွေကြား နာမည်ရလာခဲ့ပြီး နောက်ဆုံးထွက်ရှိထားတဲ့ My Demon ကားနဲ့လည်း တော်တော်လေးပေါ်ပြူလာဖြစ်လာခဲ့သူပါ။ဒီဇာတ်လမ်းတွဲနဲ့ သူမဟာသရုပ်ဆောင်ဆု၊ Best Couple ဆုတွေကိုရရှိခဲ့ပါတယ်။သူမပါဝင်ထားတဲ့ Chicken Nugget ဆိုတဲ့ဇာတ်လမ်းတွဲဟာလည်း မတ်လ (၁၅) ရက်နေ့မှာ ထွက်ရှိမယ်လို့သိရပါတယ်။
Chicken Nugget ကို Netflix က ထုတ်လုပ်တာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*