Oppenheimer ရုပ်ရှင်အပြီးမှာနာမည်ကြီးလာတဲ့ Einstein and The Bomb

Netflix ရဲ့ Documentary အသစ်ဖြစ်တဲ့ Einstein and The Bomb ဟာ လက်ရှိမှာ စိတ်ဝင်စားသူများပြီးနာမည်ကြီးနေတယ်လို့ သိရပါတယ်။ ဒရာမာနဲ့ဖြစ်ရပ်မှန်မှတ်တမ်းရောထားတဲ့ ဒီမှတ်တမ်းရုပ်ရှင်ထဲကဇာတ်ကွက်တွေကိုလူတွေက စိတ်ဝင်တစားရှိနေကြတာဖြစ်ပါတယ်။ Einstein and The Bomb ဟာ သီအိုရီကျွမ်းကျင်သူရူပဗေဒပညာရှင်တစ်ဦးနဲ့ Atomic Bomb အကြားရှုပ်ထွေးတဲ့ဆက်နွယ်မှုတွေကို တင်ဆင်ထားတာဖြစ်ပါတယ်။ Docudrama အဖြစ်နဲ့ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်မှာ အိုင်းစတိုင်းကကိုယ်တိုင်ဇာတ်ကြောင်းပြောတဲ့ပုံနဲ့တင်ဆက်ထားပြီးဒါရိုက်တာကတော့ Anthony Philipson ဖြစ်ပါတယ်။

အဲလ်ဘတ်အိုင်းစတိုင်းအဖြစ် Aidan McArdle ကသရုပ်ဆောင်ပြီး အိုင်းစတိုင်းသက်ရှိထင်ရှားရှိစဉ်ကဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းတွေအ များကြီးရောနှောပါဝင်မှာဖြစ်ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာအဲလ်ဘတ်အိုင်းစတိုင်းရဲ့ဘဝကိုတင်ပြထားပြီး သူရေးခဲ့တဲ့ သူပြောခဲ့တဲ့စကားတွေကနေဒီရုပ်ရှင်ကိုဖန်တီးထားတာဖြစ်ပါတယ်။ ဒါ့အပြင် နာဇီဂျာမနီနဲ့အိုင်းစတိုင်းရဲ့အကြားကဆက်နွယ်မှုတွေကိုလည်းထည့် သွင်းဖော်ပြထားပါတယ်။ Einstein and The Bomb Documentary ကို Netflix မှာစတင်ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။

Ju Ju

zawgyi

Netflix ရဲ႕ Documentary အသစ္ျဖစ္တဲ့ Einstein and The Bomb ဟာ လက္ရွိမွာ စိတ္ဝင္စားသူမ်ားၿပီးနာမည္ႀကီးေနတယ္လို႔ သိရပါတယ္။ ဒရာမာနဲ႔ျဖစ္ရပ္မွန္မွတ္တမ္းေရာထားတဲ့ ဒီမွတ္တမ္း႐ုပ္ရွင္ထဲကဇာတ္ကြက္ေတြကိုလူေတြက စိတ္ဝင္တစားရွိေနၾကတာျဖစ္ပါတယ္။ Einstein and The Bomb ဟာ သီအိုရီကြၽမ္းက်င္သူ႐ူပေဗဒပညာရွင္တစ္ဦးနဲ႔ Atomic Bomb အၾကားရႈပ္ေထြးတဲ့ဆက္ႏြယ္မႈေတြကို တင္ဆင္ထားတာျဖစ္ပါတယ္။ Docudrama အျဖစ္နဲ႔႐ိုက္ကူးထားတဲ့ ဒီ႐ုပ္ရွင္မွာ အိုင္းစတိုင္းကကိုယ္တိုင္ဇာတ္ေၾကာင္းေျပာတဲ့ပုံနဲ႔တင္ဆက္ထားၿပီးဒါ႐ိုက္တာကေတာ့ Anthony Philipson ျဖစ္ပါတယ္။

အဲလ္ဘတ္အိုင္းစတိုင္းအျဖစ္ Aidan McArdle ကသ႐ုပ္ေဆာင္ၿပီး အိုင္းစတိုင္းသက္ရွိထင္ရွားရွိစဥ္ကဗီဒီယို၊ ဓာတ္ပုံမွတ္တမ္းေတြအ မ်ားႀကီးေရာေႏွာပါဝင္မွာျဖစ္ပါတယ္။ ဒီမွတ္တမ္း႐ုပ္ရွင္ဟာအဲလ္ဘတ္အိုင္းစတိုင္းရဲ႕ဘဝကိုတင္ျပထားၿပီး သူေရးခဲ့တဲ့ သူေျပာခဲ့တဲ့စကားေတြကေနဒီ႐ုပ္ရွင္ကိုဖန္တီးထားတာျဖစ္ပါတယ္။ ဒါ့အျပင္ နာဇီဂ်ာမနီနဲ႔အိုင္းစတိုင္းရဲ႕အၾကားကဆက္ႏြယ္မႈေတြကိုလည္းထည့္ သြင္းေဖာ္ျပထားပါတယ္။ Einstein and The Bomb Documentary ကို Netflix မွာစတင္ၾကည့္ရႈႏိုင္ၿပီျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*