အောင်မြင်မှုရဖို့ Talent ရှိရုံနဲ့လုံလောက်ပြီလား

Man holding book with a human glowing brain.

Talent ဆိုတာမိမိနဲ့အတူမွေးဖွားလာတဲ့အရာ၊ ဘုရားကပေးတဲ့လက်ဆောင်လို့လည်းဆိုနိုင်ပါတယ်။အားကစားနယ်ပယ်က ကြယ်ပွင့်တွေ၊ အသက်ငယ်ငယ်လေးနဲ့ လူကြီးတွေ လက်ဖျားခါလောက်အောင်တီးပြနိုင်တဲ့စန္ဒရားပညာရှင်လေးတွေ၊ စာကိုတစ်ချက်လေးပဲကြည့်ပြီးအမှတ်ပြည့်ရအောင်ဖြေနိုင်တဲ့ဉာဏ်ကြီးရှင်လေးတွေ ဒါတွေကထူးခြားတဲ့ပါရမီတွေနဲ့မွေးဖွားလာသူတွေဖြစ်ပါတယ်။အလုပ်လုပ်တဲ့နေရာမှာ၊ တစ်ခုခုကိုအောင်မြင်အောင်လုပ်တဲ့နေရာမှာ Talent ရှိရုံနဲ့အောင်မြင်နိုင်လားဆိုတဲ့အရာက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အ ဖြေကလည်းလွယ်ကူရိုးရှင်းပါတယ်။ ကြိုးစားမှုနဲ့ ဇွဲရှိမှုမပါဘဲ အောင်မြင်မှုကိုရယူနိုင်ဖို့ခက်တယ်ဆိုတာပါပဲ။အရည်အချင်းတစ်ခုကိုအားကိုးတာက အချိန်အတိုင်းအတာတစ်ခုအထိနေရာတစ်ခုမှာရပ်တည်နိုင်အောင် ဆွဲခေါ်ပေးနိုင်တာမှန်ပေမယ့် ဇွဲရှိသူနဲ့ကြိုးစားမှုရှိသူ၊
အမြဲတမ်းလေ့လာသင်ယူနေသူကသာ အဆုံးမှာအောင်မြင်မှုကိုရရှိနိုင်တာဖြစ်ပါတယ်။ သွေး၊ချွေးနဲ့ရင်းပြီးကြိုးစားရယူခဲ့ရတဲ့အောင်မြင်မှုကသာကိုယ့်ကိုအမှန်တကယ်ကျေနပ်ဂုဏ်ယူစေမှာဖြစ်ပါတယ်။

ဘတ်စကစ်ဘောသမား ဂျရမီလင်းကိုကြည့်မယ်ဆိုရင်သူဟာ အားကစားသမားပုံမပေါက်ဘူး၊အားနည်းတယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ အသင်းတွေအများကြီးဆီကနေပယ်ချခံခဲ့ရသူဖြစ်ပါတယ်။ဒါပေမဲ့ သူ့ရဲ့အမြဲတမ်းလေ့ကျင့်နေမှုဆိုတဲ့လုပ်ရပ်က New York Knicks မှာပါဝင်ခွင့်ရတဲ့အချိန်မှာပြိုင်ဘက်တွေကိုအပြတ်ကျော်လွှားနိုင်ပြီးကြယ်တစ်ပွင့်အဖြစ်တောက်ပလာတဲ့အကျိုးကိုပေးစွမ်းလိုက်တာ ဖြစ်ပါတယ်။ဒီလိုကြိုးစားမှုရဲ့နောက်တဆင့်မှာရှိနေတာကတော့ စဥ်ဆက်မပြတ်လေ့လာသင်ယူနေမှုဖြစ်ပါတယ်။ငါကြိုးစားရင်ရနိုင်တယ်၊ ငါသင်ယူလေ့လာရင်တတ်မြောက်မှာပဲဆိုတဲ့စိတ်ကအောင်မြင်မှုကိုအရှိန်တင်ပေးမယ့် အရာဖြစ်ပါတယ်။ ငါတတ်မြောက်သွားပြီဆိုပြီး
သင်ယူလေ့လာခြင်းကိုရပ်တန့်လိုက်တဲ့အချိန်ဟာ ကျရှုံးတဲ့အချိန်ပဲလို့ပြောတာ ကြားဖူးကြမှာပါ။လူတစ်ယောက်ဟာ ဘယ်အခြေအနေမှာဖြစ်ဖြစ် သင်ယူလေ့လာချင်စိတ်ရှိနေရင်တစ်နည်းနည်းနဲ့အဆင်ပြေအောင်မြင်လာဦးမှာဖြစ်ပါတယ်။ သင်ယူလိုမှုနဲ့နှိမ့်ချတတ်မှုဟာ
လူတွေကိုအခက်အခဲတွေကနေ ရုန်းထွက်နိုင်စေပါတယ်။

အောင်မြင်မှုဆီကိုသွားတဲ့လမ်းဟာ အမြဲတမ်းလွယ်ကူချောမွေ့နေမှာမဟုတ်တာတော့သေချာပါတယ်။ဒီလိုခရီးမှာ Talent တစ်ခုတည်းသယ်ပြီးပြေးရုံနဲ့တော့ အဆုံးထိရောက်မှာမဟုတ်ပါဘူး။ဘယ်လိုအောင်မြင်မှုမျိုးမဆို ဇွဲရှိခြင်း၊ကြံ့ကြံ့ခံနိုင်ခြင်းဆိုတဲ့အရာတွေမရှိဘဲနဲ့မရနိုင်တာသေချာပါတယ်။ခံနိုင်ရည်ရှိဖို့၊ ဇွဲရှိဖို့ကိုကလေးဘဝကတည်းက တည်ဆောက်ပေးရမှာဖြစ်သလိုအရှုံးတွေကိုလောင်စာဆီလိုသ ဘောထားပြီး ပြန်နိုးထတတ်ဖို့ကိုလည်းသင်ကြားပေးထားရမှာဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် Talent ကိုပဲအားကိုးမနေဘဲ ကြိုးစားမှု၊စဥ်ဆက်မပြတ် လေ့လာသင်ယူနေမှု၊ ဇွဲရှိမှုဆိုတဲ့အရာတွေကိုပါလုပ်ဆောင်နိုင်မှ တကယ့်အောင်မြင်မှုဆီ
မြန်မြန်ဆန်ဆန်ရောက်ရှိမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Talent ဆိုတာမိမိနဲ႔အတူေမြးဖြားလာတဲ့အရာ၊ ဘုရားကေပးတဲ့လက္ေဆာင္လို႔လည္းဆိုႏိုင္ပါတယ္။အားကစားနယ္ပယ္က ၾကယ္ပြင့္ေတြ၊ အသက္ငယ္ငယ္ေလးနဲ႔ လူႀကီးေတြ လက္ဖ်ားခါေလာက္ေအာင္တီးျပႏိုင္တဲ့စႏၵရားပညာရွင္ေလးေတြ၊ စာကိုတစ္ခ်က္ေလးပဲၾကည့္ၿပီးအမွတ္ျပည့္ရေအာင္ေျဖႏိုင္တဲ့ဉာဏ္ႀကီးရွင္ေလးေတြ ဒါေတြကထူးျခားတဲ့ပါရမီေတြနဲ႔ေမြးဖြားလာသူေတြျဖစ္ပါတယ္။အလုပ္လုပ္တဲ့ေနရာမွာ၊ တစ္ခုခုကိုေအာင္ျမင္ေအာင္လုပ္တဲ့ေနရာမွာ Talent ရွိ႐ုံနဲ႔ေအာင္ျမင္ႏိုင္လားဆိုတဲ့အရာက စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ အ ေျဖကလည္းလြယ္ကူ႐ိုးရွင္းပါတယ္။ ႀကိဳးစားမႈနဲ႔ ဇြဲရွိမႈမပါဘဲ ေအာင္ျမင္မႈကိုရယူႏိုင္ဖို႔ခက္တယ္ဆိုတာပါပဲ။အရည္အခ်င္းတစ္ခုကိုအားကိုးတာက အခ်ိန္အတိုင္းအတာတစ္ခုအထိေနရာတစ္ခုမွာရပ္တည္ႏိုင္ေအာင္ ဆြဲေခၚေပးႏိုင္တာမွန္ေပမယ့္ ဇြဲရွိသူနဲ႔ႀကိဳးစားမႈရွိသူ၊
အၿမဲတမ္းေလ့လာသင္ယူေနသူကသာ အဆုံးမွာေအာင္ျမင္မႈကိုရရွိႏိုင္တာျဖစ္ပါတယ္။ ေသြး၊ေခြၽးနဲ႔ရင္းၿပီးႀကိဳးစားရယူခဲ့ရတဲ့ေအာင္ျမင္မႈကသာကိုယ့္ကိုအမွန္တကယ္ေက်နပ္ဂုဏ္ယူေစမွာျဖစ္ပါတယ္။

ဘတ္စကစ္ေဘာသမား ဂ်ရမီလင္းကိုၾကည့္မယ္ဆိုရင္သူဟာ အားကစားသမားပုံမေပါက္ဘူး၊အားနည္းတယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြနဲ႔ အသင္းေတြအမ်ားႀကီးဆီကေနပယ္ခ်ခံခဲ့ရသူျဖစ္ပါတယ္။ဒါေပမဲ့ သူ႔ရဲ႕အၿမဲတမ္းေလ့က်င့္ေနမႈဆိုတဲ့လုပ္ရပ္က New York Knicks မွာပါဝင္ခြင့္ရတဲ့အခ်ိန္မွာၿပိဳင္ဘက္ေတြကိုအျပတ္ေက်ာ္လႊားႏိုင္ၿပီးၾကယ္တစ္ပြင့္အျဖစ္ေတာက္ပလာတဲ့အက်ိဳးကိုေပးစြမ္းလိုက္တာ ျဖစ္ပါတယ္။ဒီလိုႀကိဳးစားမႈရဲ႕ေနာက္တဆင့္မွာရွိေနတာကေတာ့ စဥ္ဆက္မျပတ္ေလ့လာသင္ယူေနမႈျဖစ္ပါတယ္။ငါႀကိဳးစားရင္ရႏိုင္တယ္၊ ငါသင္ယူေလ့လာရင္တတ္ေျမာက္မွာပဲဆိုတဲ့စိတ္ကေအာင္ျမင္မႈကိုအရွိန္တင္ေပးမယ့္ အရာျဖစ္ပါတယ္။ ငါတတ္ေျမာက္သြားၿပီဆိုၿပီး
သင္ယူေလ့လာျခင္းကိုရပ္တန႔္လိုက္တဲ့အခ်ိန္ဟာ က်ရႈံးတဲ့အခ်ိန္ပဲလို႔ေျပာတာ ၾကားဖူးၾကမွာပါ။လူတစ္ေယာက္ဟာ ဘယ္အေျခအေနမွာျဖစ္ျဖစ္ သင္ယူေလ့လာခ်င္စိတ္ရွိေနရင္တစ္နည္းနည္းနဲ႔အဆင္ေျပေအာင္ျမင္လာဦးမွာျဖစ္ပါတယ္။ သင္ယူလိုမႈနဲ႔ႏွိမ့္ခ်တတ္မႈဟာ
လူေတြကိုအခက္အခဲေတြကေန ႐ုန္းထြက္ႏိုင္ေစပါတယ္။

ေအာင္ျမင္မႈဆီကိုသြားတဲ့လမ္းဟာ အၿမဲတမ္းလြယ္ကူေခ်ာေမြ႕ေနမွာမဟုတ္တာေတာ့ေသခ်ာပါတယ္။ဒီလိုခရီးမွာ Talent တစ္ခုတည္းသယ္ၿပီးေျပး႐ုံနဲ႔ေတာ့ အဆုံးထိေရာက္မွာမဟုတ္ပါဘူး။ဘယ္လိုေအာင္ျမင္မႈမ်ိဳးမဆို ဇြဲရွိျခင္း၊ႀကံ့ႀကံ့ခံႏိုင္ျခင္းဆိုတဲ့အရာေတြမရွိဘဲနဲ႔မရႏိုင္တာေသခ်ာပါတယ္။ခံႏိုင္ရည္ရွိဖို႔၊ ဇြဲရွိဖို႔ကိုကေလးဘဝကတည္းက တည္ေဆာက္ေပးရမွာျဖစ္သလိုအရႈံးေတြကိုေလာင္စာဆီလိုသ ေဘာထားၿပီး ျပန္ႏိုးထတတ္ဖို႔ကိုလည္းသင္ၾကားေပးထားရမွာျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ကေလးပဲျဖစ္ျဖစ္ လူႀကီးပဲျဖစ္ျဖစ္ Talent ကိုပဲအားကိုးမေနဘဲ ႀကိဳးစားမႈ၊စဥ္ဆက္မျပတ္ ေလ့လာသင္ယူေနမႈ၊ ဇြဲရွိမႈဆိုတဲ့အရာေတြကိုပါလုပ္ေဆာင္ႏိုင္မွ တကယ့္ေအာင္ျမင္မႈဆီ
ျမန္ျမန္ဆန္ဆန္ေရာက္ရွိမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*