ကင်ဆာဝေဒနာရှင်ကလေးတွေအတွက်အများကြီးလှူဒါန်းခဲ့တဲ့ကင်မ်ယူဂျောင်

ကလေးသရုပ်ဆောင်အဖြစ်နဲ့လည်းအောင်မြင်ခဲ့သလို မင်းသမီးတစ်လက်အဖြစ်နဲ့လည်းလူကြိုက်များအောင်မြင်မှုရနေတဲ့သူတွေထဲမှာ ကင်မ်ယူဂျောင်လည်းပါဝင်ပါတယ်။မကြာခင်ကပြီးစီးသွားပြီဖြစ်တဲ့ My Demon ဇာတ်လမ်းတွဲနဲ့လည်းသူမကပရိသတ်အားပေးမှုအ များအပြားရရှိခဲ့သလို SBS ရဲ့ Top Excellence Award နဲ့ Best Couple Award ကိုလည်း ဒီဇာတ်လမ်းတွဲနဲ့ပဲရရှိခဲ့တာဖြစ်ပါတယ်။

ကင်မ်ယူဂျောင်ဟာ ဖေဖော်ဝါရီ 15 ရက်နေ့က Korea Children’s Cancer Foundation ကို ဝမ်သန်း 100 လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ သူမဟာ ကင်ဆာနဲ့သွေးကင်ဆာခံစားနေရတဲ့ ကလေးတွေအတွက်အမေရိကန်ဒေါ်လာ 75000 ကျော်တန်ဖိုးကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။သူမရဲ့အလှူငွေကို သွေးကင်ဆာ၊ ကင်ဆာနဲ့ ရှားပါးရောဂါတွေကိုခံစားနေရတဲ့ကလေးငယ်တွေအတွက်အသုံးပြုမယ်လို့အဖွဲ့အ စည်းကထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ကင်မ်ယူဂျောင်က “ကလေးတွေအနေနဲ့သူတို့အိပ်မက်တွေမပျက်စီးဘဲ နှစ်သစ်မှာပိုပြီးကျန်းမာလာစေဖို့မျှော်လင့်ပါတယ်” လို့သူမရဲ့ဆုတောင်းကို ပြောပြခဲ့ပါတယ်။

Ju Ju

zawgyi

ကေလးသ႐ုပ္ေဆာင္အျဖစ္နဲ႔လည္းေအာင္ျမင္ခဲ့သလို မင္းသမီးတစ္လက္အျဖစ္နဲ႔လည္းလူႀကိဳက္မ်ားေအာင္ျမင္မႈရေနတဲ့သူေတြထဲမွာ ကင္မ္ယူေဂ်ာင္လည္းပါဝင္ပါတယ္။မၾကာခင္ကၿပီးစီးသြားၿပီျဖစ္တဲ့ My Demon ဇာတ္လမ္းတြဲနဲ႔လည္းသူမကပရိသတ္အားေပးမႈအ မ်ားအျပားရရွိခဲ့သလို SBS ရဲ႕ Top Excellence Award နဲ႔ Best Couple Award ကိုလည္း ဒီဇာတ္လမ္းတြဲနဲ႔ပဲရရွိခဲ့တာျဖစ္ပါတယ္။

ကင္မ္ယူေဂ်ာင္ဟာ ေဖေဖာ္ဝါရီ 15 ရက္ေန႔က Korea Children’s Cancer Foundation ကို ဝမ္သန္း 100 လႉဒါန္းခဲ့တယ္လို႔သိရပါတယ္။ သူမဟာ ကင္ဆာနဲ႔ေသြးကင္ဆာခံစားေနရတဲ့ ကေလးေတြအတြက္အေမရိကန္ေဒၚလာ 75000 ေက်ာ္တန္ဖိုးကိုလႉဒါန္းခဲ့တာျဖစ္ပါတယ္။သူမရဲ႕အလႉေငြကို ေသြးကင္ဆာ၊ ကင္ဆာနဲ႔ ရွားပါးေရာဂါေတြကိုခံစားေနရတဲ့ကေလးငယ္ေတြအတြက္အသုံးျပဳမယ္လို႔အဖြဲ႕အ စည္းကထုတ္ျပန္ခဲ့တာေတြ႕ရပါတယ္။ ကင္မ္ယူေဂ်ာင္က “ကေလးေတြအေနနဲ႔သူတို႔အိပ္မက္ေတြမပ်က္စီးဘဲ ႏွစ္သစ္မွာပိုၿပီးက်န္းမာလာေစဖို႔ေမွ်ာ္လင့္ပါတယ္” လို႔သူမရဲ႕ဆုေတာင္းကို ေျပာျပခဲ့ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*