ဗယ်လင်တိုင်းဒေးမှာအချစ်တွေဖော်ပြနေကြတဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားဘက်ခမ်း

အတူရှိခဲ့ကြတာ 27 နှစ်ကြာပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့ဟာဗယ်လင်တိုင်းဒေးမှာလည်း တစ်ဦးကိုတစ်ဦးချစ်ကြောင်းတွေကိုသူတို့ရဲ့ Instagram ကနေမျှဝေခဲ့ကြပါတယ်။ဒေးဗစ်က သူနဲ့ဗစ်တိုးရီးယားတို့နှစ်ဦး နေဝင်ချိန်မှာနမ်းနေတဲ့ပုံကိုတင်ခဲ့ပြီး “ငါ့ရဲ့ချစ်ရတဲ့ဇနီး၊ မေမေ၊အကောင်းဆုံးသူငယ်ချင်းသို့၊ ချစ်တယ်” ဆိုပြီး ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတင်ပြီး သူ့ရဲ့ သားသမီး 4 ယောက်ကို Mention ခေါ်ခဲ့တာပါ။ ဗစ်တိုးရီးယားကတော့ ဒီပို့စ်ကိုသူမရဲ့ Instagram Story မှာပြန်တင်ခဲ့ပြီး I love you so much!!! လို့ရေးခဲ့တာကိုတွေ့ရပါတယ်။

ဗစ်တိုးရီးယားဘက်ခမ်းကသူမရဲ့ Instagram မှာ ဒေးဗစ်ရဲ့ Cowboy ဦးထုပ်နဲ့ဗီဒီယိုကိုတင်ခဲ့ပြီး “Happy Valentine’s Day cowboy. I Love You So Much” လို့ရေးသားကာ ကလေးတွေရဲ့အကောင့်တွေကိုပါ Tagged တွဲပြီးတင်ထားခဲ့တာတွေ့ရပါတယ်။ဘယ်လိုပဲ ချစ်စ ရာပို့စ်တွေနဲ့ဗယ်လင်တိုင်းဒေးကိုဖြတ်ကျော်ပါစေ၊ ဗစ်တိုးရီးယားဟာ နောက်ဆုံးမှာတော့အဆင်မပြေတဲ့ဗယ်လင်တိုင်းဒေးကို ဖြတ်သန်းရတယ်လို့ပြောခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူမဟာ Gym မှာခြေထောက်ခေါက်လဲပြီး ခြေဖမိုးနာသွားတဲ့အတွက် ရေခဲအိတ်ကြီးကပ်ထားရတာကို Story မှာတင်ထားခဲ့လို့ပါပဲ။

Ju Ju

zawgyi

အတူရွိခဲ့ၾကတာ 27 ႏွစ္ၾကာၿပီျဖစ္တဲ့ ေဒးဗစ္ဘက္ခမ္းနဲ႔ဗစ္တိုးရီးယားတို႔ဟာဗယ္လင္တိုင္းေဒးမွာလည္း တစ္ဦးကိုတစ္ဦးခ်စ္ေၾကာင္းေတြကိုသူတို႔ရဲ႕ Instagram ကေနမွ်ေဝခဲ့ၾကပါတယ္။ေဒးဗစ္က သူနဲ႔ဗစ္တိုးရီးယားတို႔ႏွစ္ဦး ေနဝင္ခ်ိန္မွာနမ္းေနတဲ့ပုံကိုတင္ခဲ့ၿပီး “ငါ့ရဲ႕ခ်စ္ရတဲ့ဇနီး၊ ေမေမ၊အေကာင္းဆုံးသူငယ္ခ်င္းသို႔၊ ခ်စ္တယ္” ဆိုၿပီး ပို႔စ္တင္ခဲ့တာျဖစ္ပါတယ္။ ဒီလိုတင္ၿပီး သူ႔ရဲ႕ သားသမီး 4 ေယာက္ကို Mention ေခၚခဲ့တာပါ။ ဗစ္တိုးရီးယားကေတာ့ ဒီပို႔စ္ကိုသူမရဲ႕ Instagram Story မွာျပန္တင္ခဲ့ၿပီး I love you so much!!! လို႔ေရးခဲ့တာကိုေတြ႕ရပါတယ္။

ဗစ္တိုးရီးယားဘက္ခမ္းကသူမရဲ႕ Instagram မွာ ေဒးဗစ္ရဲ႕ Cowboy ဦးထုပ္နဲ႔ဗီဒီယိုကိုတင္ခဲ့ၿပီး “Happy Valentine’s Day cowboy. I Love You So Much” လို႔ေရးသားကာ ကေလးေတြရဲ႕အေကာင့္ေတြကိုပါ Tagged တြဲၿပီးတင္ထားခဲ့တာေတြ႕ရပါတယ္။ဘယ္လိုပဲ ခ်စ္စ ရာပို႔စ္ေတြနဲ႔ဗယ္လင္တိုင္းေဒးကိုျဖတ္ေက်ာ္ပါေစ၊ ဗစ္တိုးရီးယားဟာ ေနာက္ဆုံးမွာေတာ့အဆင္မေျပတဲ့ဗယ္လင္တိုင္းေဒးကို ျဖတ္သန္းရတယ္လို႔ေျပာခဲ့ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ သူမဟာ Gym မွာေျခေထာက္ေခါက္လဲၿပီး ေျခဖမိုးနာသြားတဲ့အတြက္ ေရခဲအိတ္ႀကီးကပ္ထားရတာကို Story မွာတင္ထားခဲ့လို႔ပါပဲ။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*