Album အသစ်ထွက်ရှိတော့မယ့်အကြောင်းဖွင့်ဟလာတဲ့ ဘီယွန်းဆေး

ဘီယွန်းဆေးအနေနဲ့ မကြာခင်လပိုင်းအတွင်းတေးအယ်လ်ဘမ်အသစ်ထွက်ရှိမယ့်အကြောင်းကိုသူမရဲ့အင်စတာဂရမ်ကနေကြေညာခဲ့တာဖြစ်ပါတယ်။သူမရဲ့အယ်လ်ဘမ်ကို Act II လို့နာမည်ပေးထားပြီး ဒီအယ်လ်ဘမ်ထဲက သီချင်းနှစ်ပုဒ်ကိုလည်းတစ်ပြိုင်နက်တည်းဖြန့် ချိခဲ့ပါတယ်။လက်ရှိမှာ Texas Hold Em နဲ့ 16 Carriages ဆိုတဲ့သူမရဲ့သီချင်းသစ်နှစ်ပုဒ်ကိုနားဆင်လို့ရနေပြီဖြစ်ပါတယ်။သူမကဒီကြေ ညာချက်နဲ့ သီချင်းသစ်နှစ်ပုဒ်ထွက်ရှိမှုကို Super Bowl LVIIIဂိမ်းပွဲကိုတက်ရောက်နေစဉ်အတွင်း သူမရဲ့ Instagram ကနေ ကြော်ငြာဗီ ဒီယိုတင်ပြီးကြေညာခဲ့တာဖြစ်ပါတယ်။

ကြော်ငြာဗီဒီယိုဟာ Chuck Berry ရဲ့ Maybelline သီချင်းလို Old-school Tune ဖြစ်ပြီး 1984 ခုနစ်ကရုပ်ရှင်ဖြစ်တဲ့ Paris,Texas ကို Reference ယူကာရိုက်ကူးပုံဖော်ထားတာတွေ့ရပါတယ်။ Act II ဟာ သူမရဲ့ခုနစ်ချပ်မြောက်တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ Renaissance ရဲ့အဆက်ဖြစ်ပါတယ်။ ဘီယွန်ဆေးရဲ့ Concert Film ဖြစ်တဲ့ Renaissance: A Film by Beyonce ဟာလည်း US မှာနံပါတ် ၁ နေရာရခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီးအမြတ်ငွေအများကြီးရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ သူမရဲ့ Act II တေးအယ်လ်ဘမ်ကို မတ် လ 29 ရက်နေ့မှာ ဖြန့်ချိသွားမှာဖြစ်ပါတယ်။

Ju Ju

zawgyi

ဘီယြန္းေဆးအေနနဲ႔ မၾကာခင္လပိုင္းအတြင္းေတးအယ္လ္ဘမ္အသစ္ထြက္ရွိမယ့္အေၾကာင္းကိုသူမရဲ႕အင္စတာဂရမ္ကေနေၾကညာခဲ့တာျဖစ္ပါတယ္။သူမရဲ႕အယ္လ္ဘမ္ကို Act II လို႔နာမည္ေပးထားၿပီး ဒီအယ္လ္ဘမ္ထဲက သီခ်င္းႏွစ္ပုဒ္ကိုလည္းတစ္ၿပိဳင္နက္တည္းျဖန႔္ ခ်ိခဲ့ပါတယ္။လက္ရွိမွာ Texas Hold Em နဲ႔ 16 Carriages ဆိုတဲ့သူမရဲ႕သီခ်င္းသစ္ႏွစ္ပုဒ္ကိုနားဆင္လို႔ရေနၿပီျဖစ္ပါတယ္။သူမကဒီေၾက ညာခ်က္နဲ႔ သီခ်င္းသစ္ႏွစ္ပုဒ္ထြက္ရွိမႈကို Super Bowl LVIIIဂိမ္းပြဲကိုတက္ေရာက္ေနစဥ္အတြင္း သူမရဲ႕ Instagram ကေန ေၾကာ္ျငာဗီ ဒီယိုတင္ၿပီးေၾကညာခဲ့တာျဖစ္ပါတယ္။

ေၾကာ္ျငာဗီဒီယိုဟာ Chuck Berry ရဲ႕ Maybelline သီခ်င္းလို Old-school Tune ျဖစ္ၿပီး 1984 ခုနစ္က႐ုပ္ရွင္ျဖစ္တဲ့ Paris,Texas ကို Reference ယူကာ႐ိုက္ကူးပုံေဖာ္ထားတာေတြ႕ရပါတယ္။ Act II ဟာ သူမရဲ႕ခုနစ္ခ်ပ္ေျမာက္တစ္ကိုယ္ေတာ္အယ္လ္ဘမ္ျဖစ္တဲ့ Renaissance ရဲ႕အဆက္ျဖစ္ပါတယ္။ ဘီယြန္ေဆးရဲ႕ Concert Film ျဖစ္တဲ့ Renaissance: A Film by Beyonce ဟာလည္း US မွာနံပါတ္ ၁ ေနရာရခဲ့တဲ့႐ုပ္ရွင္ျဖစ္ၿပီးအျမတ္ေငြအမ်ားႀကီးရရွိပိုင္ဆိုင္ႏိုင္ခဲ့တဲ့႐ုပ္ရွင္ျဖစ္ပါတယ္။ သူမရဲ႕ Act II ေတးအယ္လ္ဘမ္ကို မတ္ လ 29 ရက္ေန႔မွာ ျဖန႔္ခ်ိသြားမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*