ဝန်ထမ်းချင်းအတူတူ အမြဲတမ်းငွေရှိနေသူတို့ရဲ့လျှို့ဝှက်ချက်များ

လုပ်ငန်းခွင်အတူတူ ရာထူးအတူတူနဲ့ အလုပ်လုပ်တဲ့ဝန်ထမ်းတွေဟာ လုပ်ခလစာရတာချင်းတူပေမယ့်တချို့တွေကလဝက်လောက်ဆိုလက်ထဲမှာပိုက်ဆံပြတ်သွားပြီး ချေးပါဦး၊ငှားပါဦးဆိုသူတွေရှိတတ်ကြသလို တချို့တွေကျတော့လည်းခပ်အေးအေးနဲ့လက်ထဲမှာအမြဲ တမ်းငွေလောက်လောက်ငှငှ ရှိတတ်ကြတာတွေ့ရပါလိမ့်မယ်နော်။ဒီလိုလူတွေက မနာလိုစရာကောင်းလောက်အောင်ငွေကိုဘယ်လိုသုံးတတ်နေတာလဲဆိုတာကတော့…

လက်မလွယ်ဘူး
တချို့တွေက မလိုအပ်တဲ့အရာတွေအတွက် ပိုက်ဆံအကုန်မခံကြပါဘူး။ တကယ်မလိုအပ်ဘဲနဲ့စိတ်အလိုလိုက်ပြီး ဟိုဟာစပ်စပ် ဒီဟာစပ်စပ်ဝယ်တတ်သူတွေက လက်ထဲငွေမကျန်တာများပါတယ်။ဆိုင်ထိုင်ရင်လည်း “နေ နေ ငါရှင်းလိုက်မယ်” ဆိုတာမျိုးလုပ်လေ့ရှိသူတွေပါ။ သူတို့ကချစ်ခင်ဖို့ကောင်းသလောက် လက်ဖွာသူတွေလည်းဖြစ်နေကြပါတယ်။ငွေကြေးစီမံခန့်ခွဲမှုကောင်းသူတွေဟာ လက်ဖွာတဲ့သူတွေ မဟုတ်ဘူးဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

လူတွေဘာထင်ထင်ဂရုမစိုက်သူ
တခြားသူတွေရဲ့အမြင်ကို ဂရုစိုက်လွန်းသူတွေက ငွေပိုကုန်ကြပါတယ်။ ကိုယ့်အတွက်မလိုအပ်ဘဲနဲ့ခေတ်နောက်ကျမှာစိုးလို့ Trend နောက်လိုက်ပြီး ငွေကုန်နေကြသူတွေများပါတယ်။ငွေစုတတ်သူတွေကတော့ အဲလိုမဟုတ်ကြပါဘူး။ မလိုအပ်ရင်ဘာမှမဝယ်ဘဲဖိနပ်စုတ်ကိုတောင်ဆက်စီးနေတတ်ကြသူတွေပါ။ အဓိကကတော့ စိတ်အလိုမလိုက်တတ်သူတွေကငွေစုမိကြပါတယ်။

အဓိကနဲ့သာမညကိုသိတယ်
သူတို့တွေဟာ ဘယ်နေရာမှာတော့ ငွေသုံးသင့်တယ်။ ဘယ်နေရာမှာတော့ မသုံးလည်းရတယ်ဆိုတာကိုသေသေချာချာသိသူတွေပါ။ ကပ်စေးနဲတယ်လို့မဆိုနိုင်ဘဲ ငွေကိုသုံးရမယ့်နေရာဆိုမတွန့်မဆုတ်ဘဲသုံးတတ်ကြပါတယ်။ အပိုလို့ထင်ရင်တော့ ဘယ်လောက်ပဲငိုပြပါစေ သူတို့ဆီကတစ်ကျပ်မှထွက်လာမှာမဟုတ်ပါဘူး။

သည်းခံနိုင်တယ်
လက်ထဲငွေရှိသူတွေနဲ့ ငွေမရှိသူတွေရဲ့ အဓိကမတူတဲ့အရာက စိတ်ဓာတ်လို့ဆိုရမှာပါ။ငွေကိုထိန်းသိမ်းတတ်သူတွေဟာ စိတ်ဓာတ်ခိုင်မာသူတွေဖြစ်ကြပါတယ်။ သူတို့လိုချင်တဲ့အရာကိုရဖို့စိတ်ရှည်သည်းခံနိုင်ကြပါတယ်။ လိုချင်တဲ့ပစ္စည်းတစ်ခုကိုမရမချင်း မဝယ်နိုင်မချင်း
ချွေတာသုံးပြီးစုရမှာကိုဝန်မလေးကြပါဘူး။

အပေါင်းအသင်း
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုပါပဲနော်။ လက်ဖွာတတ်သူတွေနဲ့ပေါင်းနေရင်ကိုယ်လည်းလက်ဖွာတတ်သူ၊ ငွေကိုလွယ်လွယ်သုံးတတ်သူဖြစ်နေမှာပါ။ငွေကြေးကိုစနစ်တကျကိုင်တွယ်တတ်သူတွေနဲ့နေရင် ကိုယ်လည်းလက်ဖွာတတ်တဲ့အကျင့်လက်လွယ်တဲ့အ ကျင့်တွေ တဖြည်းဖြည်းပျောက်သွားပြီးငွေစုတတ်လာမှာဖြစ်ပါတယ်။အားလုံးပဲငွေကြေးစီမံခန့်ခွဲမှုကောင်းပြီး လက်ထဲမှာအမြဲတမ်းငွေရှိသူတွေဖြစ်ကြပါစေနော်။

Ju Ju

zawgyi

လုပ္ငန္းခြင္အတူတူ ရာထူးအတူတူနဲ႔ အလုပ္လုပ္တဲ့ဝန္ထမ္းေတြဟာ လုပ္ခလစာရတာခ်င္းတူေပမယ့္တခ်ိဳ႕ေတြကလဝက္ေလာက္ဆိုလက္ထဲမွာပိုက္ဆံျပတ္သြားၿပီး ေခ်းပါဦး၊ငွားပါဦးဆိုသူေတြရွိတတ္ၾကသလို တခ်ိဳ႕ေတြက်ေတာ့လည္းခပ္ေအးေအးနဲ႔လက္ထဲမွာအၿမဲ တမ္းေငြေလာက္ေလာက္ငွငွ ရွိတတ္ၾကတာေတြ႕ရပါလိမ့္မယ္ေနာ္။ဒီလိုလူေတြက မနာလိုစရာေကာင္းေလာက္ေအာင္ေငြကိုဘယ္လိုသုံးတတ္ေနတာလဲဆိုတာကေတာ့…

လက္မလြယ္ဘူး
တခ်ိဳ႕ေတြက မလိုအပ္တဲ့အရာေတြအတြက္ ပိုက္ဆံအကုန္မခံၾကပါဘူး။ တကယ္မလိုအပ္ဘဲနဲ႔စိတ္အလိုလိုက္ၿပီး ဟိုဟာစပ္စပ္ ဒီဟာစပ္စပ္ဝယ္တတ္သူေတြက လက္ထဲေငြမက်န္တာမ်ားပါတယ္။ဆိုင္ထိုင္ရင္လည္း “ေန ေန ငါရွင္းလိုက္မယ္” ဆိုတာမ်ိဳးလုပ္ေလ့ရွိသူေတြပါ။ သူတို႔ကခ်စ္ခင္ဖို႔ေကာင္းသေလာက္ လက္ဖြာသူေတြလည္းျဖစ္ေနၾကပါတယ္။ေငြေၾကးစီမံခန႔္ခြဲမႈေကာင္းသူေတြဟာ လက္ဖြာတဲ့သူေတြ မဟုတ္ဘူးဆိုတာကို ေလ့လာေတြ႕ရွိရပါတယ္။

လူေတြဘာထင္ထင္ဂ႐ုမစိုက္သူ
တျခားသူေတြရဲ႕အျမင္ကို ဂ႐ုစိုက္လြန္းသူေတြက ေငြပိုကုန္ၾကပါတယ္။ ကိုယ့္အတြက္မလိုအပ္ဘဲနဲ႔ေခတ္ေနာက္က်မွာစိုးလို႔ Trend ေနာက္လိုက္ၿပီး ေငြကုန္ေနၾကသူေတြမ်ားပါတယ္။ေငြစုတတ္သူေတြကေတာ့ အဲလိုမဟုတ္ၾကပါဘူး။ မလိုအပ္ရင္ဘာမွမဝယ္ဘဲဖိနပ္စုတ္ကိုေတာင္ဆက္စီးေနတတ္ၾကသူေတြပါ။ အဓိကကေတာ့ စိတ္အလိုမလိုက္တတ္သူေတြကေငြစုမိၾကပါတယ္။

အဓိကနဲ႔သာမညကိုသိတယ္
သူတို႔ေတြဟာ ဘယ္ေနရာမွာေတာ့ ေငြသုံးသင့္တယ္။ ဘယ္ေနရာမွာေတာ့ မသုံးလည္းရတယ္ဆိုတာကိုေသေသခ်ာခ်ာသိသူေတြပါ။ ကပ္ေစးနဲတယ္လို႔မဆိုႏိုင္ဘဲ ေငြကိုသုံးရမယ့္ေနရာဆိုမတြန႔္မဆုတ္ဘဲသုံးတတ္ၾကပါတယ္။ အပိုလို႔ထင္ရင္ေတာ့ ဘယ္ေလာက္ပဲငိုျပပါေစ သူတို႔ဆီကတစ္က်ပ္မွထြက္လာမွာမဟုတ္ပါဘူး။

သည္းခံႏိုင္တယ္
လက္ထဲေငြရွိသူေတြနဲ႔ ေငြမရွိသူေတြရဲ႕ အဓိကမတူတဲ့အရာက စိတ္ဓာတ္လို႔ဆိုရမွာပါ။ေငြကိုထိန္းသိမ္းတတ္သူေတြဟာ စိတ္ဓာတ္ခိုင္မာသူေတြျဖစ္ၾကပါတယ္။ သူတို႔လိုခ်င္တဲ့အရာကိုရဖို႔စိတ္ရွည္သည္းခံႏိုင္ၾကပါတယ္။ လိုခ်င္တဲ့ပစၥည္းတစ္ခုကိုမရမခ်င္း မဝယ္ႏိုင္မခ်င္း
ေခြၽတာသုံးၿပီးစုရမွာကိုဝန္မေလးၾကပါဘူး။

အေပါင္းအသင္း
တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုပါပဲေနာ္။ လက္ဖြာတတ္သူေတြနဲ႔ေပါင္းေနရင္ကိုယ္လည္းလက္ဖြာတတ္သူ၊ ေငြကိုလြယ္လြယ္သုံးတတ္သူျဖစ္ေနမွာပါ။ေငြေၾကးကိုစနစ္တက်ကိုင္တြယ္တတ္သူေတြနဲ႔ေနရင္ ကိုယ္လည္းလက္ဖြာတတ္တဲ့အက်င့္လက္လြယ္တဲ့အ က်င့္ေတြ တျဖည္းျဖည္းေပ်ာက္သြားၿပီးေငြစုတတ္လာမွာျဖစ္ပါတယ္။အားလုံးပဲေငြေၾကးစီမံခန႔္ခြဲမႈေကာင္းၿပီး လက္ထဲမွာအၿမဲတမ္းေငြရွိသူေတြျဖစ္ၾကပါေစေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*