Job Fair တစ်ခုသွားတဲ့အခါ မလုပ်သင့်သောအချက်များ

အရင်တစ်ပတ်က အလုပ်အကိုင်ပြပွဲတစ်ခုသွားတဲ့အခါမေးသင့်တဲ့မေးခွန်းလေးတွေအကြောင်းကိုမျှဝေပေးခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီလို Job Fair တွေမှာ ရှောင်သင့်တဲ့အရာလေးတွေအကြောင်းပြောြပချင်ပါတယ်။ ဒီအချက်တွေက အလုပ်ရှာနေတဲ့ကျောင်း သား၊ကျောင်းသူတွေအတွက်ရည်ရွယ်သလိုအခုမှအလုပ်စလျှောက်မယ့်လူကြီးတွေအတွက်လည်းရည်ရွယ်ပါတယ်။

လက်ကမ်းစာရွက်ဆွဲယူပြီးလှည့်ပြန်တာမျိုးမလုပ်ပါနဲ့
အလုပ်အကိုင်ပြပွဲမှာ ကုမ္ပဏီကိုယ်စားပြု Booth တွေကလည်းများပြားပြီး ဝန်ထမ်းတွေရော၊လက်ကမ်းစာစောင်တွေရောအများကြီးရှိနေမှာပါ။ ဒီလိုအချိန်မှာကိုယ်က တင်ထားတဲ့စာရွက်တွေဆွဲယူလှည့်ထွက်လာတာမျိုးမလုပ်သင့်ပါဘူး။ အနည်းဆုံးတော့ မျက်လုံးချင်းဆုံ၊နှုတ်ဆက်ပြီးမှပြန်လာတာမျိုး လုပ်သင့်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်မျိုးဆိုရင်သိချင်တာလေးတွေမေးလို့ရပါသေးတယ်။ တစ်ခါ တလေမှာ ကိုယ့်ပုံစံကထူးခြားနေရင်၊စကားပြောကောင်းရင် နောင်တစ်ချိန်ကုမ္ပဏီကိုကိုယ်အလုပ်သွားလျှောက်ချိန်မှာလည်းကိုယ့်ကိုမှတ်မိနေစေနိုင်ပါတယ်။

မေးခွန်းတွေအကြာကြီးမေးတာမျိုးမလုပ်ပါနဲ့
Job Fair တစ်ခုမှာ အလုပ်လိုချင်သူတွေကများပြားနေတတ်သလို ကုမ္ပဏီဘက်ကလူတွေကလည်း Booth ကို ရောက်လာသမျှလူအားလုံးကို ဝန်ဆောင်မှုပေးနေရတာပါ။ ဒီလိုအချိန်မှာတော့ကိုယ်ကပဲတစ်နာရီ၊ နှစ်နာရီစကားတွေပြောနေတာမျိုးမလုပ်သင့်ပါဘူး။ အများဆုံး 10 မိနစ်ကနေ 15 မိနစ်ကိုယ်သိချင်တာတွေမေးနိုင်သလိုအင်တာဗျူးဝင်ချိန်မှာလည်းစကားတွေအချိန်အကြာကြီးပြောမနေမိစေဖို့ သတိထားသင့်ပါတယ်။ဒါမှမဟုတ် ဘယ်နှနာရီ၊ ဘယ်နှမိနစ်လောက်အချိန်ပေးနိုင်မလဲဆိုပြီးကြိုမေးသင့်ပါတယ်။

အချိန်မနောက်ကျပါစေနဲ့
Job Fair တစ်ခုသွားမယ်ဆိုရင် တတ်နိုင်သမျှစောစောသွားပါ။ ကိုယ်ကသွားတာနောက်ကျရင်ကုမ္ပဏီဘက်ကလူတွေ၊ မန်နေဂျာတွေကအလုပ်ရှာတဲ့သူတွေအများကြီးနဲ့ တွေ့ဆုံပြီးဖြစ်တာမို့ပင်ပန်းနေမှာဖြစ်ပါတယ်။ ကိုယ်ရောက်တဲ့အချိန်မှာ ကိုယ့်အပေါ်သေသေချာချာ
အာရုံမစိုက်နိုင်တာမျိုးဖြစ်တတ်တာမို့ တတ်နိုင်သမျှစောစောသွားပြီးတွေ့ဆုံသင့်ပါတယ်။

သူငယ်ချင်းအုပ်စုလိုက်မသွားပါနဲ့
အလုပ်အကိုင်အတွက်သွားတဲ့အခါ သူငယ်ချင်းတွေနဲ့အတူသွားတာကကိုယ့်အတွက်အချိန်အပြည့်အဝမရဘဲဖြစ်တတ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက်စောင့်ရတာ၊အာရုံများရတာတွေကြောင့် ကိုယ့်အတွက်ကိုယ်သေသေချာချာမစဉ်းစား၊မရှာဖွေနိုင်တာမျိုးရှိတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ရှာဖွေချင်တဲ့အလုပ်ကိုကိုယ့်ဘာသာအာရုံစိုက်ရှာဖွေ၊ အင်တာဗျူးဖြေကြည့်တာမျိုးလုပ်ရင် အကောင်းဆုံးပါပဲ။
ဒါလေးတွေကတော့ ကျောင်းသားလေးတွေ၊ လူငယ်လေးတွေအနေနဲ့ Job Fair တစ်ခုသွားတဲ့အခါသတိထားသင့်တဲ့အချက်လေးတွေပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အရင္တစ္ပတ္က အလုပ္အကိုင္ျပပြဲတစ္ခုသြားတဲ့အခါေမးသင့္တဲ့ေမးခြန္းေလးေတြအေၾကာင္းကိုမွ်ေဝေပးခဲ့ပါတယ္။ ဒီတစ္ပတ္မွာေတာ့ အဲဒီလို Job Fair ေတြမွာ ေရွာင္သင့္တဲ့အရာေလးေတြအေၾကာင္းေျပာျပခ်င္ပါတယ္။ ဒီအခ်က္ေတြက အလုပ္ရွာေနတဲ့ေက်ာင္း သား၊ေက်ာင္းသူေတြအတြက္ရည္႐ြယ္သလိုအခုမွအလုပ္စေလွ်ာက္မယ့္လူႀကီးေတြအတြက္လည္းရည္႐ြယ္ပါတယ္။

လက္ကမ္းစာ႐ြက္ဆြဲယူၿပီးလွည့္ျပန္တာမ်ိဳးမလုပ္ပါနဲ႔
အလုပ္အကိုင္ျပပြဲမွာ ကုမၸဏီကိုယ္စားျပဳ Booth ေတြကလည္းမ်ားျပားၿပီး ဝန္ထမ္းေတြေရာ၊လက္ကမ္းစာေစာင္ေတြေရာအမ်ားႀကီးရွိေနမွာပါ။ ဒီလိုအခ်ိန္မွာကိုယ္က တင္ထားတဲ့စာ႐ြက္ေတြဆြဲယူလွည့္ထြက္လာတာမ်ိဳးမလုပ္သင့္ပါဘူး။ အနည္းဆုံးေတာ့ မ်က္လုံးခ်င္းဆုံ၊ႏႈတ္ဆက္ၿပီးမွျပန္လာတာမ်ိဳး လုပ္သင့္ပါတယ္။ ကိုယ္စိတ္ဝင္စားတဲ့အလုပ္မ်ိဳးဆိုရင္သိခ်င္တာေလးေတြေမးလို႔ရပါေသးတယ္။ တစ္ခါ တေလမွာ ကိုယ့္ပုံစံကထူးျခားေနရင္၊စကားေျပာေကာင္းရင္ ေနာင္တစ္ခ်ိန္ကုမၸဏီကိုကိုယ္အလုပ္သြားေလွ်ာက္ခ်ိန္မွာလည္းကိုယ့္ကိုမွတ္မိေနေစႏိုင္ပါတယ္။

ေမးခြန္းေတြအၾကာႀကီးေမးတာမ်ိဳးမလုပ္ပါနဲ႔
Job Fair တစ္ခုမွာ အလုပ္လိုခ်င္သူေတြကမ်ားျပားေနတတ္သလို ကုမၸဏီဘက္ကလူေတြကလည္း Booth ကို ေရာက္လာသမွ်လူအားလုံးကို ဝန္ေဆာင္မႈေပးေနရတာပါ။ ဒီလိုအခ်ိန္မွာေတာ့ကိုယ္ကပဲတစ္နာရီ၊ ႏွစ္နာရီစကားေတြေျပာေနတာမ်ိဳးမလုပ္သင့္ပါဘူး။ အမ်ားဆုံး 10 မိနစ္ကေန 15 မိနစ္ကိုယ္သိခ်င္တာေတြေမးႏိုင္သလိုအင္တာဗ်ဴးဝင္ခ်ိန္မွာလည္းစကားေတြအခ်ိန္အၾကာႀကီးေျပာမေနမိေစဖို႔ သတိထားသင့္ပါတယ္။ဒါမွမဟုတ္ ဘယ္ႏွနာရီ၊ ဘယ္ႏွမိနစ္ေလာက္အခ်ိန္ေပးႏိုင္မလဲဆိုၿပီးႀကိဳေမးသင့္ပါတယ္။

အခ်ိန္မေနာက္က်ပါေစနဲ႔
Job Fair တစ္ခုသြားမယ္ဆိုရင္ တတ္ႏိုင္သမွ်ေစာေစာသြားပါ။ ကိုယ္ကသြားတာေနာက္က်ရင္ကုမၸဏီဘက္ကလူေတြ၊ မန္ေနဂ်ာေတြကအလုပ္ရွာတဲ့သူေတြအမ်ားႀကီးနဲ႔ ေတြ႕ဆုံၿပီးျဖစ္တာမို႔ပင္ပန္းေနမွာျဖစ္ပါတယ္။ ကိုယ္ေရာက္တဲ့အခ်ိန္မွာ ကိုယ့္အေပၚေသေသခ်ာခ်ာ
အာ႐ုံမစိုက္ႏိုင္တာမ်ိဳးျဖစ္တတ္တာမို႔ တတ္ႏိုင္သမွ်ေစာေစာသြားၿပီးေတြ႕ဆုံသင့္ပါတယ္။

သူငယ္ခ်င္းအုပ္စုလိုက္မသြားပါနဲ႔
အလုပ္အကိုင္အတြက္သြားတဲ့အခါ သူငယ္ခ်င္းေတြနဲ႔အတူသြားတာကကိုယ့္အတြက္အခ်ိန္အျပည့္အဝမရဘဲျဖစ္တတ္ပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ေစာင့္ရတာ၊အာ႐ုံမ်ားရတာေတြေၾကာင့္ ကိုယ့္အတြက္ကိုယ္ေသေသခ်ာခ်ာမစဥ္းစား၊မရွာေဖြႏိုင္တာမ်ိဳးရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ရွာေဖြခ်င္တဲ့အလုပ္ကိုကိုယ့္ဘာသာအာ႐ုံစိုက္ရွာေဖြ၊ အင္တာဗ်ဴးေျဖၾကည့္တာမ်ိဳးလုပ္ရင္ အေကာင္းဆုံးပါပဲ။
ဒါေလးေတြကေတာ့ ေက်ာင္းသားေလးေတြ၊ လူငယ္ေလးေတြအေနနဲ႔ Job Fair တစ္ခုသြားတဲ့အခါသတိထားသင့္တဲ့အခ်က္ေလးေတြပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*