5 နှစ်အတွင်းပထမဆုံးအကြိမ်အယ်လ်ဘမ်အသစ်ထွက်ရှိမယ့် Justin Timberlake

Album မထွက်ရှိတာ 5 နှစ်ကြာပြီဖြစ်တဲ့ Justin Timberlake အနေနဲ့ ဒီနှစ်အတွင်းမှာ Everything I Thought It Was ဆိုတဲ့ တေးအယ်လ်ဘမ်ကိုဖြန့်ချိတော့မယ်လို့သိရပါတယ်။ဒီအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ Selfish ကိုတော့ MV အနေနဲ့ကြည့်ရှုနားဆင်နိုင်ပြီဖြစ်ပါတယ်။ Justin Timberlake ဟာ မကြာသေးခင်ကပဲ သူ့ရဲ့မွေးရပ်မြေ Memphis မှာပြုလုပ်ခဲ့တဲ့ဖျော်ဖြေပွဲမှာ Selfish သီချင်းကိုမိတ်ဆက်ဖျော်ဖြေသွားခဲ့တာဖြစ်ပါတယ်။

“ဒီသီချင်းမှာ ကျွန်တော့်ရဲ့အားနည်းချက်တွေပါတယ်။ ဒီသီချင်းကကျွန်တော့်ရဲ့ရိုးသားမှုကနေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်တစ်ခုလုံးမှာလည်းရိုးဖြောင့်မှုတွေကိုပညာသားပါပါလေးဖွဲ့စည်းထားတယ်လို့ပြောချင်ပါတယ်” လို့သူကပြောခဲ့ပါတယ်။ Selfish သီ ချင်းကို Timberlake ၊ Louis Bell ၊ Cirkut ၊ Theron Thomas နဲ့ Amy Allen တို့ကပူးပေါင်းရေးသားထားတာဖြစ်ပါတယ်။
Everything I Thought It Was အယ်လ်ဘမ်ကို မတ်လ ၁၅ ရက်နေ့မှာဖြန့်ချိမယ်လို့သိရပါတယ်။

Ju Ju

zawgyi

Album မထြက္ရွိတာ 5 ႏွစ္ၾကာၿပီျဖစ္တဲ့ Justin Timberlake အေနနဲ႔ ဒီႏွစ္အတြင္းမွာ Everything I Thought It Was ဆိုတဲ့ ေတးအယ္လ္ဘမ္ကိုျဖန႔္ခ်ိေတာ့မယ္လို႔သိရပါတယ္။ဒီအယ္လ္ဘမ္ထဲက သီခ်င္းတစ္ပုဒ္ျဖစ္တဲ့ Selfish ကိုေတာ့ MV အေနနဲ႔ၾကည့္ရႈနားဆင္ႏိုင္ၿပီျဖစ္ပါတယ္။ Justin Timberlake ဟာ မၾကာေသးခင္ကပဲ သူ႔ရဲ႕ေမြးရပ္ေျမ Memphis မွာျပဳလုပ္ခဲ့တဲ့ေဖ်ာ္ေျဖပြဲမွာ Selfish သီခ်င္းကိုမိတ္ဆက္ေဖ်ာ္ေျဖသြားခဲ့တာျဖစ္ပါတယ္။

“ဒီသီခ်င္းမွာ ကြၽန္ေတာ့္ရဲ႕အားနည္းခ်က္ေတြပါတယ္။ ဒီသီခ်င္းကကြၽန္ေတာ့္ရဲ႕႐ိုးသားမႈကေနထြက္ေပၚလာတာျဖစ္ပါတယ္။ ဒီအယ္လ္ဘမ္တစ္ခုလုံးမွာလည္း႐ိုးေျဖာင့္မႈေတြကိုပညာသားပါပါေလးဖြဲ႕စည္းထားတယ္လို႔ေျပာခ်င္ပါတယ္” လို႔သူကေျပာခဲ့ပါတယ္။ Selfish သီ ခ်င္းကို Timberlake ၊ Louis Bell ၊ Cirkut ၊ Theron Thomas နဲ႔ Amy Allen တို႔ကပူးေပါင္းေရးသားထားတာျဖစ္ပါတယ္။
Everything I Thought It Was အယ္လ္ဘမ္ကို မတ္လ ၁၅ ရက္ေန႔မွာျဖန႔္ခ်ိမယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*