အော်စကာဆုပေးပွဲမှာ ဘာလို့ Margot Robbie ငြင်းပယ်ခံရတာလဲ

အော်စကာဆုပေးပွဲမှာဘာဘီလေး Margot Robbie ဟာ Best Actress ရဲ့ဆန်ခါတင်စာရင်းထဲမပါဝင်ခဲ့သလို ဒါရိုက်တာ Greta Gerwig ဟာလည်း Best Director ဆန်ခါတင်စာရင်းထဲမပါဝင်ခဲ့ပါဘူး။ Barbie ရုပ်ရှင်အနေနဲ့တော့အကောင်းဆုံးဇာတ်ကားဆုရဲ့ဆန်ခါတင်စာ ရင်းကိုဝင်ခဲ့ပြီး သရုပ်ဆောင် Ryan Gosling ကလည်းအကောင်းဆုံးဇာတ်ပို့ဆုစာရင်းထဲပါဝင်နိုင်ခဲ့ပါတယ်။ဒီလိုနာမည်ကြီးဇာတ်ကားတစ်ကားအနေနဲ့များပြားတဲ့အောင်မြင်မှုတွေမရယူနိုင်တာဟာအော်စကာမဲပေးသူတွေရဲ့အတွေးအခေါ်ကြောင့်ဖြစ်တယ်လို့ သုံးသပ်ချက်တွေထွက်ပေါ်လာပါတယ်။ကာတွန်းရုပ်ကိုအခြေခံထားတဲ့ရုပ်ရှင်တစ်ကားဟာအော်စကာဆုတွေရဖို့မထိုက်တန်ဘူးလို့ယူဆကြပုံရတယ်လို့ ဝေဖန်ထားကြတာဖြစ်ပါတယ်။

ဘာဘီဟာ စျေးကွက်မှာအောင်မြင်မှုရပြီး ငွေတွေအများအပြားရအောင်ဖန်တီးနိုင်ပေမယ့်အနုပညာအရတော့မှတ်တိုင်စိုက်ထူနိုင်မှုမရှိခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။ဘာဘီကိုစီးပွားဖြစ်ရုပ်ရှင်သက်သက်လို့သတ်မှတ်ပြီး ဆန်ခါတင်စာရင်းထဲအများကြီးမထည့်တာကိုသဘော ကျသူလည်းရှိသလို သဘောမကျသူတွေလည်းရှိနေပါတယ်။အော်စကာရဲ့ဆန်ခါတင်စာရင်း Best Actress ထဲမှာ Nyad ကားနဲ့ Annette Bening ၊ Killers of the flower moon ဇာတ်ကားနဲ့ Lily Gladstone ၊ Anatomy of a fall နဲ့ Sandra Huller ၊ Maestro နဲ့ Carey
Mulligan၊ Poor Things ဇာတ်ကားနဲ့ Emma Stone တို့ကပါဝင်နေတာဖြစ်ပါတယ်။ 96 ကြိမ်မြောက်အော်စကာဆုပေးပွဲကို မတ်လ ၁၀ ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

ေအာ္စကာဆုေပးပြဲမွာဘာဘီေလး Margot Robbie ဟာ Best Actress ရဲ႕ဆန္ခါတင္စာရင္းထဲမပါဝင္ခဲ့သလို ဒါ႐ိုက္တာ Greta Gerwig ဟာလည္း Best Director ဆန္ခါတင္စာရင္းထဲမပါဝင္ခဲ့ပါဘူး။ Barbie ႐ုပ္ရွင္အေနနဲ႔ေတာ့အေကာင္းဆုံးဇာတ္ကားဆုရဲ႕ဆန္ခါတင္စာ ရင္းကိုဝင္ခဲ့ၿပီး သ႐ုပ္ေဆာင္ Ryan Gosling ကလည္းအေကာင္းဆုံးဇာတ္ပို႔ဆုစာရင္းထဲပါဝင္ႏိုင္ခဲ့ပါတယ္။ဒီလိုနာမည္ႀကီးဇာတ္ကားတစ္ကားအေနနဲ႔မ်ားျပားတဲ့ေအာင္ျမင္မႈေတြမရယူႏိုင္တာဟာေအာ္စကာမဲေပးသူေတြရဲ႕အေတြးအေခၚေၾကာင့္ျဖစ္တယ္လို႔ သုံးသပ္ခ်က္ေတြထြက္ေပၚလာပါတယ္။ကာတြန္း႐ုပ္ကိုအေျခခံထားတဲ့႐ုပ္ရွင္တစ္ကားဟာေအာ္စကာဆုေတြရဖို႔မထိုက္တန္ဘူးလို႔ယူဆၾကပုံရတယ္လို႔ ေဝဖန္ထားၾကတာျဖစ္ပါတယ္။

ဘာဘီဟာ ေစ်းကြက္မွာေအာင္ျမင္မႈရၿပီး ေငြေတြအမ်ားအျပားရေအာင္ဖန္တီးႏိုင္ေပမယ့္အႏုပညာအရေတာ့မွတ္တိုင္စိုက္ထူႏိုင္မႈမရွိခဲ့ဘူးလို႔ သုံးသပ္ၾကပါတယ္။ဘာဘီကိုစီးပြားျဖစ္႐ုပ္ရွင္သက္သက္လို႔သတ္မွတ္ၿပီး ဆန္ခါတင္စာရင္းထဲအမ်ားႀကီးမထည့္တာကိုသေဘာ က်သူလည္းရွိသလို သေဘာမက်သူေတြလည္းရွိေနပါတယ္။ေအာ္စကာရဲ႕ဆန္ခါတင္စာရင္း Best Actress ထဲမွာ Nyad ကားနဲ႔ Annette Bening ၊ Killers of the flower moon ဇာတ္ကားနဲ႔ Lily Gladstone ၊ Anatomy of a fall နဲ႔ Sandra Huller ၊ Maestro နဲ႔ Carey
Mulligan၊ Poor Things ဇာတ္ကားနဲ႔ Emma Stone တို႔ကပါဝင္ေနတာျဖစ္ပါတယ္။ 96 ႀကိမ္ေျမာက္ေအာ္စကာဆုေပးပြဲကို မတ္လ ၁၀ ရက္ေန႔မွာက်င္းပျပဳလုပ္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*