Natalie Portman နဲ့အတူတွဲဖက်တွေ့ရတဲ့ ဟန်ဆိုဟီး

လူငယ်ပရိသတ်အများအပြားရဲ့အသည်းနှလုံးတွေကိုသိမ်းပိုက်ထားနိုင်တဲ့ ဟန်ဆိုဟီးတစ်ယောက်နာမည်ကြီးဟောလိဝုဒ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Natalie Portman အတူနီးနီးကပ်ကပ်ရှိနေတာကိုတွေ့မြင်ရပါတယ်။သူမတို့နှစ်ဦးဟာ Paris Fashion Week ကိုတက်ရောက်ရင်းတွေ့ဆုံခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ဟန်ဆိုဟီးက Natalie Portman ဘေးမှာချစ်စရာကောင်းတဲ့အမူအရာလေးနဲ့ဓာတ်ပုံအရိုက်ခံခဲ့တာကိုတွေ့မြင်ရမှာပါ။

ဟန်ဆိုဟီးကဒီပုံကိုသူမရဲ့ Instagram အကောင့်မှာ ဇန်နဝါရီလ 23 ရက်နေ့ကတင်ထားခဲ့ပြီး Dreams Come True လို့ရေးခဲ့တာဖြစ်ပါတယ်။ ဟန်ဆိုဟီးဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ Dior Haute Couture Spring/Summer Collection Show ကိုတက်ရောက်နေခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာသူမဝတ်ဆင်ထားတဲ့ကိုယ်ကျပ်ဇာဝတ်စုံလေးက လည်းတော်တော်လေးလူတွေကိုဆွဲဆောင်ခဲ့ပြီးသူမရဲ့အလှကိုတဖွဖွပြောစရာဖြစ်နေခဲ့တာပါ။လက်ရှိမှာ သူမဟာ Dior Beauty Brand ရဲ့ကိုယ်စားပြုနတ်သမီးတစ်ပါးဖြစ်ပါတယ်။ဟန်ဆိုဟီးခေါင်း ဆောင်ပါဝင်ထားတဲ့ Gyeongseong Creature ဒရာမာ season 2 ဟာ 2024 အတွင်းထွက်ရှိလာမယ်လို့သိရပါတယ်။

Ju Ju

zawgyi

လူငယ္ပရိသတ္အမ်ားအျပားရဲ႕အသည္းႏွလုံးေတြကိုသိမ္းပိုက္ထားႏိုင္တဲ့ ဟန္ဆိုဟီးတစ္ေယာက္နာမည္ႀကီးေဟာလိဝုဒ္အႏုပညာရွင္တစ္ေယာက္ျဖစ္တဲ့ Natalie Portman အတူနီးနီးကပ္ကပ္ရွိေနတာကိုေတြ႕ျမင္ရပါတယ္။သူမတို႔ႏွစ္ဦးဟာ Paris Fashion Week ကိုတက္ေရာက္ရင္းေတြ႕ဆုံခြင့္ရခဲ့ၾကတာျဖစ္ပါတယ္။ဟန္ဆိုဟီးက Natalie Portman ေဘးမွာခ်စ္စရာေကာင္းတဲ့အမူအရာေလးနဲ႔ဓာတ္ပုံအ႐ိုက္ခံခဲ့တာကိုေတြ႕ျမင္ရမွာပါ။

ဟန္ဆိုဟီးကဒီပုံကိုသူမရဲ႕ Instagram အေကာင့္မွာ ဇန္နဝါရီလ 23 ရက္ေန႔ကတင္ထားခဲ့ၿပီး Dreams Come True လို႔ေရးခဲ့တာျဖစ္ပါတယ္။ ဟန္ဆိုဟီးဟာ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ Dior Haute Couture Spring/Summer Collection Show ကိုတက္ေရာက္ေနခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာသူမဝတ္ဆင္ထားတဲ့ကိုယ္က်ပ္ဇာဝတ္စုံေလးက လည္းေတာ္ေတာ္ေလးလူေတြကိုဆြဲေဆာင္ခဲ့ၿပီးသူမရဲ႕အလွကိုတဖြဖြေျပာစရာျဖစ္ေနခဲ့တာပါ။လက္ရွိမွာ သူမဟာ Dior Beauty Brand ရဲ႕ကိုယ္စားျပဳနတ္သမီးတစ္ပါးျဖစ္ပါတယ္။ဟန္ဆိုဟီးေခါင္း ေဆာင္ပါဝင္ထားတဲ့ Gyeongseong Creature ဒရာမာ season 2 ဟာ 2024 အတြင္းထြက္ရွိလာမယ္လို႔သိရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*