ပရိသတ်ရှေ့ပြန်ရောက်လာတော့မယ့် Jang Keun Suk

အဆိုတော်အဖြစ်နဲ့ရော သရုပ်ဆောင်အဖြစ်နဲ့ပါမြန်မာပရိသတ်တွေနဲ့ရင်းနှီးခဲ့တဲ့ Jang Keun Suk ကဇာတ်လမ်းတွဲချစ်သူပရိသတ်တွေရှေ့ကနေပျောက်ဆုံးနေတာကြာပြီဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ သူ့ရဲ့ Chimiro ဆိုတဲ့အဖွဲ့နဲ့အတူအနုပညာအလုပ်တွေ ပြန် လည်စတင်နေပြီဖြစ်ပါတယ်။ Jang Keun Suk ပါဝင်တဲ့ Chimiro ဟာ သူတို့ရဲ့ဒုတိယမြောက်တေးအယ်လ်ဘမ်ကိုမတ်လအတွင်းမှာဖြန့်ချိမယ်လို့သိရပါတယ်။

သူတို့ရဲ့တေးအယ်လ်ဘမ်ဟာ အားလုံးပြီးစီးနေပြီဖြစ်ပြီး ထွက်ရှိနိုင်ဖို့ နောက်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ Time Travel ပုံစံဖန်တီးထားတဲ့ဒီအယ်လ်ဘမ်မှာ 1980 ပြည့်နှစ်မှသည် 1960 အထိ ဒစ္စကိုစတိုင်လ်တွေပါဝင်မယ့်အပြင်ဒါတွေကိုရော့ခ်ဂီတနဲ့ပေါင်းစပ်ဖန်တီးထားတယ်လို့သိရပါတယ်။ဒီတေးအယ်လ်ဘမ်ထွက်ရှိမှုနဲ့အတူ Jang Keun Suk နဲ့ Band ဟာ ကိုရီးယားနဲ့ဂျပန်နိုင်ငံတွေမှာဖျော် ဖြေပွဲတွေပြုလုပ်သွားမှာဖြစ်ပါတယ်။ Chimiro ဟာ ဂျပန်စာလုံးဖြစ်ပြီးဝါသနာတစ်ခုလို့အဓိပ္ပါယ်ရပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*