အလုပ်မှာမဖြစ်နိုင်တဲ့အရာတွေကိုခိုင်းလာတဲ့အခါ ဘယ်လိုတုံ့ပြန်ရမလဲ

အလုပ်တစ်ခုမှာကာလရှည်ကြာလုပ်ဆောင်နိုင်ပြီး ကောင်းမွန်တဲ့ Work Environment ကိုရရှိဖို့ဆိုတာဖြစ်နိုင်တဲ့အလုပ်တာဝန်တွေ၊ ကျိုးကြောင်းညီညွတ်တဲ့အလုပ်တာဝန်တွေကိုခိုင်းတတ်တဲ့လူကြီးတွေရှိခြင်းအပေါ်လည်းတည်မှီနေပါတယ်။ဒါပေမဲ့လုပ်ငန်းခွင်တွေမှာမဖြစ်နိုင်တဲ့အလုပ်တာဝန်တွေ၊ ပြည့်မီဖို့မလွယ်တဲ့ Target တွေချမှတ်တာမျိုးကအများအပြားရှိနေဆဲပါ။ဒီလို ကျိုးကြောင်းမသင့်တင့်တဲ့အလုပ်တွေကိုခိုင်းလာတဲ့အခါ ကိုယ်ကဘယ်လိုငြင်းပယ်နိုင်သလဲ၊ဘယ်လိုတုံ့ပြန်နိုင်သလဲဆိုတာကိုမျှဝေပေးချင်ပါတယ်။ကျိုးကြောင်းမဆီလျော်တဲ့တောင်းဆိုမှုတွေထဲမှာ ဒီအချက်တွေပါဝင်ပါတယ်။

– အလုပ်ပြီးမြောက်ဖို့မဖြစ်နိုင်တဲ့အချိန်အတိုင်းအတာ Deadline
– Project Requirements ကိုမမီနိုင်တဲ့ Low Budget သုံးတာ
– မန်နေဂျာအတွက်လက်တိုလက်တောင်းခိုင်းတာ
– စာချုပ်သဘောတူညီချက်ကိုကျော်လွန်ပြီး အချိန်ပိုတွေမဖြစ်မနေဆင်းခိုင်းတာ
– ကိုယ်သိထားတတ်ထားတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ အလုပ်တွေ၊ ပရောဂျက်တွေခိုင်းတာစတာတွေဖြစ်ပါတယ်။

လူတစ်ယောက်မှာရှိထားတဲ့အသိပညာထက်ပိုတဲ့အလုပ်တွေ၊ မဖြစ်နိုင်တဲ့အရာတွေကိုခိုင်းတာကဝန်ထမ်းတွေကို စိတ်ဖိစီးမှုနဲ့စိတ်ပင်ပန်းမှုကိုသာရစေပြီးနောက်ဆုံးမှာအလုပ်ကနေထွက်ပြေးသွားနိုင်စေပါတယ်။ကိုယ့်ကိုဒီလိုဖိအားတွေပေးလာတဲ့အခါ ဒီအချက်တွေအတိုင်းလုပ်ဆောင်နိုင်ပါတယ်။
– ကိုယ့်ဆီရောက်လာတဲ့အလုပ်တာဝန်ဟာ ကိုယ်တကယ်လုပ်ဖို့လိုတဲ့အရာလား၊တကယ်ပဲကိုယ့်တာဝန်လားဆိုတာကို သုံးသပ်ဖို့လိုပါတယ်။ မသေချာဘူးဆိုရင်အထက်လူကြီးတွေနဲ့ဆွေးနွေးနိုင်ပါတယ်။ ခိုင်းလာတဲ့အလုပ်တာဝန်ဟာကိုယ်စွမ်းဆောင်နိုင်တဲ့အရာ ဟုတ်၊မဟုတ်ဆိုတာသေသေချာချာသုံးသပ်ပြီးမှလက်ခံရမှာဖြစ်ပါတယ်။

– ဘာ့ကြောင့်ဒီအလုပ်ကိုခိုင်းတာလဲဆိုတာလေ့လာပါ။ မန်နေဂျာအနေနဲ့ ဝန်ထမ်းတစ်ဦးစီကိုမတူညီတဲ့တာဝန်တွေပေးကြည့်တာ၊ Brainstorm လုပ်ဖို့၊ အဖြေတစ်ခုကိုရှာဖွေဖို့အလုပ်တာဝန်အသစ်ပေးလာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ မတရားဖိနှိပ်ဖို့ခိုင်းစေတယ်လို့
ထင်ရင်တော့ပြန်ပြီးတုံ့ပြန်ပြောဆိုရမှာဖြစ်ပါတယ်။

– ကိုယ့်စိတ်ခံစားချက်ကို အလေးထားပါ။ တချို့တွေက ဘာကိုမှမငြင်းရဲဘဲခေါင်းညိတ်လိုက်ပြီးမှမနိုင်တဲ့တာဝန်တွေထမ်းရတာမို့ ငိုချတဲ့အထိ၊ ကျန်းမာရေးထိခိုက်တဲ့အထိဖြစ်တတ်ကြပါတယ်။ဒါ့ကြောင့် တာဝန်တစ်ခုပေးလာချိန်မှာ ငါတကယ်ရောလုပ်နိုင်ပါ့မလား၊စိတ်တော်တော်လေးဖိစီးနေပြီလားဆိုတာတွေးဆပါ။ မဖြစ်နိုင်ဘူးထင်ရင်စောစောကတည်းကငြင်းဆန်ပစ်တာပိုကောင်းပါတယ်။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းနဲ့စည်းဘောင်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်အသိပေးထားပါ။

– နောက်ဆုံးတစ်ချက်က ဒီအလုပ်ဟာ ကိုယ့်အတွက်မဖြစ်နိုင်ကြောင်းကိုကျိုးကြောင်းညီညွတ်စွာပြောဆိုရှင်းပြဖို့ပါ။ ကိုယ့်ကိုယုံကြည်ပြီးဒီလိုတာဝန်ကိုပေးလာတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့မဖြစ်နိုင်တဲ့အခြေအနေကိုချိုချိုသာသာရှင်းပြဖို့လိုပါတယ်။လုပ်ငန်းခွင်စဝင်သူပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာနှစ်ကြာနေသူတွေပဲဖြစ်ဖြစ်ကိုယ့်ကိုဝန်ပိစေတဲ့အလုပ်မျိုးတွေခိုင်းစေတာခံကြရလေ့ရှိပါတယ်။ဒါ့ကြောင့်လည်းကိုယ်လုပ်နိုင်တဲ့အတိုင်းအတာနဲ့ ခိုင်းစေလာတဲ့ရည်ရွယ်ချက်ကိုအဓိကကြည့်ပြီးငြင်းဆန်ရမယ့်အရာဆိုရင် စောစောကတည်းကငြင်းဆန်ရဲဖို့လိုပါတယ်နော်။

Ju Ju

zawgyi

အလုပ္တစ္ခုမွာကာလရွည္ၾကာလုပ္ေဆာင္ႏိုင္ၿပီး ေကာင္းမြန္တဲ့ Work Environment ကိုရရွိဖို႔ဆိုတာျဖစ္ႏိုင္တဲ့အလုပ္တာဝန္ေတြ၊ က်ိဳးေၾကာင္းညီၫြတ္တဲ့အလုပ္တာဝန္ေတြကိုခိုင္းတတ္တဲ့လူႀကီးေတြရွိျခင္းအေပၚလည္းတည္မွီေနပါတယ္။ဒါေပမဲ့လုပ္ငန္းခြင္ေတြမွာမျဖစ္ႏိုင္တဲ့အလုပ္တာဝန္ေတြ၊ ျပည့္မီဖို႔မလြယ္တဲ့ Target ေတြခ်မွတ္တာမ်ိဳးကအမ်ားအျပားရွိေနဆဲပါ။ဒီလို က်ိဳးေၾကာင္းမသင့္တင့္တဲ့အလုပ္ေတြကိုခိုင္းလာတဲ့အခါ ကိုယ္ကဘယ္လိုျငင္းပယ္ႏိုင္သလဲ၊ဘယ္လိုတုံ႔ျပန္ႏိုင္သလဲဆိုတာကိုမွ်ေဝေပးခ်င္ပါတယ္။က်ိဳးေၾကာင္းမဆီေလ်ာ္တဲ့ေတာင္းဆိုမႈေတြထဲမွာ ဒီအခ်က္ေတြပါဝင္ပါတယ္။

– အလုပ္ၿပီးေျမာက္ဖို႔မျဖစ္ႏိုင္တဲ့အခ်ိန္အတိုင္းအတာ Deadline
– Project Requirements ကိုမမီႏိုင္တဲ့ Low Budget သုံးတာ
– မန္ေနဂ်ာအတြက္လက္တိုလက္ေတာင္းခိုင္းတာ
– စာခ်ဳပ္သေဘာတူညီခ်က္ကိုေက်ာ္လြန္ၿပီး အခ်ိန္ပိုေတြမျဖစ္မေနဆင္းခိုင္းတာ
– ကိုယ္သိထားတတ္ထားတဲ့အတိုင္းအတာထက္ေက်ာ္လြန္တဲ့ အလုပ္ေတြ၊ ပေရာဂ်က္ေတြခိုင္းတာစတာေတြျဖစ္ပါတယ္။

လူတစ္ေယာက္မွာရွိထားတဲ့အသိပညာထက္ပိုတဲ့အလုပ္ေတြ၊ မျဖစ္ႏိုင္တဲ့အရာေတြကိုခိုင္းတာကဝန္ထမ္းေတြကို စိတ္ဖိစီးမႈနဲ႔စိတ္ပင္ပန္းမႈကိုသာရေစၿပီးေနာက္ဆုံးမွာအလုပ္ကေနထြက္ေျပးသြားႏိုင္ေစပါတယ္။ကိုယ့္ကိုဒီလိုဖိအားေတြေပးလာတဲ့အခါ ဒီအခ်က္ေတြအတိုင္းလုပ္ေဆာင္ႏိုင္ပါတယ္။
– ကိုယ့္ဆီေရာက္လာတဲ့အလုပ္တာဝန္ဟာ ကိုယ္တကယ္လုပ္ဖို႔လိုတဲ့အရာလား၊တကယ္ပဲကိုယ့္တာဝန္လားဆိုတာကို သုံးသပ္ဖို႔လိုပါတယ္။ မေသခ်ာဘူးဆိုရင္အထက္လူႀကီးေတြနဲ႔ေဆြးေႏြးႏိုင္ပါတယ္။ ခိုင္းလာတဲ့အလုပ္တာဝန္ဟာကိုယ္စြမ္းေဆာင္ႏိုင္တဲ့အရာ ဟုတ္၊မဟုတ္ဆိုတာေသေသခ်ာခ်ာသုံးသပ္ၿပီးမွလက္ခံရမွာျဖစ္ပါတယ္။

– ဘာ့ေၾကာင့္ဒီအလုပ္ကိုခိုင္းတာလဲဆိုတာေလ့လာပါ။ မန္ေနဂ်ာအေနနဲ႔ ဝန္ထမ္းတစ္ဦးစီကိုမတူညီတဲ့တာဝန္ေတြေပးၾကည့္တာ၊ Brainstorm လုပ္ဖို႔၊ အေျဖတစ္ခုကိုရွာေဖြဖို႔အလုပ္တာဝန္အသစ္ေပးလာတာမ်ိဳးလည္းျဖစ္ႏိုင္ပါတယ္။ မတရားဖိႏွိပ္ဖို႔ခိုင္းေစတယ္လို႔
ထင္ရင္ေတာ့ျပန္ၿပီးတုံ႔ျပန္ေျပာဆိုရမွာျဖစ္ပါတယ္။

– ကိုယ့္စိတ္ခံစားခ်က္ကို အေလးထားပါ။ တခ်ိဳ႕ေတြက ဘာကိုမွမျငင္းရဲဘဲေခါင္းညိတ္လိုက္ၿပီးမွမႏိုင္တဲ့တာဝန္ေတြထမ္းရတာမို႔ ငိုခ်တဲ့အထိ၊ က်န္းမာေရးထိခိုက္တဲ့အထိျဖစ္တတ္ၾကပါတယ္။ဒါ့ေၾကာင့္ တာဝန္တစ္ခုေပးလာခ်ိန္မွာ ငါတကယ္ေရာလုပ္ႏိုင္ပါ့မလား၊စိတ္ေတာ္ေတာ္ေလးဖိစီးေနၿပီလားဆိုတာေတြးဆပါ။ မျဖစ္ႏိုင္ဘူးထင္ရင္ေစာေစာကတည္းကျငင္းဆန္ပစ္တာပိုေကာင္းပါတယ္။ ကိုယ့္ရဲ႕လုပ္ႏိုင္စြမ္းနဲ႔စည္းေဘာင္ကိုရွင္းရွင္းလင္းလင္းသတ္မွတ္အသိေပးထားပါ။

– ေနာက္ဆုံးတစ္ခ်က္က ဒီအလုပ္ဟာ ကိုယ့္အတြက္မျဖစ္ႏိုင္ေၾကာင္းကိုက်ိဳးေၾကာင္းညီၫြတ္စြာေျပာဆိုရွင္းျပဖို႔ပါ။ ကိုယ့္ကိုယုံၾကည္ၿပီးဒီလိုတာဝန္ကိုေပးလာတဲ့အတြက္ ေက်းဇူးတင္ေၾကာင္းနဲ႔မျဖစ္ႏိုင္တဲ့အေျခအေနကိုခ်ိဳခ်ိဳသာသာရွင္းျပဖို႔လိုပါတယ္။လုပ္ငန္းခြင္စဝင္သူပဲျဖစ္ျဖစ္၊ အလုပ္လုပ္တာႏွစ္ၾကာေနသူေတြပဲျဖစ္ျဖစ္ကိုယ့္ကိုဝန္ပိေစတဲ့အလုပ္မ်ိဳးေတြခိုင္းေစတာခံၾကရေလ့ရွိပါတယ္။ဒါ့ေၾကာင့္လည္းကိုယ္လုပ္ႏိုင္တဲ့အတိုင္းအတာနဲ႔ ခိုင္းေစလာတဲ့ရည္႐ြယ္ခ်က္ကိုအဓိကၾကည့္ၿပီးျငင္းဆန္ရမယ့္အရာဆိုရင္ ေစာေစာကတည္းကျငင္းဆန္ရဲဖို႔လိုပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*