ဖက်ရှင်အသစ်၊ စတိုင်လ်အသစ်နဲ့မြင်တွေ့ရတဲ့ ခရစ္စတင်းစတီးဝပ်ဒ်

Twilight မင်းသမီး ခရစ္စတင်းစတီးဝပ်ဒ်ကို တစ်ခါမှမမြင်ဖူးတဲ့ဆံပင်စတိုင်လ်အသစ်၊ ဖက်ရှင်အသစ်နဲ့ Sundance Film Festival ကိုတက်ရောက်လာတာတွေ့မြင်ရပါတယ်။ ဇန်နဝါရီလ (18)ရက်နေ့ကကျင်းပတဲ့ ဒီရုပ်ရှင်ပွဲမှာ သူမကအသွင်အပြင်အသစ်နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။သူမက ဆံမြိတ်တွေကိုရှေ့ချထားပြီး မျက်ခုံးကိုလည်း 1950 ခုနစ်ကခေတ်စားတဲ့ပုံစံမျိုးပုံဖော်ထားခဲ့တာဖြစ်ပါတယ်။ နောက်ဆံပင်ကိုမြင့်မြင့်စည်းထားပြီး Chanel ဝတ်စုံနဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ပြင်ဆင်ထားပါတယ်။ ဒီပွဲမှာ ခရစ္စတင်းစတီးဝပ်ဒ်က
သူမကိုမြင်နေကျပုံစံကနေခွဲထွက်ပြင်ဆင်လိုက်တာမို့ လူအများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။

ဒီပွဲမှာသူမက သူမနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့ဖူးတဲ့ Jesse Eisenberg ဆီကနေ Visionary Award ကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။ ခရစ္စတင်းစတီးဝပ်ဒ်အနေနဲ့ ဒီပွဲကိုတက်ရောက်လာတာဟာ သူမရဲ့ indie movie တွေကိုရိုက်ကူးဖို့ Funding ရချင်တာကြောင့်ဖြစ်တယ်လို့ပွင့်ပွင့်လင်းလင်းဖွင့်ဟခဲ့တာတွေ့ရပါတယ်။ကျွန်မဆီမှာရိုက်လက်စဇာတ်ကားလည်းရှိနေတယ်။ အဲဒီအပြင်နောက်ဇာတ်ကားတစ်ကားကိုလည်းစရိုက်ထားရမယ်။ အဲဒီအတွက် ထောက်ပံ့ငွေလိုအပ်နေတယ်လို့ပြောခဲ့တာပါ။ 2024 ခုနစ်၊ Sundance ပွဲမှာ သူမရဲ့ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Love Lies Bleeding နဲ့ Love Me ကိုပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi

Twilight မင္းသမီး ခရစၥတင္းစတီးဝပ္ဒ္ကို တစ္ခါမွမျမင္ဖူးတဲ့ဆံပင္စတိုင္လ္အသစ္၊ ဖက္ရွင္အသစ္နဲ႔ Sundance Film Festival ကိုတက္ေရာက္လာတာေတြ႕ျမင္ရပါတယ္။ ဇန္နဝါရီလ (18)ရက္ေန႔ကက်င္းပတဲ့ ဒီ႐ုပ္ရွင္ပြဲမွာ သူမကအသြင္အျပင္အသစ္နဲ႔ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။သူမက ဆံၿမိတ္ေတြကိုေရွ႕ခ်ထားၿပီး မ်က္ခုံးကိုလည္း 1950 ခုနစ္ကေခတ္စားတဲ့ပုံစံမ်ိဳးပုံေဖာ္ထားခဲ့တာျဖစ္ပါတယ္။ ေနာက္ဆံပင္ကိုျမင့္ျမင့္စည္းထားၿပီး Chanel ဝတ္စုံနဲ႔အလိုက္ဖက္ဆုံးျဖစ္ေအာင္ ျပင္ဆင္ထားပါတယ္။ ဒီပြဲမွာ ခရစၥတင္းစတီးဝပ္ဒ္က
သူမကိုျမင္ေနက်ပုံစံကေနခြဲထြက္ျပင္ဆင္လိုက္တာမို႔ လူအမ်ားရဲ႕အာ႐ုံစိုက္မႈကိုရရွိခဲ့ပါတယ္။

ဒီပြဲမွာသူမက သူမနဲ႔အတူတြဲဖက္သ႐ုပ္ေဆာင္ခဲ့ဖူးတဲ့ Jesse Eisenberg ဆီကေန Visionary Award ကိုလက္ခံရရွိခဲ့တာျဖစ္ပါတယ္။ ခရစၥတင္းစတီးဝပ္ဒ္အေနနဲ႔ ဒီပြဲကိုတက္ေရာက္လာတာဟာ သူမရဲ႕ indie movie ေတြကို႐ိုက္ကူးဖို႔ Funding ရခ်င္တာေၾကာင့္ျဖစ္တယ္လို႔ပြင့္ပြင့္လင္းလင္းဖြင့္ဟခဲ့တာေတြ႕ရပါတယ္။ကြၽန္မဆီမွာ႐ိုက္လက္စဇာတ္ကားလည္းရွိေနတယ္။ အဲဒီအျပင္ေနာက္ဇာတ္ကားတစ္ကားကိုလည္းစ႐ိုက္ထားရမယ္။ အဲဒီအတြက္ ေထာက္ပံ့ေငြလိုအပ္ေနတယ္လို႔ေျပာခဲ့တာပါ။ 2024 ခုနစ္၊ Sundance ပြဲမွာ သူမရဲ႕႐ုပ္ရွင္ႏွစ္ကားျဖစ္တဲ့ Love Lies Bleeding နဲ႔ Love Me ကိုျပသမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*