Welcome to Samdalri နောက်ဆုံးပိုင်းမှာ ကင်ထေဟီးပါဝင်မည်

JTBC ရဲ့ အချစ်ဒရာမာဇာတ်လမ်းတွဲဖြစ်တဲ့ Welcome to Samdalri ရဲ့ Final Episode မှာမင်းသမီးကင်ထေဟီးက အထူးသရုပ်ဆောင်အနေနဲ့ပါဝင်မယ်လို့သိရပါတယ်။ ဒီဇာတ်လမ်းတွဲမှာမင်းသား Ji Chang Wook ကဂျယ်ဂျူးကျွန်းမှာစွဲစွဲမြဲမြဲနေထိုင်ခဲ့တဲ့ဒေသခံတစ်ဦးအဖြစ်သရုပ်ဆောင်ထားပြီး သူနဲ့အတူ မင်းသမီး Shin Hye Sun လည်းတွဲဖက်သရုပ်ဆောင်ထားပါတယ်။ Shin Hye Sun ဟာ Ji Chang Wook ရဲ့အရင်းနှီးဆုံးငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ကင်ထေဟီးအနေနဲ့ အခုလိုအထူးသရုပ်ဆောင်အနေနဲ့ပါဝင်လာခြင်းဟာ သူမနဲ့အတူအလုပ်တွဲလုပ်ခဲ့ဖူးတဲ့ဇာတ်ညွှန်းဆရာမကွမ်ဟေးဂျိုကို အားပေးထောက်ခံတဲ့အနေနဲ့ဖြစ်တယ်လို့သိရပါတယ်။

ကွမ်ဟေးဂျိုနဲ့ကင်ထေဟီးတို့ဟာ 2020 ခုနစ်ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်လမ်းတွဲ Hi! Bye Ma Ma မှာအတူလက်တွဲပြီး အလုပ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။လက်ရှိမှာတော့ Welcome to Samdalri ရဲ့ Final Episode အတွက်မင်းသမီးကင်ထေဟီးရဲ့ဓာတ်ပုံတွေထွက်ရှိလာပြီဖြစ်ပါတယ်။ သူမရဲ့မပြောင်းလဲတဲ့အလှနဲ့အပြုံးချိုချိုလေးတွေကိုတွေ့မြင်ရပြီးသူမရဲ့ဇာတ်ရုပ်ကိုတော့ အတိအကျမသိရသေးပါဘူး။ ကင်ထေဟီးပါဝင်လာတဲ့အတွက် Welcome to Samdalri ရဲ့ Final Episode ကိုကြည့်ရှုသူတွေပိုမိုများပြားလာနိုင်တယ်လို့မှတ် ချက်ပေးထားကြပါတယ်။

Ju Ju

zawgyi

JTBC ရဲ႕ အခ်စ္ဒရာမာဇာတ္လမ္းတြဲျဖစ္တဲ့ Welcome to Samdalri ရဲ႕ Final Episode မွာမင္းသမီးကင္ေထဟီးက အထူးသ႐ုပ္ေဆာင္အေနနဲ႔ပါဝင္မယ္လို႔သိရပါတယ္။ ဒီဇာတ္လမ္းတြဲမွာမင္းသား Ji Chang Wook ကဂ်ယ္ဂ်ဴးကြၽန္းမွာစြဲစြဲၿမဲၿမဲေနထိုင္ခဲ့တဲ့ေဒသခံတစ္ဦးအျဖစ္သ႐ုပ္ေဆာင္ထားၿပီး သူနဲ႔အတူ မင္းသမီး Shin Hye Sun လည္းတြဲဖက္သ႐ုပ္ေဆာင္ထားပါတယ္။ Shin Hye Sun ဟာ Ji Chang Wook ရဲ႕အရင္းႏွီးဆုံးငယ္သူငယ္ခ်င္းအျဖစ္ပါဝင္ထားတာျဖစ္ပါတယ္။ကင္ေထဟီးအေနနဲ႔ အခုလိုအထူးသ႐ုပ္ေဆာင္အေနနဲ႔ပါဝင္လာျခင္းဟာ သူမနဲ႔အတူအလုပ္တြဲလုပ္ခဲ့ဖူးတဲ့ဇာတ္ၫႊန္းဆရာမကြမ္ေဟးဂ်ိဳကို အားေပးေထာက္ခံတဲ့အေနနဲ႔ျဖစ္တယ္လို႔သိရပါတယ္။

ကြမ္ေဟးဂ်ိဳနဲ႔ကင္ေထဟီးတို႔ဟာ 2020 ခုနစ္ကထြက္ရွိခဲ့တဲ့နာမည္ႀကီးဇာတ္လမ္းတြဲ Hi! Bye Ma Ma မွာအတူလက္တြဲၿပီး အလုပ္လုပ္ခဲ့ဖူးတာျဖစ္ပါတယ္။လက္ရွိမွာေတာ့ Welcome to Samdalri ရဲ႕ Final Episode အတြက္မင္းသမီးကင္ေထဟီးရဲ႕ဓာတ္ပုံေတြထြက္ရွိလာၿပီျဖစ္ပါတယ္။ သူမရဲ႕မေျပာင္းလဲတဲ့အလွနဲ႔အၿပဳံးခ်ိဳခ်ိဳေလးေတြကိုေတြ႕ျမင္ရၿပီးသူမရဲ႕ဇာတ္႐ုပ္ကိုေတာ့ အတိအက်မသိရေသးပါဘူး။ ကင္ေထဟီးပါဝင္လာတဲ့အတြက္ Welcome to Samdalri ရဲ႕ Final Episode ကိုၾကည့္ရႈသူေတြပိုမိုမ်ားျပားလာႏိုင္တယ္လို႔မွတ္ ခ်က္ေပးထားၾကပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*