မကြာခင်ရုံ‌တင်တော့မယ့် J Lo ရဲ့ဇာတ်ကားသစ် This is Me…Now

ဂျနီဖာလိုပက်ဇ်ရဲ့ ရုပ်ရှင်ကားသစ်ဖြစ်တဲ့ This is Me … Now: A love Story ရဲ့ Trailer ဟာ ဇန်နဝါရီ ၁၈ ရက်နေ့ကထွက်ရှိလာခဲ့ပါပြီ။
ဒီရုပ်ရှင်ဟာ ဇာတ်ကြောင်းပြောသူတစ်ယောက်ကပြောပြနေတဲ့ပုံစံမျိုးဖန်တီးထားပြီး ဒဏ္ဍာရီဆန်သလို ပုဂ္ဂိုလ်ရေးဆန်တဲ့ ပုံစံနှစ်မျိုးရောမွှေထားတဲ့ဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ဒီရုပ်ရှင်မှာ JLo ရဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့အချစ်နဲ့ ဘဝဖြတ်သန်းမှုပုံစံတွေပါဝင်ပါပြီး Musical Film ဖြစ်ပါတယ်။

ဒါ့အပြင်သူမရဲ့ (၉) ခုမြောက် Album ဖြစ်တဲ့ This is Me… Now ဟာလည်း ဖေဖော်ဝါရီ ၁၆ မှာပဲထွက်ရှိလာမှာဖြစ်တယ်လို့သိရပါတယ်။ဒီ Album ရဲ့ Lead Single ဖြစ်တဲ့ Can’t get enough ကတော့ မကြာခင်ကထွက်ရှိခဲ့ပြီးပါပြီ။ဒါဟာ This is Me Then(2002) ထွက်ရရှိပြီး ၁၂ နှစ်အကြာမှထွက်ရှိလာတာဖြစ်ပါတယ်။This is Me… Now ရုပ်ရှင်ကို Amazon Prime ကထုတ်လုပ်ပြီးဖေဖော်ဝါရီ ၁၆ ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*