Dua Lipa ရဲ့ Album အသစ် ယခုနှစ်အတွင်းထွက်ရှိမယ်

Dua Lipa ဟာ မကြာသေးခင်က Rolling Stone Magazine ကြီးရဲ့ Cover Model အဖြစ်ပါဝင်ခဲ့ပြီး သူမရဲ့အယ်လ်ဘမ်အသစ်အ ကြောင်းကိုလည်းမျှဝေခဲ့တာတွေ့ရပါတယ်။သူမရဲ့အသစ်ထွက်ရှိလာမယ့် တတိယမြောက်အယ်လ်ဘမ်အတွက် Lead Single ဖြစ်တဲ့ Houdini ကိုထုတ်လုပ်ပြီးဖြစ်ပေမယ့် Album Title ကိုတော့ မပေးရသေးပါဘူး။ သူမက Album အသစ်အကြောင်းကို”သီချင်းတွေထဲမှာ ငယ်ဘဝရဲ့အရသာလွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်းတွေအကြောင်းပါချင်တယ်။

ကောင်းတာရောဆိုးတာရော အဖြစ်အပျက်လေးတွေပါချင်တယ်။ ပြီးခဲ့တဲ့ဖြစ်ရပ်တွေဆိုတာပြောင်းလဲလို့မရနိုင်တော့ဘူးလေ။ ဘာပဲဖြစ်ဖြစ် ကြုံလာသမျှကိုရင်ဆိုင်ရမှာပဲလေ” လို့ပြောခဲ့ပါတယ်။သူမရဲ့တတိယမြောက် Album ဟာ အကြမ်းပြီးစီးနေပြီလို့သိရပြီး Album တရားဝင်ထွက်ရှိမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*