Live မှာ စကားပြောမှားသွားလို့ ပြန်တောင်းပန်နေရတဲ့ Minji

Newjeans အဖွဲ့ဝင် Minji တစ်ယောက် သူမတို့အဖွဲ့ရဲ့ Fan Group ဖြစ်တဲ့ Bunnies တွေနဲ့ စကားပြောရာမှာစကားပြောမှားသွားတဲ့အတွက် ပြန်လည်တောင်းပန်နေရပါတယ်။ Live လွှင့်ချိန်မှာ Minji က သူမစိတ်ထဲကအတိုင်း အရှိကိုအရှိအတိုင်းပြောချင်တဲ့ ဆန္ဒရှိခဲ့ပြီး ကြည့်ရှုသူတွေဘက်ကနေ မတွေးဖြစ်ခဲ့မိဘူးလို့ဆိုပါတယ်။သူမက ကိုရီးယားရဲ့နာမည်ကြီးခေါက်ဆွဲဟင်းလျာတစ်မျိုးကို သူမလုံးဝမစားဖူးကြောင်း၊သူမကအစားရွေးတာမို့ အဲဒါမျိုးလုံးဝမစားကြောင်းပြောလိုက်မိတာဖြစ်ပါတယ်။
ဒါကိုပရိသတ်တွေက သူမကနာမည်ကြီးတစ်ယောက်ဖြစ်လာတဲ့အတွက် ဒီလိုအစားအစာမျိုးကိုတမင်မသိချင်ယောင်ဆောင်တာ၊ဟန် ဆောင်ပြနေတာ ဆိုပြီးမှတ်ချက်ပေးဝေဖန်လာကြတာဖြစ်ပါတယ်။သူမက အဲဒီအတွက် တောင်းပန်စာရေးသားခဲ့ရပါတယ်။ သူမက အ ပြစ်တင်ရှုံ့ချစိတ်မျိုးနဲ့ပြောတာမဟုတ်ဘဲ စကားပြောမတတ်သလိုဖြစ်ခဲ့တာမို့ နားလည်ပေးဖို့နဲ့ တောင်းပန်တဲ့အကြောင်း ရေးသားခဲ့တာဖြစ်ပါတယ်။
Ju Ju
zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*