Emmy Awards မှာဆုတွေအများကြီးပိုင်ဆိုင်သွားတဲ့ Succession၊Beef နဲ့ The Bear

ပြီးခဲ့တဲ့ တနင်္လာနေ့ကကျင်းပခဲ့တဲ့ Emmy Awards ဆုပေးပွဲမှာ Succession၊ Beef နဲ့ The Bear ဇာတ်လမ်းတွဲတွေကဆုတွေအများကြီးပိုင်ဆိုင်သွားတယ်လို့သိရပါတယ်။ Succession ဇာတ်လမ်းတွဲအတွက် Sarah Snook၊ Kieran Culkin နဲ့ Matthew Macfadyen တို့က သရုပ်ဆောင်ဆုတွေအသီးသီးကိုအိမ်ပြန်သယ်ဆောင်သွားနိုင်ကြတာဖြစ်ပါတယ်။ Succession ရဲ့ဖန်တီးရှင် Jesse Armstrong က “Show ကြီးပြီးသွားတဲ့အတွက် ဝမ်းနည်းရပါတယ်။ ဒါပေမဲ့ ခု‌ကျ‌တကယ့်ကိုကျေနပ်မိပြန်တယ်” လို့ ဆုရရှိမှုတွေနဲ့ပတ်သက်ပြီး အ မှတ်တရစကားပြောခဲ့ပါတယ်။ Succession ဇာတ်လမ်းတွဲဟာ Golden Globe မှာလည်းဆုများစွာဆွတ်ခူးခဲ့တဲ့ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။

နောက်ထပ် ဆုရဇာတ်လမ်းတွဲကတော့ Beef ပါ။ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ဆောင်တွေဖြစ်တဲ့ Ali Wong နဲ့ Steven Yeun တို့ကထူးချွန်ဆုတွေသိမ်းပိုက်ခဲ့သလို Golden Globe မှာလည်း သူတို့နှစ်ဦးကဆုတွေရယူခဲ့ပါသေးတယ်။ သူစိမ်းနှစ်ဦးကားလမ်းမပေါ်မှာ မ တော်တဆထိခိုက်မိရာကနေ နှစ်‌‌ယောက်လုံးရဲ့ဘဝတွေဘယ်လိုရှုပ်ထွေးသွားသလဲဆိုတာ ပြသထားတာဖြစ်ပါတယ်။The Bear ကတော့ မိသားစုအမွေကိုရယူလိုက်ရတဲ့ နာမည်ကြီးစာဖိုမှူးတစ်ယောက် ဇာတိမြို့ကိုပြန်လာပြီး အသားညှပ်ပေါင်မုန့်ဆိုင်ဖွင့်ရချိန်မှာ ဘာတွေတွေ့ကြုံရသလဲဆိုတာကို ပြသထားတာပါ။ဒီနှစ်ရဲ့ Emmy ဆုတွေကိုတော့ အခုဖော်ပြခဲ့တဲ့နာမည်ကြီးဇာတ်လမ်းတွဲတွေကပဲအများဆုံးပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

Ju Ju

zawgyi

ၿပီးခဲ့တဲ့ တနလၤာေန႔ကက်င္းပခဲ့တဲ့ Emmy Awards ဆုေပးပြဲမွာ Succession၊ Beef နဲ႔ The Bear ဇာတ္လမ္းတြဲေတြကဆုေတြအမ်ားႀကီးပိုင္ဆိုင္သြားတယ္လို႔သိရပါတယ္။ Succession ဇာတ္လမ္းတြဲအတြက္ Sarah Snook၊ Kieran Culkin နဲ႔ Matthew Macfadyen တို႔က သ႐ုပ္ေဆာင္ဆုေတြအသီးသီးကိုအိမ္ျပန္သယ္ေဆာင္သြားႏိုင္ၾကတာျဖစ္ပါတယ္။ Succession ရဲ႕ဖန္တီးရွင္ Jesse Armstrong က “Show ႀကီးၿပီးသြားတဲ့အတြက္ ဝမ္းနည္းရပါတယ္။ ဒါေပမဲ့ ခု‌က်‌တကယ့္ကိုေက်နပ္မိျပန္တယ္” လို႔ ဆုရရွိမႈေတြနဲ႔ပတ္သက္ၿပီး အ မွတ္တရစကားေျပာခဲ့ပါတယ္။ Succession ဇာတ္လမ္းတြဲဟာ Golden Globe မွာလည္းဆုမ်ားစြာဆြတ္ခူးခဲ့တဲ့ဇာတ္လမ္းေကာင္းတစ္ခုျဖစ္ပါတယ္။

ေနာက္ထပ္ ဆုရဇာတ္လမ္းတြဲကေတာ့ Beef ပါ။ဒီဇာတ္လမ္းတြဲရဲ႕ အဓိကဇာတ္ေဆာင္ေတြျဖစ္တဲ့ Ali Wong နဲ႔ Steven Yeun တို႔ကထူးခြၽန္ဆုေတြသိမ္းပိုက္ခဲ့သလို Golden Globe မွာလည္း သူတို႔ႏွစ္ဦးကဆုေတြရယူခဲ့ပါေသးတယ္။ သူစိမ္းႏွစ္ဦးကားလမ္းမေပၚမွာ မ ေတာ္တဆထိခိုက္မိရာကေန ႏွစ္‌‌ေယာက္လုံးရဲ႕ဘဝေတြဘယ္လိုရႈပ္ေထြးသြားသလဲဆိုတာ ျပသထားတာျဖစ္ပါတယ္။The Bear ကေတာ့ မိသားစုအေမြကိုရယူလိုက္ရတဲ့ နာမည္ႀကီးစာဖိုမႉးတစ္ေယာက္ ဇာတိၿမိဳ႕ကိုျပန္လာၿပီး အသားညႇပ္ေပါင္မုန႔္ဆိုင္ဖြင့္ရခ်ိန္မွာ ဘာေတြေတြ႕ႀကဳံရသလဲဆိုတာကို ျပသထားတာပါ။ဒီႏွစ္ရဲ႕ Emmy ဆုေတြကိုေတာ့ အခုေဖာ္ျပခဲ့တဲ့နာမည္ႀကီးဇာတ္လမ္းတြဲေတြကပဲအမ်ားဆုံးပိုင္ဆိုင္သြားခဲ့တာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*