ရည်းစားဟောင်းဆီကငွေကြေးလက်ခံထားတာမျိုးလုံးဝမရှိပါဘူးဆိုတဲ့ ဘတ်မင်ယောင်

လတ်တလောမှာတချို့သော ကိုရီးယားသတင်းဌာနတွေရဲ့ သတင်းဖော်ပြမှုအရ မင်းသမီးဘတ်မင်ယောင်ဟာ ရည်းစားဟောင်းဖြစ်သူဆီကနေ ငွေကြေးအများအပြားလက်ခံခဲ့ဖူးတယ်လို့သိရပါတယ်။ဘတ်မင်‌ယာင်ရဲ့ ရည်းစားဟောင်းဟာ Cryptocurrency လဲလှယ်ပေးတဲ့လုပ်ငန်းတစ်ခုရဲ့ Owner ဖြစ်ပါတယ်။သူဟာ ဘတ်မင်ယောင်နာမည်နဲ့ နေထိုင်စရိတ်ဆိုတဲ့ခေါင်းစဉ်အောက်ကနေ ငွေအများအပြားသုံး ခဲ့ဖူးတာဖြစ်ပါတယ်။ ဘတ်မင်ယောင်ရဲ့ အေဂျင်စီကတော့ မင်းသမီးဟာ တရားမဝင်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး ဘာမှပါဝင်ပတ်သက်မှုမရှိဘူးလို့ဆိုပါတယ်။သူတို့စုံတွဲဟာ ချစ်ကြိုက်ပြီးသိပ်မကြာခင်မှာပဲ လမ်းခွဲခဲ့ကြတာပါ။ ဘတ်မင်ယောင်ဟာ ရည်းစားဟောင်းကိစ္စနဲ့အရှုပ်တွေရှင်းနေရပေမယ့် သူမရဲ့သရုပ်ဆောင်အလုပ်ကိုလည်းအာရုံစိုက်နေတယ်လို့သိရပါတယ်။ သူမဟာ မကြာသေးခင်က Marry My Husband ဆိုတဲ့ဇာတ်လမ်းတွဲမှာပါဝင်ထားပါသေးတယ်။
Ju Ju
zawgyi


Ju Ju

 

Be the first to comment

Leave a Reply

Your email address will not be published.


*