Squid Game ဒါရိုက်တာကို ချီးကျူးလိုက်တဲ့ Lee Byung Hun

မင်းသားကြီး လီဗြောင်ဟွန်းရဲ့နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင် Concrete Utopia အတွက်သူ့ကိုအင်တာဗျူးချိန်မှာ လီဗြောင်ဟွန်းက Squid Game ရဲ့ဒါရိုက်တာ Hwang Dong Hyuk ကိုချီးကျူးစကားဆိုခဲ့တယ်လို့သိရပါတယ်။Squid Game ကိုစတင်ရိုက်ကူးစဥ်ကနောက်ထပ် Season အသစ်ထွက်ရှိမယ်ဆိုတာမျိုးလုံးဝစိတ်ကူးမထားခဲ့ဘူးလို့ဆိုပါတယ်။ လီဗြောင်ဟွန်းက ညစာစားပွဲတစ်ခုမှာ Squid Game မှာပါဝင်ရတာကို သူအရမ်းစိတ်ဝင်စားပြီးနောက်ထပ် Season အသစ်ထပ်ထွက်လာဦးမလားဆိုတာဒါရိုက်တာကိုမေးမြန်းခဲ့တယ်လို့ပြောထားပါတယ်။

“သူက အရမ်းကိုတော်တဲ့ဒါရိုက်တာပါ။ အထူးသဖြင့် Storytellingပိုင်းမှာတော့တကယ့်ကိုပါရမီပါတဲ့သူပါ။တစ်သက်လုံးအမှတ်ထင်ထင်ဖြစ်နေမယ့်ဇာတ်လမ်းတွေကိုဖန်တီးနိုင်တယ်။ Squid Gameရိုက်နေတုန်းကလည်း သူကအခက်အခဲတွေအများကြီးကြုံခဲ့ရတယ်။ ရိုက်ကူးရေးအတွင်းမှာသွားတွေလည်းကျွတ်ထွက်ခဲ့တယ်။ဒါပေမဲ့အခက်အခဲတွေကိုမမှုခဲ့ဘူး။”လို့ချီးကျူးပြောဆိုခဲ့တာဖြစ်ပါ
တယ်။

Squid Game ရဲ့ဒါရိုက်တာ Hwang Dong Hyuk ဟာ Silenced၊ Miss Granny စတဲ့နာမည်ကြီးကိုရီးယားရုပ်ရှင်ကားတွေကိုရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။Squid Game Season 2 ကတော့ ၂၀၂၃ ဒါမှမဟုတ် ၂၀၁၄ခုနစ်မှာထွက်ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ Season 2 မှာ ဇာတ်ကောင်အသစ် ၈ ယောက်ထပ်မံပါဝင်လာမယ်လို့ဆိုထားပြီး Yim Si Wan ၊ Kang Ha Neul ၊Park Sung Hoon ၊ Yang
Dong Geun တို့လည်းပါဝင်လာမှာဖြစ်ပါတယ်။

Ju Ju

zawgyi

မင္းသားႀကီး လီေျဗာင္ဟြန္းရဲ႕ေနာက္ဆုံးထြက္ရွိထားတဲ့႐ုပ္ရွင္ Concrete Utopia အတြက္သူ႔ကိုအင္တာဗ်ဴးခ်ိန္မွာ လီေျဗာင္ဟြန္းက Squid Game ရဲ႕ဒါ႐ိုက္တာ Hwang Dong Hyuk ကိုခ်ီးက်ဴးစကားဆိုခဲ့တယ္လို႔သိရပါတယ္။Squid Game ကိုစတင္႐ိုက္ကူးစဥ္ကေနာက္ထပ္ Season အသစ္ထြက္ရွိမယ္ဆိုတာမ်ိဳးလုံးဝစိတ္ကူးမထားခဲ့ဘူးလို႔ဆိုပါတယ္။ လီေျဗာင္ဟြန္းက ညစာစားပြဲတစ္ခုမွာ Squid Game မွာပါဝင္ရတာကို သူအရမ္းစိတ္ဝင္စားၿပီးေနာက္ထပ္ Season အသစ္ထပ္ထြက္လာဦးမလားဆိုတာဒါ႐ိုက္တာကိုေမးျမန္းခဲ့တယ္လို႔ေျပာထားပါတယ္။

“သူက အရမ္းကိုေတာ္တဲ့ဒါ႐ိုက္တာပါ။ အထူးသျဖင့္ Storytellingပိုင္းမွာေတာ့တကယ့္ကိုပါရမီပါတဲ့သူပါ။တစ္သက္လုံးအမွတ္ထင္ထင္ျဖစ္ေနမယ့္ဇာတ္လမ္းေတြကိုဖန္တီးႏိုင္တယ္။ Squid Game႐ိုက္ေနတုန္းကလည္း သူကအခက္အခဲေတြအမ်ားႀကီးႀကဳံခဲ့ရတယ္။ ႐ိုက္ကူးေရးအတြင္းမွာသြားေတြလည္းကြၽတ္ထြက္ခဲ့တယ္။ဒါေပမဲ့အခက္အခဲေတြကိုမမႈခဲ့ဘူး။”လို႔ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ပါ
တယ္။

Squid Game ရဲ႕ဒါ႐ိုက္တာ Hwang Dong Hyuk ဟာ Silenced၊ Miss Granny စတဲ့နာမည္ႀကီးကိုရီးယား႐ုပ္ရွင္ကားေတြကို႐ိုက္ကူးခဲ့သူလည္းျဖစ္ပါတယ္။Squid Game Season 2 ကေတာ့ ၂၀၂၃ ဒါမွမဟုတ္ ၂၀၁၄ခုနစ္မွာထြက္ရွိလာမယ္လို႔ခန႔္မွန္းထားပါတယ္။ Season 2 မွာ ဇာတ္ေကာင္အသစ္ ၈ ေယာက္ထပ္မံပါဝင္လာမယ္လို႔ဆိုထားၿပီး Yim Si Wan ၊ Kang Ha Neul ၊Park Sung Hoon ၊ Yang
Dong Geun တို႔လည္းပါဝင္လာမွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*