Protein Diet ကြောင့် သိသိသာသာဝိတ်ကျသွားတယ်လို့ဖွင့်ဟတဲ့ Kelly Clarkson

ဂရမ်မီဆုရှင်အဆိုတော် Kelly Clarkson အနေနဲ့ သူမရဲ့ကျန်းမာရေးနဲ့သိသိသာသာဝိတ်ချနိုင်ခဲ့တဲ့အကြောင်းရင်းတွေကို ဖွင့်ဟလာခဲ့ပါတယ်။ သူမအနေနဲ့ လော့စ်အိန်ဂျလိစ်ကနေနယူးယောခ့်ကိုပြောင်းရွှေ့နေထိုင်ပြီးနောက်ပိုင်းမှာ ဝိတ်ချခရီးစဉ်ကိုအောင်မြင်အောင်လုပ် ဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။“ကျွန်မ NY မှာတစ်မြို့လုံးကိုပတ်သွားတယ်။ အဲဒါကပဲ ကိုယ်လက်လှုပ်ရှားမှုဖြစ်နေတယ်။ပြီးတော့ချွေးထုတ်ခန်းဝင်ရတာလည်းသဘောကျတယ်။ အဓိကကတော့ Lifestyle ကိုလုံးဝပြောင်းနိုင်ခဲ့တာပါ။ ဒီကိုရောက်တော့ ဆရာဝန်စကားနားထောင်ပြီးသူပြောတဲ့အတိုင်းပဲစားတယ်။ ကျွန်မက အသားစားရတာလည်းကြိုက်တယ်။ခုလိုပြောရတာသားသတ်လွတ်သမားတွေကိုတော့ အားနာပါတယ်နော်။ ကျွန်မအတွက် Protein Diet ကတော်တော်လေးအဆင်ပြေပြီး အဲဒါစားတဲ့အချိန်မှာသိသိသာသာဝိတ်ကျသွားတာပါ”လို့ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

သူမက ဘဝအသစ်စတဲ့အနေနဲ့ရော စိတ်ခံစားချက်တွေသက်သာချင်တဲ့အတွက်ရောလော့စ်အိန်ဂျလိစ်ကိုစွန့်ခွာခဲ့တယ်လို့ဆိုပါတယ်။ “ကျွန်မလော့စ်အိန်ဂျလိစ်မှာအရမ်းကိုအကြာကြီးနေခဲ့ပြီးပြီ။ အဲဒီမှာနေရတာ စိတ်တွေလည်းမွန်းကျပ်လာတယ်။ဒါကြောင့် ကျွန်မအ တွက်ရော ကလေးတွေအတွက်ပါကောင်းတဲ့အပြောင်းအလဲတွေဖြစ်အောင်ရွှေ့ဖြစ်ခဲ့တာ” လို့ဆိုပါတယ်။ Kelly Clarkson ဟာ ခင်ပွန်းဟောင်း Brandon Blackstock နဲ့ရတဲ့ ၉ နှစ်အရွယ်သမီးတစ်ယောက်နဲ့ ၇ နှစ်အရွယ်သားတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Ju Ju

zawgyi

ဂရမ္မီဆုရွင္အဆိုေတာ္ Kelly Clarkson အေနနဲ႔ သူမရဲ႕က်န္းမာေရးနဲ႔သိသိသာသာဝိတ္ခ်ႏိုင္ခဲ့တဲ့အေၾကာင္းရင္းေတြကို ဖြင့္ဟလာခဲ့ပါတယ္။ သူမအေနနဲ႔ ေလာ့စ္အိန္ဂ်လိစ္ကေနနယူးေယာခ့္ကိုေျပာင္းေ႐ႊ႕ေနထိုင္ၿပီးေနာက္ပိုင္းမွာ ဝိတ္ခ်ခရီးစဥ္ကိုေအာင္ျမင္ေအာင္လုပ္ ေဆာင္ႏိုင္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။“ကြၽန္မ NY မွာတစ္ၿမိဳ႕လုံးကိုပတ္သြားတယ္။ အဲဒါကပဲ ကိုယ္လက္လႈပ္ရွားမႈျဖစ္ေနတယ္။ၿပီးေတာ့ေခြၽးထုတ္ခန္းဝင္ရတာလည္းသေဘာက်တယ္။ အဓိကကေတာ့ Lifestyle ကိုလုံးဝေျပာင္းႏိုင္ခဲ့တာပါ။ ဒီကိုေရာက္ေတာ့ ဆရာဝန္စကားနားေထာင္ၿပီးသူေျပာတဲ့အတိုင္းပဲစားတယ္။ ကြၽန္မက အသားစားရတာလည္းႀကိဳက္တယ္။ခုလိုေျပာရတာသားသတ္လြတ္သမားေတြကိုေတာ့ အားနာပါတယ္ေနာ္။ ကြၽန္မအတြက္ Protein Diet ကေတာ္ေတာ္ေလးအဆင္ေျပၿပီး အဲဒါစားတဲ့အခ်ိန္မွာသိသိသာသာဝိတ္က်သြားတာပါ”လို႔ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

သူမက ဘဝအသစ္စတဲ့အေနနဲ႔ေရာ စိတ္ခံစားခ်က္ေတြသက္သာခ်င္တဲ့အတြက္ေရာေလာ့စ္အိန္ဂ်လိစ္ကိုစြန႔္ခြာခဲ့တယ္လို႔ဆိုပါတယ္။ “ကြၽန္မေလာ့စ္အိန္ဂ်လိစ္မွာအရမ္းကိုအၾကာႀကီးေနခဲ့ၿပီးၿပီ။ အဲဒီမွာေနရတာ စိတ္ေတြလည္းမြန္းက်ပ္လာတယ္။ဒါေၾကာင့္ ကြၽန္မအ တြက္ေရာ ကေလးေတြအတြက္ပါေကာင္းတဲ့အေျပာင္းအလဲေတြျဖစ္ေအာင္ေ႐ႊ႕ျဖစ္ခဲ့တာ” လို႔ဆိုပါတယ္။ Kelly Clarkson ဟာ ခင္ပြန္းေဟာင္း Brandon Blackstock နဲ႔ရတဲ့ ၉ ႏွစ္အ႐ြယ္သမီးတစ္ေယာက္နဲ႔ ၇ ႏွစ္အ႐ြယ္သားတစ္ေယာက္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*