အောင်မြင်သူတွေမနက်ခင်းကိုဘယ်လိုဖြတ်သန်းကြသလဲ

မနက်ခင်းဆိုတာနေ့တစ်နေ့ရဲ့အစ၊ တစ်နေ့တာလုပ်ဆောင်မယ့်လုပ်ငန်းစဉ်တွေအပေါ်ကိုသက်ရောက်မှုအကြီးကြီးပေးနိုင်တဲ့အချိန်လို့လည်း ပြောလို့ရပါတယ်။ လူတွေဟာနေ့သစ်ရဲ့မနက်ခင်းတွေကိုပိုင်ဆိုင်ရတာချင်းအတူတူ ဘယ်လိုအသုံးချသလဲဆိုတဲ့အပေါ်မူတည်ပြီး
တိုးတက်အောင်မြင်မှုတွေကွာခြားသွားကြပါတယ်။ အခုမျှဝေချင်တာကတော့အောင်မြင်ကျော်ကြားသူတို့ရဲ့ မနက်ခင်းအချိန်ကိုဖြတ် သန်းပုံတွေဖြစ်ပါတယ်။

Mark Cuban
အောင်မြင်တဲ့စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အပြင် အမေရိကန်ဘတ်စကစ်ဘောအသင်း Dallas Mavericks ရဲ့ပိုင်ရှင်ဖြစ်တဲ့ မက်ခ်ကျူဘင်ရဲ့မနက်ခင်းအချိန်ကုန်ဆုံးပုံကလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ မိုးလင်းတာနဲ့သူ့အလုပ်က ကုမ္ပဏီကိုတန်းပြေးဖို့ မ ဟုတ်ပါဘူး။သူ့ရဲ့ပထမဆုံးအလုပ်က တရားထိုင်ဖို့ဖြစ်ပါတယ်။ Meditation လုပ်တာကစိတ်ရောကိုယ်ပါတည်ငြိမ်မှုရစေပြီးဆုံးဖြတ်ချက်မှန်ကန်စေတယ်ဆိုတာကိုသူကလက်တွေ့သိရှိထားသူပါ။

Barack Obama
အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားဟာတစ်နေ့ကို ၅ နာရီပဲအိပ်သူဖြစ်ပါတယ်။ မနက်ခင်းမှာဘာဝတ်မလဲ၊ ဘာစားမလဲစတဲ့ကိစ္စသေးသေးလေးတွေနဲ့ စွမ်းအင်အကုန်မခံပါဘူး။ မနက်ခင်းကိုဆုံးဖြတ်ချက်ကြီးကြီးတွေချဖို့သူကသုံးပါတယ်။ မနက်တိုင်း ၄၅ မိနစ်ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်လေ့ရှိပါတယ်တဲ့။ အထူးသဖြင့် Cardio နဲ့ Strength Training တွေဖြစ်ပါတယ်။

Oprah Winfrey
အမျိုးသမီးတိုင်းအတွက်ခွန်အားတွေဖြစ်စေတဲ့အိုပရာဝင်းဖရေးကတော့တခြားသောအောင်မြင်သူတွေလိုပဲ မနက်ခင်းကို Meditation နဲ့စတင်ပါတယ်။မနက်ခင်းတိုင်း နေမထွက်ခင်အိပ်ရာကထပြီးမိနစ်အနည်းငယ် ဝင်လေထွက်လေရှုမှတ်ပါတယ်။များသောအားဖြင့် မနက်ခင်းတွေမှာ ယောဂလေ့ကျင့်ဖြစ်တယ်လို့ သူမကပြောထားပါတယ်။

Richard Branson
စွန့်ဦးတီထွင်သမားတစ်ယောက်ဖြစ်သလို Virgin Group ကိုတည်ထောင်သူဖြစ်တဲ့ရစ်ချတ်ဘရန်ဆင်ကတော့ မနက်ခင်းစောစောထဖို့အားပေးသူဖြစ်ပါတယ်။သူက မနက် ၅ နာရီမှာအိပ်ရာထလေ့ရှိပြီးမိသားစုနဲ့ကိုယ့်ကိုယ်ကိုယ်အတွက်အချိန်ပေးတယ်လို့ဆိုပါတယ်။ မနက်ခင်းမှာမိသားစုနဲ့အချိန်ဖြုန်းရင်းကိုယ်လက်လှုပ်ရှားမှုလုပ်တယ်လို့ သူကဖြေကြားဖူးပါတယ်။

Warren Buffett
သူဌေးကြီး ဝါရင်ဘာ့ဖက်ကတော့ မနက်ခင်းတိုင်းကိုစာဖတ်ခြင်းနဲ့စတင်ပါတယ်။အိပ်ရာနိုးတာနဲ့စာအရင်ဖတ်လေ့ရှိတယ်လို့ဆိုပြီးတစ် နေ့ကိုစာမျက်နှာ ၅၀၀ လောက်ဖတ်ဖို့သူကတိုက်တွန်းထားပါတယ်။ဒါတွေကတော့ အောင်မြင်သူတွေရဲ့မနက်ခင်းအချိန်ဖြုန်းပုံလေးတွေပါ။ ကျွန်မတို့တွေလည်း မနက်ခင်းနာရီဝက်လောက်စောထနိုင်ရင်တောင် အလုပ်ကိုအေးအေးဆေးဆေးရောက်သွားတဲ့အကျိုးတွေရှိတာပဲမို့တတ်နိုင်သမျှစောစောလေးထပြီး ကိုယ့်အတွက် ဒါမှမဟုတ် ကိုယ့် Career အတွက်ပိုတိုးတက်အောင်လုပ်ဆောင်လို့ရပါတယ်နော်။

Ju Ju

zawgyi

မနက္ခင္းဆိုတာေန႔တစ္ေန႔ရဲ႕အစ၊ တစ္ေန႔တာလုပ္ေဆာင္မယ့္လုပ္ငန္းစဥ္ေတြအေပၚကိုသက္ေရာက္မႈအႀကီးႀကီးေပးႏိုင္တဲ့အခ်ိန္လို႔လည္း ေျပာလို႔ရပါတယ္။ လူေတြဟာေန႔သစ္ရဲ႕မနက္ခင္းေတြကိုပိုင္ဆိုင္ရတာခ်င္းအတူတူ ဘယ္လိုအသုံးခ်သလဲဆိုတဲ့အေပၚမူတည္ၿပီး
တိုးတက္ေအာင္ျမင္မႈေတြကြာျခားသြားၾကပါတယ္။ အခုမွ်ေဝခ်င္တာကေတာ့ေအာင္ျမင္ေက်ာ္ၾကားသူတို႔ရဲ႕ မနက္ခင္းအခ်ိန္ကိုျဖတ္ သန္းပုံေတြျဖစ္ပါတယ္။

Mark Cuban
ေအာင္ျမင္တဲ့စြန႔္ဦးတီထြင္လုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့အျပင္ အေမရိကန္ဘတ္စကစ္ေဘာအသင္း Dallas Mavericks ရဲ႕ပိုင္ရွင္ျဖစ္တဲ့ မက္ခ္က်ဴဘင္ရဲ႕မနက္ခင္းအခ်ိန္ကုန္ဆုံးပုံကလည္းစိတ္ဝင္စားစရာေကာင္းပါတယ္။ မိုးလင္းတာနဲ႔သူ႔အလုပ္က ကုမၸဏီကိုတန္းေျပးဖို႔ မ ဟုတ္ပါဘူး။သူ႔ရဲ႕ပထမဆုံးအလုပ္က တရားထိုင္ဖို႔ျဖစ္ပါတယ္။ Meditation လုပ္တာကစိတ္ေရာကိုယ္ပါတည္ၿငိမ္မႈရေစၿပီးဆုံးျဖတ္ခ်က္မွန္ကန္ေစတယ္ဆိုတာကိုသူကလက္ေတြ႕သိရွိထားသူပါ။

Barack Obama
အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမားဟာတစ္ေန႔ကို ၅ နာရီပဲအိပ္သူျဖစ္ပါတယ္။ မနက္ခင္းမွာဘာဝတ္မလဲ၊ ဘာစားမလဲစတဲ့ကိစၥေသးေသးေလးေတြနဲ႔ စြမ္းအင္အကုန္မခံပါဘူး။ မနက္ခင္းကိုဆုံးျဖတ္ခ်က္ႀကီးႀကီးေတြခ်ဖို႔သူကသုံးပါတယ္။ မနက္တိုင္း ၄၅ မိနစ္ကိုယ္လက္ေလ့က်င့္ခန္းျပဳလုပ္ေလ့ရွိပါတယ္တဲ့။ အထူးသျဖင့္ Cardio နဲ႔ Strength Training ေတြျဖစ္ပါတယ္။

Oprah Winfrey
အမ်ိဳးသမီးတိုင္းအတြက္ခြန္အားေတြျဖစ္ေစတဲ့အိုပရာဝင္းဖေရးကေတာ့တျခားေသာေအာင္ျမင္သူေတြလိုပဲ မနက္ခင္းကို Meditation နဲ႔စတင္ပါတယ္။မနက္ခင္းတိုင္း ေနမထြက္ခင္အိပ္ရာကထၿပီးမိနစ္အနည္းငယ္ ဝင္ေလထြက္ေလရႈမွတ္ပါတယ္။မ်ားေသာအားျဖင့္ မနက္ခင္းေတြမွာ ေယာဂေလ့က်င့္ျဖစ္တယ္လို႔ သူမကေျပာထားပါတယ္။

Richard Branson
စြန႔္ဦးတီထြင္သမားတစ္ေယာက္ျဖစ္သလို Virgin Group ကိုတည္ေထာင္သူျဖစ္တဲ့ရစ္ခ်တ္ဘရန္ဆင္ကေတာ့ မနက္ခင္းေစာေစာထဖို႔အားေပးသူျဖစ္ပါတယ္။သူက မနက္ ၅ နာရီမွာအိပ္ရာထေလ့ရွိၿပီးမိသားစုနဲ႔ကိုယ့္ကိုယ္ကိုယ္အတြက္အခ်ိန္ေပးတယ္လို႔ဆိုပါတယ္။ မနက္ခင္းမွာမိသားစုနဲ႔အခ်ိန္ျဖဳန္းရင္းကိုယ္လက္လႈပ္ရွားမႈလုပ္တယ္လို႔ သူကေျဖၾကားဖူးပါတယ္။

Warren Buffett
သူေဌးႀကီး ဝါရင္ဘာ့ဖက္ကေတာ့ မနက္ခင္းတိုင္းကိုစာဖတ္ျခင္းနဲ႔စတင္ပါတယ္။အိပ္ရာႏိုးတာနဲ႔စာအရင္ဖတ္ေလ့ရွိတယ္လို႔ဆိုၿပီးတစ္ ေန႔ကိုစာမ်က္ႏွာ ၅၀၀ ေလာက္ဖတ္ဖို႔သူကတိုက္တြန္းထားပါတယ္။ဒါေတြကေတာ့ ေအာင္ျမင္သူေတြရဲ႕မနက္ခင္းအခ်ိန္ျဖဳန္းပုံေလးေတြပါ။ ကြၽန္မတို႔ေတြလည္း မနက္ခင္းနာရီဝက္ေလာက္ေစာထႏိုင္ရင္ေတာင္ အလုပ္ကိုေအးေအးေဆးေဆးေရာက္သြားတဲ့အက်ိဳးေတြရွိတာပဲမို႔တတ္ႏိုင္သမွ်ေစာေစာေလးထၿပီး ကိုယ့္အတြက္ ဒါမွမဟုတ္ ကိုယ့္ Career အတြက္ပိုတိုးတက္ေအာင္လုပ္ေဆာင္လို႔ရပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*