တစ်ကိုယ်တော်လှုပ်ရှားမှုတွေကို အစ်ကိုဖြစ်သူရဲ့အေဂျင်စီအောက်ကနေလုပ်ဆောင်မယ့် JiSoo

JiSoo (Black Pink) အနေနဲ့ သူမရဲ့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကိုအစ်ကိုဖြစ်သူရဲ့အေဂျင်စီဖြစ်တဲ့ Blissoo အောက်ကနေလုပ်ဆောင်သွားမယ်လို့သိရပါတယ်။ သူမဟာဇန်နဝါရီ ၂ ရက်နေ့မှာ Blissoo နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီးဒီသတင်းကိုမီဒီယာတွေကနေထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Blissoo ဟာ Biomom ,Inc., ရဲ့လုပ်ငန်းခွဲတစ်ခုလို့ဆိုကြပါတယ်။ JiSoo ရဲ့အစ်ကိုဖြစ်သူဟာ Biomom
,Inc., ရဲ့ CEO ဖြစ်ပြီး သူတို့ကုမ္ပဏီရဲ့လက်ရှိအလုပ်ခေါ်စာကို JiSoo ရဲ့ပုံနဲ့ကြော်ငြာထားတာတွေ့ရပါတယ်။

ဒါပေမဲ့ Blissoo ရဲ့တာဝန်ခံက Biomom ,Inc., နဲ့ပတ်သက်မှုကို မသေချာတဲ့ပုံစံနဲ့ငြင်းဆိုခဲ့ပါတယ်။Biomom ,Inc., နဲ့ပတ်သက်နေတယ်ဆိုတာကိုတော့ သေချာအတည်မပြုနိုင်ပါဘူး။ဘာ့ကြောင့်လဲဆိုတော့ ကုမ္ပဏီချင်းဘယ်လိုပတ်သက်နေလဲမသိသလို CEO ရဲ့ မိသားစု Relationship ကိုလည်း သေချာမသိလို့ပါဆိုပြီးဖြေကြားခဲ့တာဖြစ်ပါတယ်။JiSoo ဟာ Black Pink အဖွဲ့အနေနဲ့လုပ်ဆောင်ရမယ့်အဖွဲ့လိုက်လှုပ်ရှားမှုတွေကိုတော့ YG Entertainment အောက်ကနေပဲဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ju Ju

zawgyi



Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*