ကိုရီးယားနိုင်ငံလွတ်လပ်ရေးအတွက်တက်ကြွလှုပ်ရှားသူအကြောင်းတင်မိလို့ ဂျပန်ပရိသတ်တွေမုန်းတာခံရတဲ့ ဟန်ဆိုဟီး

ထူးခြားတဲ့အလှနဲ့ဆွဲဆောင်မှုရှိတဲ့ပုံစံအပြင် သရုပ်ဆောင်ကောင်းတဲ့အနုပညာရှင်တစ်ယောက်အဖြစ်အားပေးမှုတွေရရှိနေတဲ့ဟန်ဆိုဟီးက သူမရဲ့အင်စတာဂရမ်မှာတင်ခဲ့တဲ့ပုံတချို့ကြောင့်ဂျပန်ပရိသတ်တွေရဲ့ အပြစ်တင်မှုကိုရရှိနေပါတယ်။ကိုရီးယားနိုင်ငံကိုဂျပန်တွေအုပ် ချုပ်ထားစဉ်က ကိုရီးယားနိုင်ငံလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့သူ Ahn Jung Geun ရဲ့ပုံကိုသူမကအင်စတာဂရမ်မှာတင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Ahn Jung Geun ဟာ ၁၉၀၉ ခုနစ်မှာ ဂျပန်လူမျိုးနိုင်ငံရေးသမား Ito Hirobumi ကိုလုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်ပါတယ်။ Ahn Jung Geun ကွယ်လွန်သွားပြီးချိန်မှာသူ့ကိုကိုရီးယားနိုင်ငံရဲ့အာဇာနည်အဖြစ်ဂုဏ်ထူးဆောင်ဆုချီးမြှင့်ခဲ့ပါတယ်။

ဟန်ဆိုဟီးရဲ့ပို့စ်ကိုတွေ့မြင်ပြီးချိန်မှာ ဂျပန်လူမျိုးပရိသတ်တွေက သူမကို anti-japanese လို့ comment ပေးခဲ့ကြပြီး ခုလိုအကြမ်းဖက်အားပေးသူတစ်ယောက်ကို ဆက်လက်အားပေးတော့မှာမဟုတ်ကြောင်းပြောခဲ့ကြပါတယ်။ “ဟန်ဆိုဟီးကဂျပန်လူမျိုးတွေဘယ်လိုခံစားရမလဲဆိုတာကိုထည့်မတွက်ဘဲ ခုလိုပို့စ်ကိုတင်လိုက်တယ်။ဟန်ဆိုဟီးကအဲလိုလူမျိုးဆိုရင်ဆက်ပြီးအားမပေးတော့ပါဘူး၊ စိတ်ပျက်သွားပြီ”ဆိုတာမျိုးရေးသားခဲ့ကြတာပါ။ကိုရီးယားလူမျိုးတွေကတော့ သူမကိုသမိုင်းမမေ့သူအဖြစ်ချီးကျူးကြပြီးအားပေးထောက်ခံခဲ့ကြပါတယ်။ “မင်းသမီးတစ်ယောက်အနေနဲ့ဒါမျိုးတင်ဖို့ဆိုတာခက်ခဲပါတယ်။သူ့ကိုကျေးဇူးတင်ပြီး ဂုဏ်လည်းယူတယ်” လို့ရေးသားခဲ့တာတွေ့ရပါတယ်။ ဟန်ဆိုဟီးက“ခုကိစ္စအတွက်ဝမ်းနည်းပါတယ်။ဒါပေမဲ့ ဒါကအမှန်တရားပဲလေ။ဘာပဲဖြစ်ဖြစ်သတ္တိရှိမှုတွေအတွက်ကျေးဇူး တင်ပါတယ်”လို့သူမကပြန်လည်ရေးသားခဲ့တာတွေ့ရပါတယ်။

Ju Ju

zawgyi

ထူးျခားတဲ့အလွနဲ႔ဆြဲေဆာင္မႈရွိတဲ့ပုံစံအျပင္ သ႐ုပ္ေဆာင္ေကာင္းတဲ့အႏုပညာရွင္တစ္ေယာက္အျဖစ္အားေပးမႈေတြရရွိေနတဲ့ဟန္ဆိုဟီးက သူမရဲ႕အင္စတာဂရမ္မွာတင္ခဲ့တဲ့ပုံတခ်ိဳ႕ေၾကာင့္ဂ်ပန္ပရိသတ္ေတြရဲ႕ အျပစ္တင္မႈကိုရရွိေနပါတယ္။ကိုရီးယားႏိုင္ငံကိုဂ်ပန္ေတြအုပ္ ခ်ဳပ္ထားစဥ္က ကိုရီးယားႏိုင္ငံလြတ္လပ္ေရးအတြက္တိုက္ပြဲဝင္ခဲ့သူ Ahn Jung Geun ရဲ႕ပုံကိုသူမကအင္စတာဂရမ္မွာတင္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။ Ahn Jung Geun ဟာ ၁၉၀၉ ခုနစ္မွာ ဂ်ပန္လူမ်ိဳးႏိုင္ငံေရးသမား Ito Hirobumi ကိုလုပ္ႀကံသတ္ျဖတ္ခဲ့သူျဖစ္ပါတယ္။ Ahn Jung Geun ကြယ္လြန္သြားၿပီးခ်ိန္မွာသူ႔ကိုကိုရီးယားႏိုင္ငံရဲ႕အာဇာနည္အျဖစ္ဂုဏ္ထူးေဆာင္ဆုခ်ီးျမႇင့္ခဲ့ပါတယ္။

ဟန္ဆိုဟီးရဲ႕ပို႔စ္ကိုေတြ႕ျမင္ၿပီးခ်ိန္မွာ ဂ်ပန္လူမ်ိဳးပရိသတ္ေတြက သူမကို anti-japanese လို႔ comment ေပးခဲ့ၾကၿပီး ခုလိုအၾကမ္းဖက္အားေပးသူတစ္ေယာက္ကို ဆက္လက္အားေပးေတာ့မွာမဟုတ္ေၾကာင္းေျပာခဲ့ၾကပါတယ္။ “ဟန္ဆိုဟီးကဂ်ပန္လူမ်ိဳးေတြဘယ္လိုခံစားရမလဲဆိုတာကိုထည့္မတြက္ဘဲ ခုလိုပို႔စ္ကိုတင္လိုက္တယ္။ဟန္ဆိုဟီးကအဲလိုလူမ်ိဳးဆိုရင္ဆက္ၿပီးအားမေပးေတာ့ပါဘူး၊ စိတ္ပ်က္သြားၿပီ”ဆိုတာမ်ိဳးေရးသားခဲ့ၾကတာပါ။ကိုရီးယားလူမ်ိဳးေတြကေတာ့ သူမကိုသမိုင္းမေမ့သူအျဖစ္ခ်ီးက်ဴးၾကၿပီးအားေပးေထာက္ခံခဲ့ၾကပါတယ္။ “မင္းသမီးတစ္ေယာက္အေနနဲ႔ဒါမ်ိဳးတင္ဖို႔ဆိုတာခက္ခဲပါတယ္။သူ႔ကိုေက်းဇူးတင္ၿပီး ဂုဏ္လည္းယူတယ္” လို႔ေရးသားခဲ့တာေတြ႕ရပါတယ္။ ဟန္ဆိုဟီးက“ခုကိစၥအတြက္ဝမ္းနည္းပါတယ္။ဒါေပမဲ့ ဒါကအမွန္တရားပဲေလ။ဘာပဲျဖစ္ျဖစ္သတၱိရွိမႈေတြအတြက္ေက်းဇူး တင္ပါတယ္”လို႔သူမကျပန္လည္ေရးသားခဲ့တာေတြ႕ရပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*