အရိပ်သုံးပါးနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ဆုံတဲ့အခါ
လုပ်ငန်းခွင်ဘဝမှာ လူတော်တော်များများဟာ အရိပ်အကဲနားမလည်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ ဆုံကြရတတ်ပါတယ်။ ကိုယ့်အလုပ် ခွင်မှာစိတ်ပျက်စရာလုပ်ဖော်ကိုင်ဖက်ရှိနေခြင်းကအလုပ်တက်ရက် မနက်ခင်းတိုင်းကိုကြောက်မိနေမှာဖြစ်သလိုကိုယ့်ရဲ့အလုပ်လုပ်နိုင်စွမ်းကိုလည်းကျဆင်းစေပါတယ်။ ဒီလိုလူတွေရဲ့အပြုအမူနဲ့ကိုယ်ရည်ကိုယ်သွေးကိုပြောင်းလဲဖို့မလွယ်ကူပေမယ့်ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အလုပ်ကိုမထိခိုက်ရလေအောင်တချို့သောနည်းလမ်းလေးတွေကိုအသုံးချနိုင်ပါတယ်။ သူ့ကိုတိုက်ရိုက်ပြောဆိုပါ တကယ်တော့ လုပ်ငန်းခွင်မှာလူတွေကိုအနှောင့်အယှက်ပေးနေသူတွေဟာ သူတို့ရဲ့အပြုအမူကတစ် ပါးသူတွေကိုထိခိုက်နေတယ်ဆိုတဲ့အချက်ကို မသိတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲ ဆိုတော့ သူတို့ကိုဘယ်သူကမှ ထောက်ပြပြောဆိုတာမျိုးမလုပ်ချင်ကြလို့ပါ။ ကိုယ်ကဒီလိုစိတ်အ နှောင့်အယှက်ပေးနေသူကို တိုက်ရိုက်သွားပြောဖို့ဆိုတာသိပ်တော့မလွယ်ကူပါဘူး။ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရမှာဖြစ်သလို ဖွင့်ပြောနိုင်အောင်လည်းအားစိုက်ထုတ်ရမှာပါ။ကိုယ့်မှာဒီလိုပြောဆိုဖို့ အခွင့်အရေးလည်းရှိပါတယ်။ ဒီလိုဖွင့်ပြောလိုက်တာကသူတို့ရဲ့အမူအကျင့်တွေကိုပြုပြင်ဖို့မလွယ်ကူနိုင်ပေမယ့် ကိုယ့်ကိုထိခိုက်မှုနည်းတဲ့အခြေအနေမျိုးကိုပြောင်းလဲသွားစေနိုင်ပါတယ်။ White […]