စိတ်ဖိစီးမှုကို အလုပ်မှာဘယ်လိုအသုံးချမလဲ
အရွယ်ရောက်လာတဲ့လူတိုင်းမှာ စိတ်ဖိစီးမှုအမျိုးမျိုးကြုံလာရတာသဘာဝပါ။လုပ်ငန်းခွင်ဝင်နေတဲ့သူတိုင်းမှာလည်း အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုရှိကြတာချည်းပါပဲ။လေ့လာချက်တွေအရ စိတ်ဖိစီးမှုကိုစိန်ခေါ်မှုလို့မြင်တတ်သူတွေကို Positive Stress Mindset ရှိသူလို့ခေါ်ပြီး ဒီလိုလူတွေဟာဘဝမှာအောင်မြင်မှုတွေရနိုင်ကြတယ်လို့ဆိုထားပါတယ်။ သူတို့တွေဟာအလုပ်မှာပိုပျော်ကြပြီး ကြုံလာသမျှ Stress ကိုကောင်းကောင်း ကိုင်တွယ်နိုင်ကြပါတယ်။ဝန်ထမ်းတွေကို ဒီလိုကောင်းမွန်တဲ့Positive Stress Mindsetရှိလာအောင်ဒီအချက်တွေနဲ့လုပ်ဆောင်ပေးနိုင်ပါတယ်။ -အလုပ်သမားတွေ၊ ဝန်ထမ်းတွေပျော်စေဖို့အဓိကစဥ်းစားပေးတတ်ခြင်း -ဝန်ထမ်းတွေစိတ်ဖိစီးမှုမများစေမယ့် Action Plan တွေကိုဖန်တီးပေးနိုင်ခြင်းစတဲ့အချက်တွေပဲဖြစ်ပါတယ်။ဝန်ထမ်းတွေရဲ့ ခံစားချက်ကိုလျစ်လျူရှုတာ၊ဝန်ထမ်းအချင်းချင်းကြား၊ ဝန်ထမ်းနဲ့မန်နေဂျာတွေကြားအငြင်းအခုန်နဲ့ဆက်ဆံရေးမပြေလည်တာမျိုးတွေက […]