နောင်တစ်ချိန်မှာ အောင်မြင်လာမယ့်သူရဲ့ လက္ခဏာ 8 ချက်
Man feeling determined climbing up a steep mountain side.
အောင်မြင်မှုဆိုတာက လက်ရှိကိုယ်ပိုင်ဆိုင်နေရတာတွေနဲ့တိုင်းတာလို့မရပါဘူး။ သူကလူတွေဆီကိုအချိန်တစ်ခုရောက်တော့မှ တိုးဝင်လာတာမျိုးလည်းဖြစ်နိုင်ပါတယ်။ လူတွေဟာအကောင်းဆုံးလုပ်နေပေမယ့် အောင်မြင်မှုကိုမရသေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့
အောင်မြင်တော့မယ့်လူတွေမှာ တူညီတဲ့ဝိသေသလက္ခဏာတွေရှိတတ်ကြပါတယ်။ အဲဒီအချက်တွေသာကိုယ့်ဆီမှာရှိတယ်ဆိုရင် တစ်ချိန်မှာအောင်မြင်မှုရမယ့်လူဆိုတာမုချမလွဲပါပဲ။
1. ဘဝတစ်လျှောက်လုံးသင်ယူနေတယ်
သင်ယူခြင်းဆိုတာကိုဘယ်တော့မှရပ်တန့်ပစ်လို့မရပါဘူး။ကိုယ်လုပ်ကိုင်နေတဲ့နယ်ပယ်အတွက်ပဲဖြစ်ဖြစ်၊ ပညာရပ်အသစ်တွေကိုပဲဖြစ် ဖြစ်တစ်သက်လုံးသင်ယူနေရမှာဖြစ်ပါတယ်။ အမြဲတမ်းစူးစမ်းလေ့လာချင်သူ၊ ပညာဗဟုသုတကိုငတ်မွတ်သူအတွက် ဆုတ်ယုတ်နိမ့်ပါးသွားတယ်ဆိုတာမရှိနိုင်ပါဘူး။ အမြဲတမ်းစာဖတ်နေတယ်၊အမြဲတမ်းမေးခွန်းထုတ်နေတယ်ဆိုရင် ကိုယ်ဟာ Smart ဖြစ်တဲ့သူထဲပါဝင်နေပါပြီ။ ဒီလိုတစ်သက်လုံးသင်ယူနေသူတွေဆီကနေ အောင်မြင်မှုဆိုတာဟာလည်း ဖယ်ခွာမသွားနိုင်ပါဘူး။
2. ရှုံးနိမ့်မှာကိုမကြောက်ဘူး
ရှုံးနိမ့်ခြင်းဆိုတာ အောင်မြင်မှုဆီသွားတဲ့လမ်းမှာတွေ့ကြုံရမယ့်မှတ်တိုင်လေးတွေလိုပါပဲ။ရှုံးနိမ့်ခြင်းတွေမရှိဘဲ ပြည့်စုံတဲ့၊ အရသာရှိတဲ့အောင်မြင်မှုကိုမရနိုင်ပါဘူး။ရှုံးနိမ့်ရမှာကိုမကြောက်တဲ့သူဟာ အောင်မြင်မှုနဲ့ ပိုပြီးနီးကပ်လာတတ်ပါတယ်။
3. ပြတ်သားတဲ့ရည်မှန်းချက်ရှိတယ်
လောကမှာ ဟိုလိုလိုဒီလိုလိုဖြစ်နေသူတွေ၊ နေရာတစ်ခုမှာမအောင်မြင်နိုင်သူတွေဟာရည်မှန်းချက်‌‌ဝေဝါးနေလို့ဖြစ်နိုင်ပါတယ်။ ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ရည်မှန်းချက်ကိုရှင်းရှင်းလင်းလင်းသိမှ လုပ်သင့်တာတွေအားလုံးလုပ်ပြီးအောင်မြင်မှုကိုရနိုင်မှာပါ။
4. အကောင်းမြင်စိတ်ရှိတယ်
တစ်ခါနှစ်ခါ အဆင်မပြေတာနဲ့စိတ်ပျက်ညည်းညူတတ်သူတွေ၊အပြုသဘောဆောင်တဲ့အတွေးအမြင်မရှိသူတွေဟာ ခဏလေးနဲ့ပင်ပန်းပြိုလဲသွားမှာဖြစ်ပါတယ်။ကိုယ့်ဆီမှာ အပြုသဘောဆောင်တဲ့အတွေးအမြင်ရှိမယ်၊ ကိုယ့်ပတ်ဝန်းကျင်ကိုလည်းအကောင်းမြင်သမားတွေနဲ့ပဲ ဝန်းရံထားမယ်ဆိုရင် အခက်အခဲတွေကိုစိတ်ခွန်အားမဆုံးရှူံးစေဘဲကျော်လွှားနိုင်သွားပါလိမ့်မယ်။
5. စည်းကမ်းကောင်းကြတယ်
စိတ်ဓာတ်ခိုင်မာသူ၊ စည်းကမ်းကောင်းသူတွေသာ အောင်မြင်မှုဆီအရောက်သွားနိုင်ကြပါတယ်။ဇွဲရှိခြင်း၊ မဆုတ်မနစ်ကြိုးစားခြင်း၊ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းနဲ့ထိန်းတတ်ခြင်းတွေက အောင်မြင်မှုရဲ့ဝိသေသတွေပါပဲ။
6. ဇွဲကောင်းတယ်
မဆုတ်မနစ်ကြိုးစားနိုင်သူကသာ အဆုံးမှာအောင်မြင်မှုကိုရရှိကြတာပါ။ ဒါကတော့ဘယ်လိုမှမပြောင်းလဲနိုင်တဲ့အမှန်တရားတစ်ခုပါ။ အလွယ်တကူလက်လျှော့လေ့ရှိသူက အောင်မြင်မှုကိုပိုင်ဆိုင်နိုင်ဖို့မသေချာပါဘူး။
7. ကျန်းမာရေးဂရုစိုက်တယ်
အလုပ်တွေကိုပဲဖိလုပ်နေပြီး ကျန်းမာရေးဂရုမစိုက်သူဟာလမ်းတစ်ဝက်မှာတင်လက်ပန်းကျသွားတတ်ပါတယ်။ဘယ်လောက်ပဲကြိုးစားချင်စိတ်တွေထက်သန်နေပါစေ ကိုယ်ခန္ဓာကမလိုက်နိုင်ဘဲဖြစ်တတ်ပါတယ်။တချို့သောကြိုးစားသူတွေဟာ ကျန်းမာရေးကိုဂရုမစိုက်မိလို့အောင်မြင်မှုအသီးအပွင့်ကိုကြာကြာမစားသုံးလိုက်ရဘဲ လောကကြီးကနေထွက်ခွာသွားကြရတာတွေ့ဖူးကြမှာပါ။
8. စိတ်အားထက်သန်တယ်
တစ်ခုခုကို ရူးသွပ်မှ၊ စိတ်အားထက်သန်ပါမှ အောင်မြင်မှုဆီတကယ်ရောက်ရှိနိုင်တာပါ။ကိုယ်လုပ်နေတဲ့အလုပ်ကို စိတ်အားထက်သန်မှုမရှိဘဲ အဆင်ပြေရုံလောက်ပဲလုပ်နေမိတယ်။လုပ်နေရတာစိတ်မပါဘူးဆိုရင်တော့ အောင်မြင်မှုဆိုတာကိုရလာမှာမဟုတ်ပါဘူး။ ဒါ့ကြောင့်
ဒီအလုပ်နဲ့တကယ်အောင်မြင်ချင်တယ်ဆိုရင် အလုပ်အပေါ်ရူးသွပ်ဖို့၊စိတ်အားထက်သန်မှုရှိဖို့လိုပါတယ်နော်။ကိုယ်ကဒီအချက်တွေပိုင် ဆိုင်ထားတဲ့သူဆိုရင် ဗေဒင်မေးစရာမလိုဘဲသိနိုင်တာက… ဟုတ်ပါတယ်၊အောင်မြင်မှုကသင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့မှာပါ။
Ju Ju
zawgyi
6. ဇွဲကောင်းတယ်
8. စိတ်အားထက်သန်တယ်
Ju Ju
Be the first to comment
Leave a Reply
Your email address will not be published.
*