နှိမ့်ချတတ်ခြင်းက အလုပ်အတွက်အကျိုးကျေးဇူးရှိသလား

နှိမ့်ချတတ်ခြင်းနဲ့ပတ်သက်ရင် လူတချို့က အလုပ်မှာကိုယ့်အထာနဲ့ကိုယ်နေ၊ လုပ်ငန်းခွင်မှာနှိမ့်ချစရာမလိုဘူးဆိုတဲ့ အယူအဆရှိကြပါတယ်။ တချို့ကျတော့လည်း လူအားလုံးနဲ့အဆင်ပြေအောင်ကျိုးနွံတာ၊ နှိမ့်ချတတ်တာကကောင်းတယ်လို့ ယူဆကြပါတယ်။ နှိမ့်ချတတ်တဲ့သူတွေဟာသူတို့ကိုယ်တိုင်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုသိကြသလို အကူအညီလိုအပ်လာတဲ့အခါ၊အခက်အခဲရှိလာတဲ့အခါတွေမှာ အကူအညီတောင်းဖို့ဝန်မလေးကြပါဘူး။ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ခြင်း၊ လူတွေကိုကျိုးနွံခြင်းက အလုပ်အတွက်တကယ်ပဲလိုအပ်သလား၊တကယ်လို့ ဒီအကျင့်တွေရှိတယ်ဆိုရင် ဘာကောင်းကျိုးရှိမလဲဆိုတာကို Career နဲ့ပတ်သက်တဲ့ပညာရှင်တွေက အခုလိုသုံးသပ်ထားပါတယ်။

တစ်ကိုယ်ကောင်းမဆန်ဘူး
နှိမ့်ချတတ်သူတွေဟာ တစ်ကိုယ်ကောင်းမဆန်တတ်ကြဘူးဆိုတဲ့အချက်ကိုတွေ့ရှိရပါတယ်။ သူတို့ဟာကိုယ်သက်သာဖို့ထက် Team တစ်ခုလုံးအောင်မြင်ဖို့ကိုပိုပြီးဦးစားပေးတတ်ကြသူတွေပါ။အရာအားလုံးမှာ ငါကကျွမ်းကျင်မနေနိုင်ဘူးဆိုတာကိုသိတဲ့အတွက် သူတို့ရဲ့ Talent နဲ့ကိုက်ညီတဲ့နေရာမှာ နေပျော်တတ်ကြပါတယ်။ နှိမ့်ချတတ်သူတွေကိုတခြားသောဝန်ထမ်းတွေအားလုံးက အကူအညီတောင်းဖို့၊ မေးမြန်းဖို့သတိရကြသလိုပြန်ပြီးအကူအညီပေးဖို့ကိုလည်းမတွန့်ဆုတ်ကြပါဘူး။နှိမ့်ချတတ်သူတွေရဲ့အစွမ်းက တခြားသူတွေကိုပါ နှိမ့်ချတတ်လာအောင်၊ပြောဆိုဆက်ဆံရလွယ်ကူလာအောင် လုပ်ဆောင်နိုင်ခြင်းပါပဲ။ ဒီလိုဝန်ထမ်းတစ်ဦးချင်းစီရဲ့ချဉ်းကပ်ရလွယ်ကူတဲ့ အမူ  အကျင့်ကနေတဆင့် ကောင်းမွန်ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်လာအောင်စွမ်းဆောင်နိုင်ပါတယ်။

သင်ယူတိုးတက်မှုူမြန်ဆန်တယ်
တစ်ပါးသူကိုချဉ်းကပ်ရဲတဲ့အစွမ်းကလည်း ကိုယ့်ရဲ့သင်ယူမှုနဲ့တိုးတက်မှုအတွက် အရေးပါပါတယ်။မသိတဲ့အခါ အလွယ်တကူမေးမြန်းရဲတာက နှိမ့်ချတတ်သူတို့ရဲ့အားသာချက်လည်းဖြစ်ပါတယ်။သူတို့တွေဟာ ကိုယ့်ရဲ့အားနည်းချက်နဲ့အမှားကိုလက်ခံတတ်ပြီး အမှားကနေသင်ခန်းစာယူကြပါတယ်။ပြုလုပ်မိတဲ့ အမှားလေးတွေကနေသင်ယူရင်း အမှားအကြီးကြီးတွေကို ရှောင်ရှားလာနိုင်ကြပါတယ်။ချဉ်းကပ်ရလွယ်ကူတယ်၊ မထိန်မချန်ဆွေးနွေးနိုင်တယ်နှိမ့်ချတတ်သူတွေကို ကိုယ့်ရဲ့စိတ်ကူးတွေ၊ Idea တွေအားလုံးမကွယ်ဝှက်တမ်းပြောဆိုဆွေးနွေးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ကလူတိုင်းကိုလေးလေးစားစားဆက်ဆံတတ်၊ နားထောင်တတ်သူဖြစ်လို့ပါ။ သူဌေးအနေနဲ့လည်းသူဆုံးဖြတ်ပြီးသားကိစ္စရပ်အတွက် ထင်မြင်ချက်တွေကိုမေးမြန်းတဲ့အခါ၊အပြိုင်အဆိုင်ဆွေးနွေးငြင်းခုန်ရတာတွေမဖြစ်ချင်တဲ့အခါ ချဉ်းကပ်ရလွယ်သူ၊ပြောဆိုညှိနှိုင်းရလွယ်သူတွေကို အဓိကလိုချင်တတ်ကြပါတယ်။

အခွင့်အလမ်းအသစ်တွေရလွယ်တယ်
နှိမ့်ချတတ်သူ၊ ကျိုးနွံတတ်သူတွေဟာ အလုပ်သစ်ရှာဖွေတဲ့နေရာမှာရလွယ်ပါတယ်။အကူအညီပေးချင်သူများသလို လမ်းညွှန်ပေးချင်သူလည်းများတတ်ပါတယ်။အလုပ်မှာတခြားဝန်ထမ်းတွေကို အပြစ်တင်ခြင်းထက် သူတို့ရဲ့ကောင်းကွက်တွေကိုပြောပေးနိုင်တာမို့ရာထူးမြင့်သူ၊ နိမ့်သူအားလုံးနဲ့အဆင်ပြေတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကဒီလိုလူမျိုးဆိုရင်အလုပ်အတွက်အင်တာဗျူးမှာလည်းကိုယ့်ရဲ့ချဉ်းကပ်ရလွယ်တဲ့အရည်အချင်းကိုထည့်သွင်းဖြေကြားနိုင်ပါတယ်။ဒီလိုအရည်အချင်းနဲ့အတူ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းက ပိုမိုကောင်းမွန်တဲ့အလုပ်တွေဆီကိုခေါ်ဆောင်သွားနိုင်ပါလိမ့်မယ်။

Ju Ju

zawgyi

ႏွိမ့္ခ်တတ္ျခင္းနဲ႔ပတ္သက္ရင္ လူတခ်ိဳ႕က အလုပ္မွာကိုယ့္အထာနဲ႔ကိုယ္ေန၊ လုပ္ငန္းခြင္မွာႏွိမ့္ခ်စရာမလိုဘူးဆိုတဲ့ အယူအဆရွိၾကပါတယ္။ တခ်ိဳ႕က်ေတာ့လည္း လူအားလုံးနဲ႔အဆင္ေျပေအာင္က်ိဳးႏြံတာ၊ ႏွိမ့္ခ်တတ္တာကေကာင္းတယ္လို႔ ယူဆၾကပါတယ္။ ႏွိမ့္ခ်တတ္တဲ့သူေတြဟာသူတို႔ကိုယ္တိုင္ရဲ႕အားသာခ်က္၊ အားနည္းခ်က္ေတြကိုသိၾကသလို အကူအညီလိုအပ္လာတဲ့အခါ၊အခက္အခဲရွိလာတဲ့အခါေတြမွာ အကူအညီေတာင္းဖို႔ဝန္မေလးၾကပါဘူး။ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်တတ္ျခင္း၊ လူေတြကိုက်ိဳးႏြံျခင္းက အလုပ္အတြက္တကယ္ပဲလိုအပ္သလား၊တကယ္လို႔ ဒီအက်င့္ေတြရွိတယ္ဆိုရင္ ဘာေကာင္းက်ိဳးရွိမလဲဆိုတာကို Career နဲ႔ပတ္သက္တဲ့ပညာရွင္ေတြက အခုလိုသုံးသပ္ထားပါတယ္။

တစ္ကိုယ္ေကာင္းမဆန္ဘူး
ႏွိမ့္ခ်တတ္သူေတြဟာ တစ္ကိုယ္ေကာင္းမဆန္တတ္ၾကဘူးဆိုတဲ့အခ်က္ကိုေတြ႕ရွိရပါတယ္။ သူတို႔ဟာကိုယ္သက္သာဖို႔ထက္ Team တစ္ခုလုံးေအာင္ျမင္ဖို႔ကိုပိုၿပီးဦးစားေပးတတ္ၾကသူေတြပါ။အရာအားလုံးမွာ ငါကကြၽမ္းက်င္မေနႏိုင္ဘူးဆိုတာကိုသိတဲ့အတြက္ သူတို႔ရဲ႕ Talent နဲ႔ကိုက္ညီတဲ့ေနရာမွာ ေနေပ်ာ္တတ္ၾကပါတယ္။ ႏွိမ့္ခ်တတ္သူေတြကိုတျခားေသာဝန္ထမ္းေတြအားလုံးက အကူအညီေတာင္းဖို႔၊ ေမးျမန္းဖို႔သတိရၾကသလိုျပန္ၿပီးအကူအညီေပးဖို႔ကိုလည္းမတြန႔္ဆုတ္ၾကပါဘူး။ႏွိမ့္ခ်တတ္သူေတြရဲ႕အစြမ္းက တျခားသူေတြကိုပါ ႏွိမ့္ခ်တတ္လာေအာင္၊ေျပာဆိုဆက္ဆံရလြယ္ကူလာေအာင္ လုပ္ေဆာင္ႏိုင္ျခင္းပါပဲ။ ဒီလိုဝန္ထမ္းတစ္ဦးခ်င္းစီရဲ႕ခ်ဥ္းကပ္ရလြယ္ကူတဲ့ အမူ  အက်င့္ကေနတဆင့္ ေကာင္းမြန္ေပ်ာ္႐ႊင္တဲ့လုပ္ငန္းခြင္တစ္ခုျဖစ္လာေအာင္စြမ္းေဆာင္ႏိုင္ပါတယ္။

သင္ယူတိုးတက္မႈူျမန္ဆန္တယ္
တစ္ပါးသူကိုခ်ဥ္းကပ္ရဲတဲ့အစြမ္းကလည္း ကိုယ့္ရဲ႕သင္ယူမႈနဲ႔တိုးတက္မႈအတြက္ အေရးပါပါတယ္။မသိတဲ့အခါ အလြယ္တကူေမးျမန္းရဲတာက ႏွိမ့္ခ်တတ္သူတို႔ရဲ႕အားသာခ်က္လည္းျဖစ္ပါတယ္။သူတို႔ေတြဟာ ကိုယ့္ရဲ႕အားနည္းခ်က္နဲ႔အမွားကိုလက္ခံတတ္ၿပီး အမွားကေနသင္ခန္းစာယူၾကပါတယ္။ျပဳလုပ္မိတဲ့ အမွားေလးေတြကေနသင္ယူရင္း အမွားအႀကီးႀကီးေတြကို ေရွာင္ရွားလာႏိုင္ၾကပါတယ္။ခ်ဥ္းကပ္ရလြယ္ကူတယ္၊ မထိန္မခ်န္ေဆြးေႏြးႏိုင္တယ္ႏွိမ့္ခ်တတ္သူေတြကို ကိုယ့္ရဲ႕စိတ္ကူးေတြ၊ Idea ေတြအားလုံးမကြယ္ဝွက္တမ္းေျပာဆိုေဆြးေႏြးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့သူတို႔ကလူတိုင္းကိုေလးေလးစားစားဆက္ဆံတတ္၊ နားေထာင္တတ္သူျဖစ္လို႔ပါ။ သူေဌးအေနနဲ႔လည္းသူဆုံးျဖတ္ၿပီးသားကိစၥရပ္အတြက္ ထင္ျမင္ခ်က္ေတြကိုေမးျမန္းတဲ့အခါ၊အၿပိဳင္အဆိုင္ေဆြးေႏြးျငင္းခုန္ရတာေတြမျဖစ္ခ်င္တဲ့အခါ ခ်ဥ္းကပ္ရလြယ္သူ၊ေျပာဆိုညႇိႏႈိင္းရလြယ္သူေတြကို အဓိကလိုခ်င္တတ္ၾကပါတယ္။

အခြင့္အလမ္းအသစ္ေတြရလြယ္တယ္
ႏွိမ့္ခ်တတ္သူ၊ က်ိဳးႏြံတတ္သူေတြဟာ အလုပ္သစ္ရွာေဖြတဲ့ေနရာမွာရလြယ္ပါတယ္။အကူအညီေပးခ်င္သူမ်ားသလို လမ္းၫႊန္ေပးခ်င္သူလည္းမ်ားတတ္ပါတယ္။အလုပ္မွာတျခားဝန္ထမ္းေတြကို အျပစ္တင္ျခင္းထက္ သူတို႔ရဲ႕ေကာင္းကြက္ေတြကိုေျပာေပးႏိုင္တာမို႔ရာထူးျမင့္သူ၊ နိမ့္သူအားလုံးနဲ႔အဆင္ေျပတတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ကဒီလိုလူမ်ိဳးဆိုရင္အလုပ္အတြက္အင္တာဗ်ဴးမွာလည္းကိုယ့္ရဲ႕ခ်ဥ္းကပ္ရလြယ္တဲ့အရည္အခ်င္းကိုထည့္သြင္းေျဖၾကားႏိုင္ပါတယ္။ဒီလိုအရည္အခ်င္းနဲ႔အတူ ကိုယ့္ကိုယ္ကိုယ္ယုံၾကည္မႈရွိျခင္းက ပိုမိုေကာင္းမြန္တဲ့အလုပ္ေတြဆီကိုေခၚေဆာင္သြားႏိုင္ပါလိမ့္မယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*