ကိုယ့်ကိုယ်ကိုယ် Emotional Intelligence ကောင်းမကောင်းသိချင်ရင်

အောင်မြင်တဲ့ Business တစ်ခုမှာ Emotional Intelligence ဟာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုအနေနဲ့ပါဝင်တယ်လို့ Forbes ကဆိုထားပါတယ်။အလုပ်သမားရှာဖွေသူအများစုနဲ့ အလုပ်အကိုင်ရှာဖွေသူတော်တော်များများကဘာတွေလုပ်ကိုင်နိုင်တယ်၊ ဘာတွေကျွမ်းကျင်တယ်ဆိုတဲ့ Hard Skill တွေအပေါ်မှာပဲပိုပြီးအာရုံစိုက်မိကြပါတယ်။လူတစ်ယောက်ရဲ့စိတ်လှုပ်ရှားခံစားမှုနဲ့ပတ်သက်တဲ့ဉာဏ်ရည်ကိုတော့ အာရုံမထားမိကြပါဘူး။ Emotional Intelligence ဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်ကိုကောင်းကောင်းနားလည်ထိန်းချုပ်နိုင်စွမ်းရှိပြီးသူတစ်ပါးရဲ့စိတ်ခံစားချက်နဲ့လိုအပ်ချက်တွေကိုလည်းနားလည်နိုင်စွမ်း၊တုံ့ပြန်နိုင်စွမ်းရှိခြင်းကိုဆိုလိုပါတယ်။လူအများစုကတော့ Emotional Intelligence ဆိုတာတခြားသူတွေကိုသိနားလည်နိုင်စွမ်းလို့ပဲယူဆကြတာပါ။ တကယ်တော့ အဲဒါထက်ပိုပါတယ်။အခြေ အနေနဲ့အချိန်အခါကိုလိုက်ပြီး ဘယ်လိုတုံ့ပြန်ပြောဆိုမလဲဆိုတာကို သိနားလည်ခြင်းကလည်း Emotional Intelligence ထဲပါဝင်တာဖြစ်ပါတယ်။

Emotional Intelligence ရဲ့အစိတ်အပိုင်းတွေထဲမှာ
ကိုယ့်ရဲ့စိတ်ခံစားချက်နဲ့အပြုအမူတွေကိုထိန်းချုပ်နိုင်ခြင်း Self-management ၊
ကိုယ့်ခံစားချက်၊အတွေးနဲ့လုပ်ရပ်တွေအပေါ်ကောင်းကောင်းသိနေခြင်း Self-awareness ၊
တစ်ပါးသူတွေရဲ့ စိတ်ခံစားချက်နဲ့လိုအပ်ချက်ကိုအလွယ်တကူနားလည်ခြင်း Social Awareness၊
မိတ်ဆွေသူငယ်ချင်း၊ မိသားစု၊ ချစ်သူ၊လုပ်ဖော်ကိုင်ဖက်တို့နဲ့အဆင်ပြေတဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခြင်း Relationship Management တို့အဓိကပါဝင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Emotional Intelligence ကောင်းမကောင်းသိချင်ရင်
ဆက်ဆံပြောဆိုရခက်တဲ့အလုပ်ကလူတစ်ယောက်နဲ့ ပြောဆိုဆက်သွယ်ချိန်၊အသင်းအဖွဲ့နဲ့အတူအလုပ်လုပ်ချိန်၊ အလုပ်ရှင်နဲ့သဘော ထားကွဲလွဲချိန်၊Clientကိုစိတ်ကျေနပ်မှုရအောင်ကြိုးပမ်းချိန်၊ အကူအညီတောင်းချိန်နဲ့အကူအညီပေးချိန်၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်ချိန် စတဲ့အချိန်တွေမှာကိုယ့်ရဲ့ Emotional Intelligence အခြေအနေကိုသုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီလိုအချိန်တွေမှာကိုယ်ကအဆင်ပြေချောမွေ့အောင်လုပ်ဆောင်နိုင်ပြီး အပြောင်းအလဲတစ်ခုခုလုပ်ဖို့မတွန့်ဆုတ်တာ၊ကိုယ်လုပ်မိတဲ့အမှားကိုခေါင်းမရှောင်ဘဲတာဝန်ယူနိုင်စွမ်းရှိတာစတဲ့အချက်တွေကိုလည်းပိုင်ဆိုင်ထားတယ်ဆိုရင် ကိုယ်ဟာ Emotional Intelligence ကောင်းသူလို့ဆိုနိုင်မှာဖြစ်ပါတယ်။

Emotional Intelligence အားနည်းခြင်းရဲ့သက်သေတွေထဲမှာတော့အောက်ကအချက်တွေပါဝင်နေပါတယ်။
အလုပ်မှာခဏခဏအငြင်းပွားတာ၊ ပြဿနာဖြစ်တာ၊ ရန်လိုတဲ့စကားပြောဆိုမိတာ၊ အလုပ်ထဲမှာသူငယ်ချင်းအများကြီးမရှိတာ၊ အဆင်မပြေတာတစ်ခုခုကြုံလာတိုင်း Negative ဘက်ကပဲစဉ်းစားပြောဆိုတာစတဲ့အချက်တွေက Emotional Intelligence အားနည်းမှုကို
ပြသနေတာဖြစ်ပါတယ်။ အလုပ်မှာသက်တမ်းရှည်ကြာလုပ်လာခဲ့ပေမယ့် ရာထူးမတိုးတာမျိုးဟာလည်း Emotional Intelligence အားနည်းမှုကြောင့်ဖြစ်နေတတ်ပါတယ်။

Emotional Intelligence ကောင်းအောင်ဘယ်လိုလုပ်မလဲ
Emotional Intelligence ကောင်းအောင် အသက်ရှူ၊ ထုတ်လေ့ကျင့်ခန်းလေးကို ပုံမှန်လုပ်ပြီးကိုယ့်စိတ်ကိုသိနေပေးပါ။ ဒီလိုသတိကပ်တတ်တဲ့အကျင့်လေးရပြီဆိုရင် အလုပ်မှာစိတ်ဖိစီးစရာ၊စိတ်တိုစရာ ဘယ်လောက်ပဲကြုံကြုံ အကောင်းဆုံးကိုင်တွယ်လာနိုင်ပါလိမ့်မယ်။
နောက်တစ်ချက်က နားထောင်ဖို့ပါ။ ကိုယ့်စိတ်ရဲ့အသံကိုပြန်ကြားဖို့အတွက်ရောတခြားသူစိတ်ကိုနားလည်နိုင်ဖို့အတွက်ပါ များများနား ထောင်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ကိုယ့်ပါးစပ်ကစကားသံမထွက်ခင်အရင်ဆုံးစဉ်းစားပါ။စဉ်းစားပြီးမှပြောတတ်အောင်လေ့ကျင့်ရမှာဖြစ်ပါတယ်။တစ်ခုခုကိုသဘောမတူတဲ့အခါ No လို့အပြတ်ငြင်းလိုက်တာထက် ငါတော့ဒီလိုထင်တယ်ဆိုတာမျိုးပြောဆိုလေ့ကျင့်ကြည့်သင့်ပါတယ်။ ဒါ့အပြင်…တတ်နိုင်သမျှ မိတ်ဆွေဖွဲ့ပါ။စိတ်ပျက်စရာအခြေအနေတစ်ခုခုကြုံလာချိန်တိုင်းကောင်းကွက်ကိုရှာနိုင်အောင်ကြိုးစားကြည့်ပါ။ဘာမှမရနိုင်ရင်တောင် ငါတော့အတွေ့အကြုံတစ်ခုရတာပေါ့လေဆိုတာမျိုးတွေးနိုင်အောင်ကြိုးစားကြည့်ပါနော်။ဒါဆိုရင်တော့ လူမှုရေး၊ စီးပွားရေးအပြင် ဘဝတစ်လျှောက်လုံးအဆင်ပြေပြေလျှောက်လှမ်းနိုင်ဖို့အတွက်အရေးပါလှတဲ့ Emotional Intelligence တက်လာအောင်စွမ်းဆောင်နိုင်မှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

ေအာင္ျမင္တဲ့ Business တစ္ခုမွာ Emotional Intelligence ဟာအေရးအႀကီးဆုံးအစိတ္အပိုင္းတစ္ခုအေနနဲ႔ပါဝင္တယ္လို႔ Forbes ကဆိုထားပါတယ္။အလုပ္သမားရွာေဖြသူအမ်ားစုနဲ႔ အလုပ္အကိုင္ရွာေဖြသူေတာ္ေတာ္မ်ားမ်ားကဘာေတြလုပ္ကိုင္ႏိုင္တယ္၊ ဘာေတြကြၽမ္းက်င္တယ္ဆိုတဲ့ Hard Skill ေတြအေပၚမွာပဲပိုၿပီးအာ႐ုံစိုက္မိၾကပါတယ္။လူတစ္ေယာက္ရဲ႕စိတ္လႈပ္ရွားခံစားမႈနဲ႔ပတ္သက္တဲ့ဉာဏ္ရည္ကိုေတာ့ အာ႐ုံမထားမိၾကပါဘူး။ Emotional Intelligence ဆိုတာကိုယ့္ရဲ႕စိတ္ခံစားခ်က္ကိုေကာင္းေကာင္းနားလည္ထိန္းခ်ဳပ္ႏိုင္စြမ္းရွိၿပီးသူတစ္ပါးရဲ႕စိတ္ခံစားခ်က္နဲ႔လိုအပ္ခ်က္ေတြကိုလည္းနားလည္ႏိုင္စြမ္း၊တုံ႔ျပန္ႏိုင္စြမ္းရွိျခင္းကိုဆိုလိုပါတယ္။လူအမ်ားစုကေတာ့ Emotional Intelligence ဆိုတာတျခားသူေတြကိုသိနားလည္ႏိုင္စြမ္းလို႔ပဲယူဆၾကတာပါ။ တကယ္ေတာ့ အဲဒါထက္ပိုပါတယ္။အေျခ အေနနဲ႔အခ်ိန္အခါကိုလိုက္ၿပီး ဘယ္လိုတုံ႔ျပန္ေျပာဆိုမလဲဆိုတာကို သိနားလည္ျခင္းကလည္း Emotional Intelligence ထဲပါဝင္တာျဖစ္ပါတယ္။

Emotional Intelligence ရဲ႕အစိတ္အပိုင္းေတြထဲမွာ
ကိုယ့္ရဲ႕စိတ္ခံစားခ်က္နဲ႔အျပဳအမူေတြကိုထိန္းခ်ဳပ္ႏိုင္ျခင္း Self-management ၊
ကိုယ့္ခံစားခ်က္၊အေတြးနဲ႔လုပ္ရပ္ေတြအေပၚေကာင္းေကာင္းသိေနျခင္း Self-awareness ၊
တစ္ပါးသူေတြရဲ႕ စိတ္ခံစားခ်က္နဲ႔လိုအပ္ခ်က္ကိုအလြယ္တကူနားလည္ျခင္း Social Awareness၊
မိတ္ေဆြသူငယ္ခ်င္း၊ မိသားစု၊ ခ်စ္သူ၊လုပ္ေဖာ္ကိုင္ဖက္တို႔နဲ႔အဆင္ေျပတဲ့ဆက္ဆံေရးကိုတည္ေဆာက္ႏိုင္ျခင္း Relationship Management တို႔အဓိကပါဝင္ပါတယ္။

ကိုယ့္ကိုယ္ကိုယ္ Emotional Intelligence ေကာင္းမေကာင္းသိခ်င္ရင္
ဆက္ဆံေျပာဆိုရခက္တဲ့အလုပ္ကလူတစ္ေယာက္နဲ႔ ေျပာဆိုဆက္သြယ္ခ်ိန္၊အသင္းအဖြဲ႕နဲ႔အတူအလုပ္လုပ္ခ်ိန္၊ အလုပ္ရွင္နဲ႔သေဘာ ထားကြဲလြဲခ်ိန္၊Clientကိုစိတ္ေက်နပ္မႈရေအာင္ႀကိဳးပမ္းခ်ိန္၊ အကူအညီေတာင္းခ်ိန္နဲ႔အကူအညီေပးခ်ိန္၊လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ခိုင္မာတဲ့ဆက္ဆံေရးတည္ေဆာက္ခ်ိန္ စတဲ့အခ်ိန္ေတြမွာကိုယ့္ရဲ႕ Emotional Intelligence အေျခအေနကိုသုံးသပ္ႏိုင္မွာျဖစ္ပါတယ္။ ဒီလိုအခ်ိန္ေတြမွာကိုယ္ကအဆင္ေျပေခ်ာေမြ႕ေအာင္လုပ္ေဆာင္ႏိုင္ၿပီး အေျပာင္းအလဲတစ္ခုခုလုပ္ဖို႔မတြန႔္ဆုတ္တာ၊ကိုယ္လုပ္မိတဲ့အမွားကိုေခါင္းမေရွာင္ဘဲတာဝန္ယူႏိုင္စြမ္းရွိတာစတဲ့အခ်က္ေတြကိုလည္းပိုင္ဆိုင္ထားတယ္ဆိုရင္ ကိုယ္ဟာ Emotional Intelligence ေကာင္းသူလို႔ဆိုႏိုင္မွာျဖစ္ပါတယ္။

Emotional Intelligence အားနည္းျခင္းရဲ႕သက္ေသေတြထဲမွာေတာ့ေအာက္ကအခ်က္ေတြပါဝင္ေနပါတယ္။
အလုပ္မွာခဏခဏအျငင္းပြားတာ၊ ျပႆနာျဖစ္တာ၊ ရန္လိုတဲ့စကားေျပာဆိုမိတာ၊ အလုပ္ထဲမွာသူငယ္ခ်င္းအမ်ားႀကီးမရွိတာ၊ အဆင္မေျပတာတစ္ခုခုႀကဳံလာတိုင္း Negative ဘက္ကပဲစဥ္းစားေျပာဆိုတာစတဲ့အခ်က္ေတြက Emotional Intelligence အားနည္းမႈကို
ျပသေနတာျဖစ္ပါတယ္။ အလုပ္မွာသက္တမ္းရွည္ၾကာလုပ္လာခဲ့ေပမယ့္ ရာထူးမတိုးတာမ်ိဳးဟာလည္း Emotional Intelligence အားနည္းမႈေၾကာင့္ျဖစ္ေနတတ္ပါတယ္။

Emotional Intelligence ေကာင္းေအာင္ဘယ္လိုလုပ္မလဲ
Emotional Intelligence ေကာင္းေအာင္ အသက္ရႉ၊ ထုတ္ေလ့က်င့္ခန္းေလးကို ပုံမွန္လုပ္ၿပီးကိုယ့္စိတ္ကိုသိေနေပးပါ။ ဒီလိုသတိကပ္တတ္တဲ့အက်င့္ေလးရၿပီဆိုရင္ အလုပ္မွာစိတ္ဖိစီးစရာ၊စိတ္တိုစရာ ဘယ္ေလာက္ပဲႀကဳံႀကဳံ အေကာင္းဆုံးကိုင္တြယ္လာႏိုင္ပါလိမ့္မယ္။
ေနာက္တစ္ခ်က္က နားေထာင္ဖို႔ပါ။ ကိုယ့္စိတ္ရဲ႕အသံကိုျပန္ၾကားဖို႔အတြက္ေရာတျခားသူစိတ္ကိုနားလည္ႏိုင္ဖို႔အတြက္ပါ မ်ားမ်ားနား ေထာင္ေပးရမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ကိုယ့္ပါးစပ္ကစကားသံမထြက္ခင္အရင္ဆုံးစဥ္းစားပါ။စဥ္းစားၿပီးမွေျပာတတ္ေအာင္ေလ့က်င့္ရမွာျဖစ္ပါတယ္။တစ္ခုခုကိုသေဘာမတူတဲ့အခါ No လို႔အျပတ္ျငင္းလိုက္တာထက္ ငါေတာ့ဒီလိုထင္တယ္ဆိုတာမ်ိဳးေျပာဆိုေလ့က်င့္ၾကည့္သင့္ပါတယ္။ ဒါ့အျပင္…တတ္ႏိုင္သမွ် မိတ္ေဆြဖြဲ႕ပါ။စိတ္ပ်က္စရာအေျခအေနတစ္ခုခုႀကဳံလာခ်ိန္တိုင္းေကာင္းကြက္ကိုရွာႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ။ဘာမွမရႏိုင္ရင္ေတာင္ ငါေတာ့အေတြ႕အႀကဳံတစ္ခုရတာေပါ့ေလဆိုတာမ်ိဳးေတြးႏိုင္ေအာင္ႀကိဳးစားၾကည့္ပါေနာ္။ဒါဆိုရင္ေတာ့ လူမႈေရး၊ စီးပြားေရးအျပင္ ဘဝတစ္ေလွ်ာက္လုံးအဆင္ေျပေျပေလွ်ာက္လွမ္းႏိုင္ဖို႔အတြက္အေရးပါလွတဲ့ Emotional Intelligence တက္လာေအာင္စြမ္းေဆာင္ႏိုင္မွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*