စိတ်လှုပ်ရှားထိတ်လန့်ဖွယ်ဇာတ်လမ်းနှစ်သက်သူတွေအကြိုက်တွေ့ဦးမယ့် The Killing Vote

SBS ကထုတ်လွှင့်ပြသမယ့် The Killing Vote ရဲ့ပိုစတာကြောင့် ကိုရီးယားဒရာမာကြိုက်နှစ်သက်သူတွေအနေနဲ့ဇာတ်လမ်းအပေါ် စိတ်ဝင်စားမှုမြင့်တက်နေတယ်လို့ဆိုပါတယ်။နာမည်ကြီး Webtoon တစ်ခုကိုအခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာတရားမျှတမှုဆိုတာကိုသင်ဘယ်လိုထင်သလဲဆိုတဲ့မေးခွန်းနဲ့အတူပရိသတ်ဆီကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ရဲဝန်ထမ်းရဲ့လာဘ်စားမှုအပြင် မဲရလဒ်အရပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေတဲ့ခွေးမျက်နှာဖုံးနဲ့လူသတ်သမားရဲ့လျှို့ဝှက်တဲ့ဘဝဇာတ်လမ်းကိုအဓိကတူးဖော်ပြသမှာဖြစ်ပါတယ်။

 

The Killing Vote ပိုစတာထဲမှာတော့ စိတ်ခံစားချက်ကင်းမဲ့နေတဲ့မျက်နှာတွေနဲ့ဇာတ်ကောင် ၉ ဦးကိုတွေ့မြင်ရမှာဖြစ်ပြီး သူတို့တွေကမဲပေးတဲ့အဖွဲ့ထဲမှာပါဝင်သူတွေဖြစ်ကြပါတယ်။ခွေးမျက်နှာဖုံးနဲ့လူဘေးမှာ အဓိကဝန်းရံမယ့်ဇာတ်ကောင်တွေကတော့နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Park Sung Woong ၊ Lim Ji Yeon နဲ့ Park Hae Jinတို့ဖြစ်ကြပါတယ်။ဒီထဲမှာပါဝင်တဲ့ဇာတ်ကောင် ၈ ဦးဟာ တစ်ဦးနဲ့တစ်ဦးဆက်စပ်မှုမရှိဘဲ ဇာတ်လမ်းအစမှာပါဝင်လာပြီးမဲပေးတဲ့သူတွေအဖြစ် ဘယ်လိုဆက်နွယ်ပတ်သက်လာမလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။The Killing Vote ဇာတ်လမ်းတွဲကို ဩဂုတ်လ ၁၀ ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသ‌တော့မှာဖြစ်ပါတယ်။

Ju Ju

zawgyi

SBS ကထုတ္လႊင့္ျပသမယ့္ The Killing Vote ရဲ႕ပိုစတာေၾကာင့္ ကိုရီးယားဒရာမာႀကိဳက္ႏွစ္သက္သူေတြအေနနဲ႔ဇာတ္လမ္းအေပၚ စိတ္ဝင္စားမႈျမင့္တက္ေနတယ္လို႔ဆိုပါတယ္။နာမည္ႀကီး Webtoon တစ္ခုကိုအေျခခံ႐ိုက္ကူးထားတဲ့ ဒီဇာတ္လမ္းတြဲဟာတရားမွ်တမႈဆိုတာကိုသင္ဘယ္လိုထင္သလဲဆိုတဲ့ေမးခြန္းနဲ႔အတူပရိသတ္ဆီကိုေရာက္ရွိလာေတာ့မွာျဖစ္ပါတယ္။ရဲဝန္ထမ္းရဲ႕လာဘ္စားမႈအျပင္ မဲရလဒ္အရျပစ္ဒဏ္ကေနကင္းလြတ္ခြင့္ရေနတဲ့ေခြးမ်က္ႏွာဖုံးနဲ႔လူသတ္သမားရဲ႕လွ်ိဳ႕ဝွက္တဲ့ဘဝဇာတ္လမ္းကိုအဓိကတူးေဖာ္ျပသမွာျဖစ္ပါတယ္။

The Killing Vote ပိုစတာထဲမွာေတာ့ စိတ္ခံစားခ်က္ကင္းမဲ့ေနတဲ့မ်က္ႏွာေတြနဲ႔ဇာတ္ေကာင္ ၉ ဦးကိုေတြ႕ျမင္ရမွာျဖစ္ၿပီး သူတို႔ေတြကမဲေပးတဲ့အဖြဲ႕ထဲမွာပါဝင္သူေတြျဖစ္ၾကပါတယ္။ေခြးမ်က္ႏွာဖုံးနဲ႔လူေဘးမွာ အဓိကဝန္းရံမယ့္ဇာတ္ေကာင္ေတြကေတာ့နာမည္ႀကီးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Park Sung Woong ၊ Lim Ji Yeon နဲ႔ Park Hae Jinတို႔ျဖစ္ၾကပါတယ္။ဒီထဲမွာပါဝင္တဲ့ဇာတ္ေကာင္ ၈ ဦးဟာ တစ္ဦးနဲ႔တစ္ဦးဆက္စပ္မႈမရွိဘဲ ဇာတ္လမ္းအစမွာပါဝင္လာၿပီးမဲေပးတဲ့သူေတြအျဖစ္ ဘယ္လိုဆက္ႏြယ္ပတ္သက္လာမလဲဆိုတာကိုစိတ္ဝင္စားဖြယ္ၾကည့္ရႈရမွာျဖစ္ပါတယ္။The Killing Vote ဇာတ္လမ္းတြဲကို ဩဂုတ္လ ၁၀ ရက္ေန႔မွာ စတင္ထုတ္လႊင့္ျပသ‌ေတာ့မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*