ဂျနီဖာလောရင့်စ်နဲ့အပြိုင်အလှကြီးလှနေတဲ့ Suzy

ကိုရီးယားအဆိုတော်၊သရုပ်ဆောင် Suzy ဟာ စက်တင်ဘာလ ၂၃ ရက်နေ့ကနယူးယော့ခ်မြို့မှာကျင်းပတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ် Longines နာရီရဲ့အခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်။သူမဟာ Longines ရဲ့ Ambassador of Elegance ရာထူးနဲ့တက်ရောက်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့နှစ်မေလကတည်းက Ambassador အဖြစ်ခန့်အပ်ခံခဲ့ရတာဖြစ်ပါတယ်။ဒီပွဲမှာသူမကို နာမည်ကြီးဟောလိဝုဒ်မင်းသမီး ဂျနီဖာလောရင့်စ်နဲ့အတူတွေ့မြင်ရပါတယ်။ Longines ဘက်က Suzy ကို ထူးချွန်ဆုတွေအများကြီးပိုင်ဆိုင်ထားတဲ့ အဆိုတော်၊သရုပ် ဆောင်ဖြစ်တာမို့တောင်ကိုရီးယားရဲ့ နိုင်ငံကိုယ်စားပြုအနုပညာရှင်အဖြစ်ကမ္ဘာ့မျက်နှာစာမှာတင့်တယ်လွန်းသူလို့ဆိုထားခဲ့တာဖြစ်ပါတယ်။

Longines ရဲ့လက်ရှိ Ambassador of Elegance ကတော့ ဂျနီဖာလောရင့်စ်ဖြစ်ပါတယ်။ Suzy နဲ့ဂျနီဖာလောရင့်စ်ရဲ့တွဲရက်ပုံတွေအပေါ် ပရိသတ်တွေကမှတ်ချက်ကောင်းတွေသာပြောဆိုခဲ့ကြပါတယ်။“နှစ်ယောက်လုံးကလှလိုက်တာ”၊ “Suzy ကသူကဂျနီဖာလောရင့်စ်ရဲ့ပရိသတ်လို့တစ်ခါကပြောဖူးတယ်၊ အခုတော့လူချင်းဆုံကြရပြီပေါ့”ဆိုတဲ့မှတ်ချက်တွေပေးခဲ့ကြတာဖြစ်ပါတယ်။

Ju Ju

zawgyi

ကိုရီးယားအဆိုေတာ္၊သ႐ုပ္ေဆာင္ Suzy ဟာ စက္တင္ဘာလ ၂၃ ရက္ေန႔ကနယူးေယာ့ခ္ၿမိဳ႕မွာက်င္းပတဲ့ ကမာၻေက်ာ္အမွတ္တံဆိပ္ Longines နာရီရဲ႕အခမ္းအနားကိုတက္ေရာက္ခဲ့ပါတယ္။သူမဟာ Longines ရဲ႕ Ambassador of Elegance ရာထူးနဲ႔တက္ေရာက္ခဲ့တာျဖစ္ၿပီးၿပီးခဲ့တဲ့ႏွစ္ေမလကတည္းက Ambassador အျဖစ္ခန႔္အပ္ခံခဲ့ရတာျဖစ္ပါတယ္။ဒီပြဲမွာသူမကို နာမည္ႀကီးေဟာလိဝုဒ္မင္းသမီး ဂ်နီဖာေလာရင့္စ္နဲ႔အတူေတြ႕ျမင္ရပါတယ္။ Longines ဘက္က Suzy ကို ထူးခြၽန္ဆုေတြအမ်ားႀကီးပိုင္ဆိုင္ထားတဲ့ အဆိုေတာ္၊သ႐ုပ္ ေဆာင္ျဖစ္တာမို႔ေတာင္ကိုရီးယားရဲ႕ ႏိုင္ငံကိုယ္စားျပဳအႏုပညာရွင္အျဖစ္ကမာၻ႔မ်က္ႏွာစာမွာတင့္တယ္လြန္းသူလို႔ဆိုထားခဲ့တာျဖစ္ပါတယ္။

Longines ရဲ႕လက္ရွိ Ambassador of Elegance ကေတာ့ ဂ်နီဖာေလာရင့္စ္ျဖစ္ပါတယ္။ Suzy နဲ႔ဂ်နီဖာေလာရင့္စ္ရဲ႕တြဲရက္ပုံေတြအေပၚ ပရိသတ္ေတြကမွတ္ခ်က္ေကာင္းေတြသာေျပာဆိုခဲ့ၾကပါတယ္။“ႏွစ္ေယာက္လုံးကလွလိုက္တာ”၊ “Suzy ကသူကဂ်နီဖာေလာရင့္စ္ရဲ႕ပရိသတ္လို႔တစ္ခါကေျပာဖူးတယ္၊ အခုေတာ့လူခ်င္းဆုံၾကရၿပီေပါ့”ဆိုတဲ့မွတ္ခ်က္ေတြေပးခဲ့ၾကတာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*