အလုပ်မှာ Toxic ဖြစ်စေတဲ့ အကြောင်းအရင်း (၄)ခု

လူတိုင်းမှာ အလုပ်သွားလုပ်ရတာကို မုန်းတဲ့နေ့တွေရှိကြပါတယ်။ ဥပမာတနင်္လာနေ့လိုမျိုးပေါ့။လူအများအတွက်တော့ တနင်္လာနေ့တွေမှာ အလုပ်စတင်ဖို့အတွက်အားအင်ယူဖို့ခက်ခဲကြပါတယ်။ ပိတ်ရက်ကနေ ရုန်းထွက်ဖို့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ပိတ်ရက်တွေကုန်သွားမှာကို ဝမ်းနည်းနေတတ်ကြပါတယ်။ ဒါက လူတိုင်းကြုံရတတ်ပါတယ်။အထူးသဖြင့် အလုပ်ကိုချစ်တဲ့သူတွေတောင်မှ တခါတလေတော့ဒီလိုအဖြစ်မျိုးကြုံရနိုင်ပါတယ်။ဒါပေမဲ့အခုပြောမှာကတော့ အလုပ်သွားရမှာကို ကြောက်တဲ့စိတ်ဖြစ်နေတဲ့အချက်ပါ။ကိုယ့်ရဲ့အ လုပ်ပတ်ဝန်းကျင်က ကိုယ့်အတွက် Toxic ဖြစ်စေပြီးတော့ အလုပ်သွားဖို့အတွက်ကြောက်တဲ့စိတ်ဖြစ်နေပြီဆိုရင်တော့ သင်က Toxic အလုပ်ပတ်ဝန်းကျင်ထဲမှာရောက်ရှိနေပါပြီ။

အဆိပ်အတောက်ဖြစ်စေတဲ့အလုပ်ပတ်ဝန်းကျင်ဆိုတာက ကိုယ့်ရဲ့မန်နေဂျာ၊ ခေါင်းဆောင်၊အသင်းအဖွဲ့တွေအချင်းချင်း ပွတ်တိုက်မှုကနေ ရန်လိုတဲ့အလုပ်ခွင်၊ အတင်းအဖျင်းဖြစ်စေတဲ့လုပ်ငန်းခွင်မျိုးကို ဆိုလိုပါတယ်။ အဲဒီအလုပ်ပတ်ဝန်းကျင်မှာ ကိုယ့်ကိုယ်ကိုယ်ယုံ ကြည်မှု၊လေးစားမှုတွေပျောက်ဆုံးသွားတဲ့ အလုပ်ပတ်ဝန်းကျင်မျိုးပါ။ ကိုယ့်အတွက်အလွန်အမင်းစိတ်ဖိစီးစရာအခြေအနေလည်းဖြစ်ပါတယ်။ Toxic အလုပ်ပတ်ဝန်းကျင်ကအားလုံးကို ခက်ခဲစေပါတယ်။ ကိုယ့်အတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအပြင်အလုပ်အပေါ်မှာလည်း အများကြီးသက်ရောက်မှုတွေရှိစေနိုင်ပါတယ်။ဒီအချက်တွေကတော့ Toxic ဖြစ်စေတဲ့အလုပ်ပတ်ဝန်းကျင်ဖြစ်စေတဲ့အ ကြောင်းအရင်း(၄)ခုပဲဖြစ်ပါတယ်။

အလုပ်ခန်းမှာ အတင်းအဖျင်းပြောဆိုမှုများနဲ့ နေ့စဉ်နပမ်းလုံးနေရတာ

လူတိုင်းက ကိုယ့်ရဲ့ပရော်ရှင်နယ်လုပ်ငန်းခွင်ကို အထက်တန်းကျောင်းက ခံစားချက်လိုမျိုးမခံစားစေချင်ကြပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ Toxic ဖြစ်နေပြီဆိုရင်တော့တဦးနဲ့တဦးရန်လိုတာ၊ မယုံမကြည်ဖြစ်တာ၊အမြဲတမ်းအပြစ်ရှာဖို့ကြံစည်နေတာမျိုးတွေဖြစ်စေပါတယ်။ ဝေဖန်မှုအစားပြစ်တင်ပြောဆိုမှုတွေပြည့်နှက်နေတဲ့ လေထုဝန်းကျင်ဖြစ်နေပြီဆိုရင်ကိုယ့်အတွက်အဆိပ်အတောက်တွေချည်းပဲ ဖြစ်စေမှာပါ။ပူးပေါင်းဆောင်ရွက်မှုတွေခက်ခဲစေနိုင်ပြီး ဂိုဏ်းဖွဲ့ဆန့်ကျင်မှုတွေကကိုယ့်အတွက်စိတ်ဖိစီးစရာအလုပ်ပတ်ဝန်းကျင်ဖြစ်စေပါတယ်။ ရုံးတွင်း အတွင်းအဖျင်းတွေကလုပ်ငန်းခွင်ကို အဆိပ်အတောက်ဖြစ်စေတဲ့ လုပ်ငန်းခွင်အဖြစ်ရောက်ရှိစေနိုင်ပါ တယ်။

နေရာတိုင်းမှာ Communication အားနည်းတာ

Communication အားနည်းတာက လုပ်ငန်းခွင်အတွက်ဖြစ်စေ၊ အသင်းအဖွဲ့တွေအတွက်ဖြစ်စေတဦးချင်းစီအတွက်ဖြစ်စေ ကောင်းမွန်တဲ့ရလဒ်တွေမဖြစ်လာစေပါဘူး။ Communication အားနည်းတာကြောင့် မရှင်းလင်းမှုတွေ၊ လစ်ဟာမှုတွေ၊ နားလည်မှုလွဲတာတွေ၊
အမှားလုပ်မိတာတွေဖြစ်စေနိုင်ပါတယ်။ စီမံခန့်ခွဲမှုမှာလည်းအများကြီးသက်ရောက်မှုရှိစေနိုင်ပြီး လူတိုင်းအတွက် စိတ်ပျက်စရာ၊စိတ်ရှုပ်စရာဖြစ်စေနိုင်ပါတယ်။ Communicationက လုပ်ငန်းခွင်တခုအတွက်မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။Communication အားနည်းမယ်ဆိုရင်အဖွဲ့သားတွေ အခက်တွေ့စေပါတယ်။ ဒီအချက်ကြောင့်လည်း လုပ်ငန်းခွင်ကအဆိပ်အတောက်ဖြစ်စေပါတယ်။

အထက်လူကြီး ခေါင်းဆောင်မှုစွမ်းရည် ညံ့ဖျင်းတာ

ခေါင်းဆောင်ကောင်းတဦးက သင့်ကိုလုပ်ငန်းခွင်မှာ ကောင်းမွန်စွာအလုပ်လုပ်ဖို့အတွက်တွန်းအားပေးပြီး တတ်နိုင်သမျှ ကူညီဆောင်းရွက်ပေးဖို့လိုပါတယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲမျက်နှာလိုက်တာ၊ အယုံအကြည်ကင်းမဲ့တာ၊ လေးစားမှုကင်းမဲ့တာတွေကကိုယ့်ရဲ့အလုပ်လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒီလိုခေါင်းဆောင်မှုကလည်းအဆိပ်သင့်တဲ့ ခေါင်းဆောင်မှုလက္ခဏာတွေဖြစ်စေပါတယ်။

အားလပ်ချိန်မရှိတာ

လူတွေက အလုပ်မှာ ကိုယ့်ကိုယ်ကိုယ်အားသွင်းဖို့ အချိန်လိုပါတယ်။ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်ရှိတာကလည်း အလုပ်နဲ့ဘဝကိုမျှတစေပါတယ်။ ဒီလိုမဟုတ်ပဲ အိမ်ပြန်ရင်လည်း အလုပ်ကိစ္စပဲ စဉ်းစားနေရတာ၊လုပ်ဆောင်နေရတာတွေက ကြာလာတဲ့အခါမှာ ကိုယ့်ဆီက ရှိသမျှစွမ်းရည်တွေ၊အားအင်တွေကိုပဲ စုပ်ယူသွားတာမျိုးပါ။ ကိုယ့်တကိုယ်ရည်အတွက် တိုးတက်ဖို့အချိန်မရှိတာကအဆိပ်သင့်စေတဲ့ လုပ်ငန်းခွင်တွေရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာစေဖို့အတွက် လုပ်ငန်းခွင်တွေက အဆိပ်မသင့်စေဖို့ လိုအပ်ပါတယ်။လုပ်ငန်းခွင်တခုက သင့်ကို မြင့်မားသောနေရာသို့ရောက်ရှိရန် ပံ့ပိုးပေးတာ၊ခွန်အားပေးတာတွေအစား ကိုယ့်ရဲ့စိတ်နှလုံးကို ညစ်နွမ်းစေတာ၊ကိုယ့်ကိုယ်ကိုယ်လေးစားမှုကင်းမဲ့စေတာ၊ ယုံကြည်မှုကင်းမဲ့စေတာတွေကအ ဆိပ်သင့်လုပ်ငန်းခွင်ဖြစ်စေတဲ့ လက္ခဏာတွေဖြစ်လို့ အထူးသတိပြုသင့်ပါတယ်။

MYit

zawgyi

လူတိုင္းမွာ အလုပ္သြားလုပ္ရတာကို မုန္းတဲ့ေန႔ေတြရွိၾကပါတယ္။ ဥပမာတနလၤာေန႔လိုမ်ိဳးေပါ့။လူအမ်ားအတြက္ေတာ့ တနလၤာေန႔ေတြမွာ အလုပ္စတင္ဖို႔အတြက္အားအင္ယူဖို႔ခက္ခဲၾကပါတယ္။ ပိတ္ရက္ကေန ႐ုန္းထြက္ဖို႔ အဆင္သင့္မျဖစ္ၾကေသးပါဘူး။ပိတ္ရက္ေတြကုန္သြားမွာကို ဝမ္းနည္းေနတတ္ၾကပါတယ္။ ဒါက လူတိုင္းႀကဳံရတတ္ပါတယ္။အထူးသျဖင့္ အလုပ္ကိုခ်စ္တဲ့သူေတြေတာင္မွ တခါတေလေတာ့ဒီလိုအျဖစ္မ်ိဳးႀကဳံရႏိုင္ပါတယ္။ဒါေပမဲ့အခုေျပာမွာကေတာ့ အလုပ္သြားရမွာကို ေၾကာက္တဲ့စိတ္ျဖစ္ေနတဲ့အခ်က္ပါ။ကိုယ့္ရဲ႕အ လုပ္ပတ္ဝန္းက်င္က ကိုယ့္အတြက္ Toxic ျဖစ္ေစၿပီးေတာ့ အလုပ္သြားဖို႔အတြက္ေၾကာက္တဲ့စိတ္ျဖစ္ေနၿပီဆိုရင္ေတာ့ သင္က Toxic အလုပ္ပတ္ဝန္းက်င္ထဲမွာေရာက္ရွိေနပါၿပီ။

အဆိပ္အေတာက္ျဖစ္ေစတဲ့အလုပ္ပတ္ဝန္းက်င္ဆိုတာက ကိုယ့္ရဲ႕မန္ေနဂ်ာ၊ ေခါင္းေဆာင္၊အသင္းအဖြဲ႕ေတြအခ်င္းခ်င္း ပြတ္တိုက္မႈကေန ရန္လိုတဲ့အလုပ္ခြင္၊ အတင္းအဖ်င္းျဖစ္ေစတဲ့လုပ္ငန္းခြင္မ်ိဳးကို ဆိုလိုပါတယ္။ အဲဒီအလုပ္ပတ္ဝန္းက်င္မွာ ကိုယ့္ကိုယ္ကိုယ္ယုံ ၾကည္မႈ၊ေလးစားမႈေတြေပ်ာက္ဆုံးသြားတဲ့ အလုပ္ပတ္ဝန္းက်င္မ်ိဳးပါ။ ကိုယ့္အတြက္အလြန္အမင္းစိတ္ဖိစီးစရာအေျခအေနလည္းျဖစ္ပါတယ္။ Toxic အလုပ္ပတ္ဝန္းက်င္ကအားလုံးကို ခက္ခဲေစပါတယ္။ ကိုယ့္အတြက္ ႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာအျပင္အလုပ္အေပၚမွာလည္း အမ်ားႀကီးသက္ေရာက္မႈေတြရွိေစႏိုင္ပါတယ္။ဒီအခ်က္ေတြကေတာ့ Toxic ျဖစ္ေစတဲ့အလုပ္ပတ္ဝန္းက်င္ျဖစ္ေစတဲ့အ ေၾကာင္းအရင္း(၄)ခုပဲျဖစ္ပါတယ္။

အလုပ္ခန္းမွာ အတင္းအဖ်င္းေျပာဆိုမႈမ်ားနဲ႔ ေန႔စဥ္နပမ္းလုံးေနရတာ

လူတိုင္းက ကိုယ့္ရဲ႕ပေရာ္ရွင္နယ္လုပ္ငန္းခြင္ကို အထက္တန္းေက်ာင္းက ခံစားခ်က္လိုမ်ိဳးမခံစားေစခ်င္ၾကပါဘူး။ ဒါေပမဲ့ လုပ္ငန္းခြင္မွာ Toxic ျဖစ္ေနၿပီဆိုရင္ေတာ့တဦးနဲ႔တဦးရန္လိုတာ၊ မယုံမၾကည္ျဖစ္တာ၊အၿမဲတမ္းအျပစ္ရွာဖို႔ႀကံစည္ေနတာမ်ိဳးေတြျဖစ္ေစပါတယ္။ ေဝဖန္မႈအစားျပစ္တင္ေျပာဆိုမႈေတြျပည့္ႏွက္ေနတဲ့ ေလထုဝန္းက်င္ျဖစ္ေနၿပီဆိုရင္ကိုယ့္အတြက္အဆိပ္အေတာက္ေတြခ်ည္းပဲ ျဖစ္ေစမွာပါ။ပူးေပါင္းေဆာင္႐ြက္မႈေတြခက္ခဲေစႏိုင္ၿပီး ဂိုဏ္းဖြဲ႕ဆန႔္က်င္မႈေတြကကိုယ့္အတြက္စိတ္ဖိစီးစရာအလုပ္ပတ္ဝန္းက်င္ျဖစ္ေစပါတယ္။ ႐ုံးတြင္း အတြင္းအဖ်င္းေတြကလုပ္ငန္းခြင္ကို အဆိပ္အေတာက္ျဖစ္ေစတဲ့ လုပ္ငန္းခြင္အျဖစ္ေရာက္ရွိေစႏိုင္ပါ တယ္။

ေနရာတိုင္းမွာ Communication အားနည္းတာ

Communication အားနည္းတာက လုပ္ငန္းခြင္အတြက္ျဖစ္ေစ၊ အသင္းအဖြဲ႕ေတြအတြက္ျဖစ္ေစတဦးခ်င္းစီအတြက္ျဖစ္ေစ ေကာင္းမြန္တဲ့ရလဒ္ေတြမျဖစ္လာေစပါဘူး။ Communication အားနည္းတာေၾကာင့္ မရွင္းလင္းမႈေတြ၊ လစ္ဟာမႈေတြ၊ နားလည္မႈလြဲတာေတြ၊
အမွားလုပ္မိတာေတြျဖစ္ေစႏိုင္ပါတယ္။ စီမံခန႔္ခြဲမႈမွာလည္းအမ်ားႀကီးသက္ေရာက္မႈရွိေစႏိုင္ၿပီး လူတိုင္းအတြက္ စိတ္ပ်က္စရာ၊စိတ္ရႈပ္စရာျဖစ္ေစႏိုင္ပါတယ္။ Communicationက လုပ္ငန္းခြင္တခုအတြက္မရွိမျဖစ္လိုအပ္တဲ့ အစိတ္အပိုင္းတခုျဖစ္ပါတယ္။Communication အားနည္းမယ္ဆိုရင္အဖြဲ႕သားေတြ အခက္ေတြ႕ေစပါတယ္။ ဒီအခ်က္ေၾကာင့္လည္း လုပ္ငန္းခြင္ကအဆိပ္အေတာက္ျဖစ္ေစပါတယ္။

အထက္လူႀကီး ေခါင္းေဆာင္မႈစြမ္းရည္ ညံ့ဖ်င္းတာ

ေခါင္းေဆာင္ေကာင္းတဦးက သင့္ကိုလုပ္ငန္းခြင္မွာ ေကာင္းမြန္စြာအလုပ္လုပ္ဖို႔အတြက္တြန္းအားေပးၿပီး တတ္ႏိုင္သမွ် ကူညီေဆာင္း႐ြက္ေပးဖို႔လိုပါတယ္။ ဒါေပမဲ့ အဲဒီလိုမဟုတ္ဘဲမ်က္ႏွာလိုက္တာ၊ အယုံအၾကည္ကင္းမဲ့တာ၊ ေလးစားမႈကင္းမဲ့တာေတြကကိုယ့္ရဲ႕အလုပ္လုပ္ကိုင္ႏိုင္စြမ္းကို ထိခိုက္ေစႏိုင္ပါတယ္။ ဒီလိုေခါင္းေဆာင္မႈကလည္းအဆိပ္သင့္တဲ့ ေခါင္းေဆာင္မႈလကၡဏာေတြျဖစ္ေစပါတယ္။

အားလပ္ခ်ိန္မရွိတာ

လူေတြက အလုပ္မွာ ကိုယ့္ကိုယ္ကိုယ္အားသြင္းဖို႔ အခ်ိန္လိုပါတယ္။ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အခ်ိန္ရွိတာကလည္း အလုပ္နဲ႔ဘဝကိုမွ်တေစပါတယ္။ ဒီလိုမဟုတ္ပဲ အိမ္ျပန္ရင္လည္း အလုပ္ကိစၥပဲ စဥ္းစားေနရတာ၊လုပ္ေဆာင္ေနရတာေတြက ၾကာလာတဲ့အခါမွာ ကိုယ့္ဆီက ရွိသမွ်စြမ္းရည္ေတြ၊အားအင္ေတြကိုပဲ စုပ္ယူသြားတာမ်ိဳးပါ။ ကိုယ့္တကိုယ္ရည္အတြက္ တိုးတက္ဖို႔အခ်ိန္မရွိတာကအဆိပ္သင့္ေစတဲ့ လုပ္ငန္းခြင္ေတြရဲ႕ လကၡဏာေတြပဲျဖစ္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာစိတ္ပိုင္းဆိုင္ရာက်န္းမာေစဖို႔အတြက္ လုပ္ငန္းခြင္ေတြက အဆိပ္မသင့္ေစဖို႔ လိုအပ္ပါတယ္။လုပ္ငန္းခြင္တခုက သင့္ကို ျမင့္မားေသာေနရာသို႔ေရာက္ရွိရန္ ပံ့ပိုးေပးတာ၊ခြန္အားေပးတာေတြအစား ကိုယ့္ရဲ႕စိတ္ႏွလုံးကို ညစ္ႏြမ္းေစတာ၊ကိုယ့္ကိုယ္ကိုယ္ေလးစားမႈကင္းမဲ့ေစတာ၊ ယုံၾကည္မႈကင္းမဲ့ေစတာေတြကအ ဆိပ္သင့္လုပ္ငန္းခြင္ျဖစ္ေစတဲ့ လကၡဏာေတြျဖစ္လို႔ အထူးသတိျပဳသင့္ပါတယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*