ဘယ်အလုပ်ခေါ်ခေါ် ဒီလျှောက်လွှာတစောင်နဲ့ပဲ လျှောက်နေတုန်းလား

အလုပ်လျှောက်တဲ့အခါ မှားတတ်တဲ့ အမှားတွေကို ပြပါဆိုရင် ဘယ်အလုပ်ကိုလျှောက်လျှောက်လျှောက်လွှာပုံစံတမျိုးထဲနဲ့ လျှောက်တဲ့အချက်ပါပဲ။ ကိုယ်က အလုပ်လျှောက်တဲ့အခါ industry တခုထဲကိုလျှောက်တာမဟုတ်ဘဲ မတူညီတဲ့ industry တွေကိုလျှောက်တဲ့အခါ လျှောက်လွှာကိုတမျိုးထဲ သုံးမိတာက အလုပ်ရဖို့ အားနည်းစေတဲ့အချက်ပါပဲ။

ကိုက်ညီတဲ့အလုပ်လျှောက်လွှာဖြစ်ဖို့လို

ဥပမာကိုယ်က Media Industry တခုကိုအလုပ်လျှောက်မယ်ဆိုရင် ဒီ field နဲ့သက်ဆိုင်တဲ့အလုပ်လျှောက်လွှာမျိုး၊ Cover Letter မျိုးကို ရေးသားသင့်ပါတယ်။ ဒီ Field နဲ့သက်ဆိုင်တဲ့ကိုယ့်ရဲ့အရည်အသွေးတွေ၊ စွမ်းရည်တွေကိုထည့်သင့်ပါတယ်။ဒီလိုမဟုတ်ဘဲ ကိုယ်က အရောင်းကုမ္ပဏီတခုကိုအလုပ်လျှောက်မယ်ဆိုရင်ခုနအပေါ်မှာလုပ်ခဲ့တဲ့ အလုပ်လျှောက်လွှာမျိုးမရတော့ပါဘူး။ လုံးဝကိုသီးခြားစီဖြစ်သွားပြီ၊အရည်အချင်းလိုအပ်ချက်ကလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ဒီအလုပ်နဲ့ကိုက်ညီမယ့်အလုပ်လျှောက်လွှာတစောင်ကို ပြင်ဆင်ရေးသားသင့်ပါတယ်။

ဖန်တရာတေအလုပ်လျှောက်လွှာမျိုး မသုံးသင့်

ဒီလိုပဲ လုပ်ငန်းနယ်ပယ်အလိုက် သက်ဆိုင်ရာအရည်အချင်းလိုအပ်ချက်အလိုက် ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့လိုက်လျောညီထွေဖြစ်အောင်၊ အံဝင်ဂွင်ကျဖြစ်ပြင်ဆင်ရေးသားသင့်ပါတယ်။ကောင်းမွန်တဲ့အလုပ်လျှောက်လွှာတစောင်ဆိုတာ အပေါ်မှာပြောခဲ့သလို ဘယ်အလုပ်ပဲလာလာအသေရေးသားထားတဲ့ ဖန်တရာတေသုံးနေတဲ့ အလုပ်လျှောက်လွှာဖြစ်လို့မရပါဘူး။ခေါ်ဆိုတဲ့အရည်အချင်းအလိုက် သင့်တော်တဲ့အရည်အချင်းမျိုး၊ စွမ်းရည်မျိုးကိုပဲထည့်သွင်းရေးသားထားတဲ့ အလုပ်လျှောက်လွှာဖြစ်ဖို့လိုပါတယ်။

ခေါ်တဲ့ရာထူးအလိုက် ကိုက်တဲ့အချက်အလက်ကိုပဲထည့်သွင်းပါ

တချို့တွေက အလုပ်လျှောက်လွှာရေးတဲ့အခါ ကိုယ်တတ်ဖူးသမျှသင်တန်းပုံစံကိုလိုက်ထည့်တာ၊ ကိုယ့်ယူထားတဲ့ Certificate မျိုးစုံကို လိုက်ထည့်တာမျိုး မလုပ်သင့်ပါဘူး။ကိုယ်လျှောက်တဲ့အလုပ်နဲ့ ကိုက်ညီတဲ့ ကျွမ်းကျင်မှုမျိုးကိုသာ အလုပ်လျှောက်လွှာမှာ ထည့်ပြီး
စမတ်ကျတဲ့ လျှောက်လွှာတစောင်ဖြစ်ဖို့ အားထုတ်သင့်ပါတယ်။ဘယ်ကုမ္ပဏီက အလုပ်ခေါ်ခေါ် ဒီအလုပ်ခေါ်စာတခုထဲနဲ့ လိုက်လျှောက်နေတာကသင့်ကိုအလုပ်ရရှိဖို့ အခက်အခဲဖြစ်စေပါတယ်။ ဒီအချက်တွေကို ပြုပြင်ပြီးအလုပ်လျှောက်တဲ့အခါ ကိုယ်က ဘယ်လို Field မျိုးမှာအလုပ်လျှောက်တာလဲဆိုတာကိုသေချာစဉ်းစားပြီး ကောင်းမွန်ပြည့်စုံတဲ့ CV တစောင်ကို အချိန်ယူပြီးပြင်ဆင်ပါ။ဒီလိုအချိန်ယူတာက သင့်ကိုအလုပ်ရရှိဖို့ များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။

MYit

zawgyi

အလုပ္ေလွ်ာက္တဲ့အခါ မွားတတ္တဲ့ အမွားေတြကို ျပပါဆိုရင္ ဘယ္အလုပ္ကိုေလွ်ာက္ေလွ်ာက္ေလွ်ာက္လႊာပုံစံတမ်ိဳးထဲနဲ႔ ေလွ်ာက္တဲ့အခ်က္ပါပဲ။ ကိုယ္က အလုပ္ေလွ်ာက္တဲ့အခါ industry တခုထဲကိုေလွ်ာက္တာမဟုတ္ဘဲ မတူညီတဲ့ industry ေတြကိုေလွ်ာက္တဲ့အခါ ေလွ်ာက္လႊာကိုတမ်ိဳးထဲ သုံးမိတာက အလုပ္ရဖို႔ အားနည္းေစတဲ့အခ်က္ပါပဲ။

ကိုက္ညီတဲ့အလုပ္ေလွ်ာက္လႊာျဖစ္ဖို႔လို

ဥပမာကိုယ္က Media Industry တခုကိုအလုပ္ေလွ်ာက္မယ္ဆိုရင္ ဒီ field နဲ႔သက္ဆိုင္တဲ့အလုပ္ေလွ်ာက္လႊာမ်ိဳး၊ Cover Letter မ်ိဳးကို ေရးသားသင့္ပါတယ္။ ဒီ Field နဲ႔သက္ဆိုင္တဲ့ကိုယ့္ရဲ႕အရည္အေသြးေတြ၊ စြမ္းရည္ေတြကိုထည့္သင့္ပါတယ္။ဒီလိုမဟုတ္ဘဲ ကိုယ္က အေရာင္းကုမၸဏီတခုကိုအလုပ္ေလွ်ာက္မယ္ဆိုရင္ခုနအေပၚမွာလုပ္ခဲ့တဲ့ အလုပ္ေလွ်ာက္လႊာမ်ိဳးမရေတာ့ပါဘူး။ လုံးဝကိုသီးျခားစီျဖစ္သြားၿပီ၊အရည္အခ်င္းလိုအပ္ခ်က္ကလည္း မတူညီႏိုင္ပါဘူး။ ဒါေၾကာင့္ ဒီအလုပ္နဲ႔ကိုက္ညီမယ့္အလုပ္ေလွ်ာက္လႊာတေစာင္ကို ျပင္ဆင္ေရးသားသင့္ပါတယ္။

ဖန္တရာေတအလုပ္ေလွ်ာက္လႊာမ်ိဳး မသုံးသင့္

ဒီလိုပဲ လုပ္ငန္းနယ္ပယ္အလိုက္ သက္ဆိုင္ရာအရည္အခ်င္းလိုအပ္ခ်က္အလိုက္ ကိုယ့္မွာရွိတဲ့အရည္အခ်င္းနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္၊ အံဝင္ဂြင္က်ျဖစ္ျပင္ဆင္ေရးသားသင့္ပါတယ္။ေကာင္းမြန္တဲ့အလုပ္ေလွ်ာက္လႊာတေစာင္ဆိုတာ အေပၚမွာေျပာခဲ့သလို ဘယ္အလုပ္ပဲလာလာအေသေရးသားထားတဲ့ ဖန္တရာေတသုံးေနတဲ့ အလုပ္ေလွ်ာက္လႊာျဖစ္လို႔မရပါဘူး။ေခၚဆိုတဲ့အရည္အခ်င္းအလိုက္ သင့္ေတာ္တဲ့အရည္အခ်င္းမ်ိဳး၊ စြမ္းရည္မ်ိဳးကိုပဲထည့္သြင္းေရးသားထားတဲ့ အလုပ္ေလွ်ာက္လႊာျဖစ္ဖို႔လိုပါတယ္။

ေခၚတဲ့ရာထူးအလိုက္ ကိုက္တဲ့အခ်က္အလက္ကိုပဲထည့္သြင္းပါ

တခ်ိဳ႕ေတြက အလုပ္ေလွ်ာက္လႊာေရးတဲ့အခါ ကိုယ္တတ္ဖူးသမွ်သင္တန္းပုံစံကိုလိုက္ထည့္တာ၊ ကိုယ့္ယူထားတဲ့ Certificate မ်ိဳးစုံကို လိုက္ထည့္တာမ်ိဳး မလုပ္သင့္ပါဘူး။ကိုယ္ေလွ်ာက္တဲ့အလုပ္နဲ႔ ကိုက္ညီတဲ့ ကြၽမ္းက်င္မႈမ်ိဳးကိုသာ အလုပ္ေလွ်ာက္လႊာမွာ ထည့္ၿပီး
စမတ္က်တဲ့ ေလွ်ာက္လႊာတေစာင္ျဖစ္ဖို႔ အားထုတ္သင့္ပါတယ္။ဘယ္ကုမၸဏီက အလုပ္ေခၚေခၚ ဒီအလုပ္ေခၚစာတခုထဲနဲ႔ လိုက္ေလွ်ာက္ေနတာကသင့္ကိုအလုပ္ရရွိဖို႔ အခက္အခဲျဖစ္ေစပါတယ္။ ဒီအခ်က္ေတြကို ျပဳျပင္ၿပီးအလုပ္ေလွ်ာက္တဲ့အခါ ကိုယ္က ဘယ္လို Field မ်ိဳးမွာအလုပ္ေလွ်ာက္တာလဲဆိုတာကိုေသခ်ာစဥ္းစားၿပီး ေကာင္းမြန္ျပည့္စုံတဲ့ CV တေစာင္ကို အခ်ိန္ယူၿပီးျပင္ဆင္ပါ။ဒီလိုအခ်ိန္ယူတာက သင့္ကိုအလုပ္ရရွိဖို႔ မ်ားစြာအေထာက္အကူျဖစ္ေစပါလိမ့္မယ္။

MYit

Be the first to comment

Leave a Reply

Your email address will not be published.


*