Barbie ရုပ်ရှင်ကို သူမရဲ့သားတွေကမုန်းကြောင်းပြောလာတဲ့ ရှကီရာ

အဆိုတော်ရှကီရာက Allure Magazine နဲ့အင်တာဗျူးမှာ သူမရဲ့သားနှစ်ယောက်ဖြစ်တဲ့ Milan နဲ့ Sasha တို့က Barbie ရုပ်ရှင်ကိုသ ဘောမကျကြောင်းပြောခဲ့တဲ့အပြင်ထိုရုပ်ရှင်အပေါ်သူမရဲ့အမြင်ကိုလည်းမျှဝေခဲ့ပါတယ်။“သူတို့ကဘာဘီရုပ်ရှင်နဲ့ပတ်သက်ပြီး အဲဒါကဘာမှအရာမရောက်ဘူးလို့ပြောကြတယ်။ ကျွန်မလည်းအဲဒါကိုအတိုင်းအတာတစ်ခုအထိတော့ သဘောတူတယ်။ ကျွန်မက သားနှစ်ယောက်ကိုပျိုးထောင်နေတယ်ဆိုပေမယ့် အမျိုးသမီးတွေကိုလည်းလေးစားတယ်။ အမျိုးသမီးတွေဟာအမျိုးသားတစ်ယောက်ဖြစ်ဖို့မလိုဘဲ သူတို့ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့အရာရာကိုစွမ်းဆောင်နိုင်တယ်။အမျိုးသမီးတွေရဲ့မိန်းမဆန်မှုနဲ့အနှစ်သာရကိုမဆုံးရှုံးစေဘဲနဲ့ အမျိုးသားတွေနဲ့တန်းတူစွမ်းဆောင်နိုင်တယ်ဆိုတာကို ကျွန်မယုံကြည်လက်ခံပါတယ်။ ယောကျ်ားတွေကလူ့အဖွဲ့အစည်းမှာရည်ရွယ်ချက်ဆိုတာရှိတယ်။ အမျိုးသမီးတွေမှာလည်းရည်ရွယ်ချက်ရှိတယ်။

တစ်ဦးကိုတစ်ဦးဖြည့်ဆည်းပေးရင်းနဲ့ ကိုယ့်ဖြစ်တည်မှုကိုမဆုံးရှုံးစေသင့်ဘူး ” လို့သူမကပြောခဲ့တာဖြစ်ပါတယ်။ဘာဘီဇာတ်ကားဟာ အဓိပ္ပါယ်မရှိဘူး၊ အမျိုးသားမုန်းတီးရေး၊ အမျိုးသမီးဝါဒီဝါဒဖြန့်ချိရေးသက်သက်လို့ ထင်မြင်ကြသူတွေဟာ ရှကီရာတစ်ယောက်တည်းမဟုတ်ပါဘူး။ Podcast သမား Matt Walsh ကလည်းအခုလိုပဲ ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။လက်ရှိမှာရှကီရာဟာ သူမရဲ့တေးအယ်လ်ဘမ်အသစ် Las Mujeres Ya No Lloran အတွက်မီဒီယာတွေနဲ့တွေ့ဆုံတာ၊ အင်တာဗျူးဖြေတာတွေလုပ်ဆောင်လျက်ရှိနေပါတယ်။

Ju Ju

zawgyi

အဆိုေတာ္ရွကီရာက Allure Magazine နဲ႔အင္တာဗ်ဴးမွာ သူမရဲ႕သားႏွစ္ေယာက္ျဖစ္တဲ့ Milan နဲ႔ Sasha တို႔က Barbie ႐ုပ္ရွင္ကိုသ ေဘာမက်ေၾကာင္းေျပာခဲ့တဲ့အျပင္ထို႐ုပ္ရွင္အေပၚသူမရဲ႕အျမင္ကိုလည္းမွ်ေဝခဲ့ပါတယ္။“သူတို႔ကဘာဘီ႐ုပ္ရွင္နဲ႔ပတ္သက္ၿပီး အဲဒါကဘာမွအရာမေရာက္ဘူးလို႔ေျပာၾကတယ္။ ကြၽန္မလည္းအဲဒါကိုအတိုင္းအတာတစ္ခုအထိေတာ့ သေဘာတူတယ္။ ကြၽန္မက သားႏွစ္ေယာက္ကိုပ်ိဳးေထာင္ေနတယ္ဆိုေပမယ့္ အမ်ိဳးသမီးေတြကိုလည္းေလးစားတယ္။ အမ်ိဳးသမီးေတြဟာအမ်ိဳးသားတစ္ေယာက္ျဖစ္ဖို႔မလိုဘဲ သူတို႔ရဲ႕ကိုယ္ပိုင္အစြမ္းအစနဲ႔အရာရာကိုစြမ္းေဆာင္ႏိုင္တယ္။အမ်ိဳးသမီးေတြရဲ႕မိန္းမဆန္မႈနဲ႔အႏွစ္သာရကိုမဆုံးရႈံးေစဘဲနဲ႔ အမ်ိဳးသားေတြနဲ႔တန္းတူစြမ္းေဆာင္ႏိုင္တယ္ဆိုတာကို ကြၽန္မယုံၾကည္လက္ခံပါတယ္။ ေယာက်္ားေတြကလူ႔အဖြဲ႕အစည္းမွာရည္႐ြယ္ခ်က္ဆိုတာရွိတယ္။ အမ်ိဳးသမီးေတြမွာလည္းရည္႐ြယ္ခ်က္ရွိတယ္။

တစ္ဦးကိုတစ္ဦးျဖည့္ဆည္းေပးရင္းနဲ႔ ကိုယ့္ျဖစ္တည္မႈကိုမဆုံးရႈံးေစသင့္ဘူး ” လို႔သူမကေျပာခဲ့တာျဖစ္ပါတယ္။ဘာဘီဇာတ္ကားဟာ အဓိပၸါယ္မရွိဘူး၊ အမ်ိဳးသားမုန္းတီးေရး၊ အမ်ိဳးသမီးဝါဒီဝါဒျဖန႔္ခ်ိေရးသက္သက္လို႔ ထင္ျမင္ၾကသူေတြဟာ ရွကီရာတစ္ေယာက္တည္းမဟုတ္ပါဘူး။ Podcast သမား Matt Walsh ကလည္းအခုလိုပဲ ေဝဖန္ေျပာဆိုခဲ့ဖူးပါတယ္။လက္ရွိမွာရွကီရာဟာ သူမရဲ႕ေတးအယ္လ္ဘမ္အသစ္ Las Mujeres Ya No Lloran အတြက္မီဒီယာေတြနဲ႔ေတြ႕ဆုံတာ၊ အင္တာဗ်ဴးေျဖတာေတြလုပ္ေဆာင္လ်က္ရွိေနပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*