အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိကြောင်း ဘော့စ်ကိုဘယ်လိုပြောမလဲ

အလုပ်နဲ့ပတ်သက်ပြီးစိတ်အဆင်မပြေတာတွေကိုကြုံနေရရင် ကိုယ့်အတွက်ကျန်းမာရေးရော၊ပျော်ရွှင်မှုရောအကုန်ပျောက်ဆုံးကုန်ပါတယ်။ အလုပ်ကိုစိတ်ပျက်သလိုဖြစ်လာပြီဆိုရင်ဆိုးဆိုးဝါးဝါးပေါက်ကွဲမထွက်ခင် အရင်ဆုံးဘော့စ်နဲ့စကားပြောဆိုကြည့်သင့်ပါတယ်။
ကိုယ်ပြောမယ့်အဆင်မပြေတဲ့အချက်တွေဟာ အဖွဲ့အစည်းအတွက်၊ အလုပ်အတွက်ပြင်ဆင်ဖို့လိုနေတဲ့အစိတ်အပိုင်းတွေဖြစ်မယ်ဆိုရင် ဒါတွေကိုပြောဖို့တွန့်ဆုတ်မနေသင့်ပါဘူး။အဆင်မပြေမှုတွေအကြောင်းပြောဆိုချိန်မှာကိုယ်က Professional ဆန်ဆန်သင့်တင့်လျောက် ပတ်အောင်ပြောဆိုနိုင်ဖို့တော့လိုပါတယ်။

ဘာကိုစိတ်ပျက်နေမိတာလဲ
ကိုယ့်အလုပ်နဲ့ပတ်သက်ပြီးစိတ်ပျက်နေမိပြီဆိုရင် ငါဘာကိုစိတ်ပျက်နေတာလဲ၊စိတ်အဆင်မပြေဖြစ်စေတာကဘာလဲဆိုတာကိုသေသေ ချာချာပြန်စဉ်းစားကြည့်ဖို့လိုပါတယ်။ကိုယ်ပြောပြတဲ့ပြဿနာက အလုပ်ရှင်ဘက်ကပြောင်းလဲပေးနိုင်တဲ့အရာမျိုးမဟုတ်ဘူးဆိုရင်ဘာမှထူးခြားမှာမဟုတ်ပါဘူး။ ဥပမာ – ကုမ္ပဏီ Policy လိုမျိုး။အဲဒီလိုမဟုတ်ဘဲကိုယ့်အတွက် အလုပ်တွေတအားများလွန်းနေတာ၊ မနိုငဝန် ထမ်းနေရတာမျိုးဆိုရင်တော့သေချာပေါက်ပြောပြသင့်၊ ညှိနှိုင်းသင့်ပါတယ်။အကြံပြုစာထည့်လို့ရတဲ့အလုပ်မျိုးမှာဆိုရင်တော့ ကုမ္ပဏီရဲ့ပြောင်းလဲလိုက်တဲ့ Policy ကိုသဘောကျ၊မကျ ဆိုတာကိုစာရေးပြီးတင်ပြနိုင်ပါတယ်။

အကြောင်းအချက်တွေစုစည်းပါ
ကိုယ်စိတ်ပျက်နေရတဲ့အကြောင်းအရာကိုသိပြီဆိုရင် အချက်အလက်တွေသေသေချာချာစုဆောင်းပြီးဘော့စ်ကိုပြောပြနိုင်ပါပြီ။ ကိုယ်ပြောတဲ့အကြောင်းအရာဟာ အလုပ်အတွက်အကျိုးရှိမယ်၊မှန်ကန်တဲ့အကြံပြုချက်တွေပါဝင်မယ်ဆိုရင် ကိုယ့်အတွက်ညှိနှိုင်းမှုတွေပြုလုပ်ပေးမှာပဲဖြစ်ပါတယ်။တကယ်လို့အချိန်ပိုတွေလုပ်နေရတယ်၊ ဒါတွေအတွက်ဘာအကျိုးခံစားခွင့်မှလည်းမရဘူးဆိုရင်ရက်၊အချိန်အတိအကျနဲ့ဖြစ်ရပ်အသေးစိတ်ကိုမှတ်သားထားပြီး ပြောပြပါ။ ကိုယ်ဖြစ်ချင်တာတွေနဲ့သူလုပ်ပေးနိုင်တာတွေကိုညှိနှိုင်းလို့ရနိုင်ပါတယ်။

Private Meeting အတွက်တောင်းဆိုပါ
အဆင်မပြေမှုတွေကိုပြောဆိုဖို့အတွက်ဆိုရင်တော့ နှစ်ဦးတည်းဆွေးနွေးနိုင်တဲ့ Private Meetingကအဆင်အပြေဆုံးဖြစ်ပါတယ်။ကိုယ်ကဘယ်အကြောင်းအရာကိုဆွေးနွေးချင်ပါတယ်ဆိုတာကိုကြိုပြောထားသင့်ပါတယ်။ဒါမှသူ့ဘက်ကလည်း ကြိုတင်တွေးဆပြီး ပြင်ဆင်နိုင်မှာပါ။ စိတ်အရမ်းပင်ပန်းနေချိန်မျိုးမှာမဆွေးနွေးရင်တော့အကောင်းဆုံးပါပဲ။

Professional ဆန်ဆန်ပြောဆိုပါ
အလုပ်နဲ့ပတ်သက်ပြီး စိတ်ပျက်နေရတဲ့အကြောင်းတွေကိုပြောတဲ့အခါ ကိုယ့်ရဲ့ခံစားချက်ထက်အချက်အလက်တွေကိုအသားပေးပြောဆိုသင့်ပါတယ်။အချက်အလက်တွေမှတ်သားထားတဲ့မှတ်စုစာအုပ်ကိုယူသွားပါ။ စိတ်အေးအေးထားပြီးအသံအေးအေးနဲ့ပြောဆိုနိုင်ဖို့ကြိုး စားပါ။ သူပြန်ပြောလာတဲ့အချက်တွေကိုဂရုစိုက်နားထောင်ရင်းချေပစရာရှိလာခဲ့ရင် အချက်အလက်၊အခြေအနေနဲ့တကွတိတိကျကျပြန်လည်ပြောဆိုလိုက်ပါ။ဘယ်လိုညှိကြည့်လို့ရနိုင်မလဲဆိုတဲ့စကားကိုတွင်တွင်သုံးနိုင်ပါတယ်။“အလုပ်မှာဖြစ်နေတဲ့အခြေအနေတစ်ခုကကျွန်တော့်အပေါ်ကိုလာထိခိုက်နေပါတယ်။ကိုယ့်အထက်လူကြီးမို့ ဒါလေးကိုတင်ပြပြီး အကြံဉာဏ်လေးယူချင်လို့ပါ။ မှတ်ချက်လေးလိုချင်လို့ပါ”ဆိုတာမျိုးပြောဆိုနိုင်ပါတယ်။

အရေးအကြီးဆုံးအချက်က ကိုယ်ကစိတ်ပင်ပန်းနေချိန်၊ စိတ်ပျက်နေချိန်မှာဘော့စ်ရဲ့ပြောစကားတချို့ကသည်းမခံနိုင်စရာ ဖြစ်လာတတ်ပါတယ်။ ဒီလိုအချိန်မှာထပေါက်ကွဲမိတာမျိုးမဖြစ်စေဖို့အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါကြောင့်သူနဲ့မဆွေးနွေးခင်မှာစိတ်ကိုလျှော့ထားပြီး Relax ဖြစ်အောင်ပြင်ဆင်ထားဖို့လိုပါတယ်နော်။ကိုယ်ကအလုပ်အတွက်ဝန်ထမ်းကောင်းဖြစ်တယ်၊ ကိုယ့်စေတနာလည်းမှန်ကန်တယ်ဆိုရင်အလုပ်ရှင်ဘက်ကမဖြစ်မနေညှိနှိုင်းလုပ်ဆောင်ပေးမှာပဲဖြစ်ပါတယ်။

Ju Ju

zawgyi

အလုပ္နဲ႔ပတ္သက္ၿပီးစိတ္အဆင္မေျပတာေတြကိုႀကဳံေနရရင္ ကိုယ့္အတြက္က်န္းမာေရးေရာ၊ေပ်ာ္႐ႊင္မႈေရာအကုန္ေပ်ာက္ဆုံးကုန္ပါတယ္။ အလုပ္ကိုစိတ္ပ်က္သလိုျဖစ္လာၿပီဆိုရင္ဆိုးဆိုးဝါးဝါးေပါက္ကြဲမထြက္ခင္ အရင္ဆုံးေဘာ့စ္နဲ႔စကားေျပာဆိုၾကည့္သင့္ပါတယ္။
ကိုယ္ေျပာမယ့္အဆင္မေျပတဲ့အခ်က္ေတြဟာ အဖြဲ႕အစည္းအတြက္၊ အလုပ္အတြက္ျပင္ဆင္ဖို႔လိုေနတဲ့အစိတ္အပိုင္းေတြျဖစ္မယ္ဆိုရင္ ဒါေတြကိုေျပာဖို႔တြန႔္ဆုတ္မေနသင့္ပါဘူး။အဆင္မေျပမႈေတြအေၾကာင္းေျပာဆိုခ်ိန္မွာကိုယ္က Professional ဆန္ဆန္သင့္တင့္ေလ်ာက္ ပတ္ေအာင္ေျပာဆိုႏိုင္ဖို႔ေတာ့လိုပါတယ္။

ဘာကိုစိတ္ပ်က္ေနမိတာလဲ
ကိုယ့္အလုပ္နဲ႔ပတ္သက္ၿပီးစိတ္ပ်က္ေနမိၿပီဆိုရင္ ငါဘာကိုစိတ္ပ်က္ေနတာလဲ၊စိတ္အဆင္မေျပျဖစ္ေစတာကဘာလဲဆိုတာကိုေသေသ ခ်ာခ်ာျပန္စဥ္းစားၾကည့္ဖို႔လိုပါတယ္။ကိုယ္ေျပာျပတဲ့ျပႆနာက အလုပ္ရွင္ဘက္ကေျပာင္းလဲေပးႏိုင္တဲ့အရာမ်ိဳးမဟုတ္ဘူးဆိုရင္ဘာမွထူးျခားမွာမဟုတ္ပါဘူး။ ဥပမာ – ကုမၸဏီ Policy လိုမ်ိဳး။အဲဒီလိုမဟုတ္ဘဲကိုယ့္အတြက္ အလုပ္ေတြတအားမ်ားလြန္းေနတာ၊ မႏိုငဝန္ ထမ္းေနရတာမ်ိဳးဆိုရင္ေတာ့ေသခ်ာေပါက္ေျပာျပသင့္၊ ညႇိႏႈိင္းသင့္ပါတယ္။အႀကံျပဳစာထည့္လို႔ရတဲ့အလုပ္မ်ိဳးမွာဆိုရင္ေတာ့ ကုမၸဏီရဲ႕ေျပာင္းလဲလိုက္တဲ့ Policy ကိုသေဘာက်၊မက် ဆိုတာကိုစာေရးၿပီးတင္ျပႏိုင္ပါတယ္။

အေၾကာင္းအခ်က္ေတြစုစည္းပါ
ကိုယ္စိတ္ပ်က္ေနရတဲ့အေၾကာင္းအရာကိုသိၿပီဆိုရင္ အခ်က္အလက္ေတြေသေသခ်ာခ်ာစုေဆာင္းၿပီးေဘာ့စ္ကိုေျပာျပႏိုင္ပါၿပီ။ ကိုယ္ေျပာတဲ့အေၾကာင္းအရာဟာ အလုပ္အတြက္အက်ိဳးရွိမယ္၊မွန္ကန္တဲ့အႀကံျပဳခ်က္ေတြပါဝင္မယ္ဆိုရင္ ကိုယ့္အတြက္ညႇိႏႈိင္းမႈေတြျပဳလုပ္ေပးမွာပဲျဖစ္ပါတယ္။တကယ္လို႔အခ်ိန္ပိုေတြလုပ္ေနရတယ္၊ ဒါေတြအတြက္ဘာအက်ိဳးခံစားခြင့္မွလည္းမရဘူးဆိုရင္ရက္၊အခ်ိန္အတိအက်နဲ႔ျဖစ္ရပ္အေသးစိတ္ကိုမွတ္သားထားၿပီး ေျပာျပပါ။ ကိုယ္ျဖစ္ခ်င္တာေတြနဲ႔သူလုပ္ေပးႏိုင္တာေတြကိုညႇိႏႈိင္းလို႔ရႏိုင္ပါတယ္။

Private Meeting အတြက္ေတာင္းဆိုပါ
အဆင္မေျပမႈေတြကိုေျပာဆိုဖို႔အတြက္ဆိုရင္ေတာ့ ႏွစ္ဦးတည္းေဆြးေႏြးႏိုင္တဲ့ Private Meetingကအဆင္အေျပဆုံးျဖစ္ပါတယ္။ကိုယ္ကဘယ္အေၾကာင္းအရာကိုေဆြးေႏြးခ်င္ပါတယ္ဆိုတာကိုႀကိဳေျပာထားသင့္ပါတယ္။ဒါမွသူ႔ဘက္ကလည္း ႀကိဳတင္ေတြးဆၿပီး ျပင္ဆင္ႏိုင္မွာပါ။ စိတ္အရမ္းပင္ပန္းေနခ်ိန္မ်ိဳးမွာမေဆြးေႏြးရင္ေတာ့အေကာင္းဆုံးပါပဲ။

Professional ဆန္ဆန္ေျပာဆိုပါ
အလုပ္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေနရတဲ့အေၾကာင္းေတြကိုေျပာတဲ့အခါ ကိုယ့္ရဲ႕ခံစားခ်က္ထက္အခ်က္အလက္ေတြကိုအသားေပးေျပာဆိုသင့္ပါတယ္။အခ်က္အလက္ေတြမွတ္သားထားတဲ့မွတ္စုစာအုပ္ကိုယူသြားပါ။ စိတ္ေအးေအးထားၿပီးအသံေအးေအးနဲ႔ေျပာဆိုႏိုင္ဖို႔ႀကိဳး စားပါ။ သူျပန္ေျပာလာတဲ့အခ်က္ေတြကိုဂ႐ုစိုက္နားေထာင္ရင္းေခ်ပစရာရွိလာခဲ့ရင္ အခ်က္အလက္၊အေျခအေနနဲ႔တကြတိတိက်က်ျပန္လည္ေျပာဆိုလိုက္ပါ။ဘယ္လိုညႇိၾကည့္လို႔ရႏိုင္မလဲဆိုတဲ့စကားကိုတြင္တြင္သုံးႏိုင္ပါတယ္။“အလုပ္မွာျဖစ္ေနတဲ့အေျခအေနတစ္ခုကကြၽန္ေတာ့္အေပၚကိုလာထိခိုက္ေနပါတယ္။ကိုယ့္အထက္လူႀကီးမို႔ ဒါေလးကိုတင္ျပၿပီး အႀကံဉာဏ္ေလးယူခ်င္လို႔ပါ။ မွတ္ခ်က္ေလးလိုခ်င္လို႔ပါ”ဆိုတာမ်ိဳးေျပာဆိုႏိုင္ပါတယ္။

အေရးအႀကီးဆုံးအခ်က္က ကိုယ္ကစိတ္ပင္ပန္းေနခ်ိန္၊ စိတ္ပ်က္ေနခ်ိန္မွာေဘာ့စ္ရဲ႕ေျပာစကားတခ်ိဳ႕ကသည္းမခံႏိုင္စရာ ျဖစ္လာတတ္ပါတယ္။ ဒီလိုအခ်ိန္မွာထေပါက္ကြဲမိတာမ်ိဳးမျဖစ္ေစဖို႔အေရးအႀကီးဆုံးျဖစ္ပါတယ္။ ဒါေၾကာင့္သူနဲ႔မေဆြးေႏြးခင္မွာစိတ္ကိုေလွ်ာ့ထားၿပီး Relax ျဖစ္ေအာင္ျပင္ဆင္ထားဖို႔လိုပါတယ္ေနာ္။ကိုယ္ကအလုပ္အတြက္ဝန္ထမ္းေကာင္းျဖစ္တယ္၊ ကိုယ့္ေစတနာလည္းမွန္ကန္တယ္ဆိုရင္အလုပ္ရွင္ဘက္ကမျဖစ္မေနညႇိႏႈိင္းလုပ္ေဆာင္ေပးမွာပဲျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*