လူတွေ Career ပြောင်းကြတဲ့ထိပ်တန်းအကြောင်းပြချက် (၃) ခု

လူတွေ Career ပြောင်းတယ်ဆိုတဲ့နေရာမှာ အကြောင်းပြချက်တွေအများကြီးရှိနေနိုင်ပါတယ်။ ဒါပေမဲ့သေသေချာချာအဖြေရှာကြည့်တဲ့အခါအခုဖော်ပြမယ့် (၃) ချက်က အဓိကကျနေတာဖြစ်ပါတယ်။ Professional တစ်ယောက်အနေနဲ့ ဒီလိုဘဝနဲ့ဆိုင်တဲ့ပြောင်းလဲမှုကို ဒီအချက် (၃) ချက်ကြောင့်သာလုပ်ဆောင်ကြတာဖြစ်တယ်လို့ ပညာရှင်တွေကဆိုကြပါတယ်။ FlexJobSurvey ရဲ့စစ်တမ်းနဲ့ထုတ်ပြန်ချက်အရ လူတွေဟာ…
၁. Work–life balance မဖြစ်လို့အလုပ်ထွက်သူ ၅၆%
၂. လစာပိုကောင်းလို့ပြောင်းသူ ၅၀%
၃. ပိုပြီးစိတ်ကျေနပ်ဖွယ်ဖြစ်လို့၊ အဓိပ္ပါယ်ရှိတဲ့အလုပ်မို့ပြောင်းသူ ၄၉% ရှိကြတယ်လို့ဆိုပါတယ်။

Work–life balance ဖြစ်တာနဲ့ လခပိုကောင်းတာဘယ်ဟာကိုရွေးမလဲလူတွေဟာ လခများတာထက် အလုပ်နဲ့ကိုယ်ပိုင်ဘဝမျှမျှတတနေထိုင်နိုင်ခြင်းကိုပိုပြီးတော့မက်မောကြပါတယ်။ ပိုက်ဆံတွေပိုရပေမယ့်အလုပ်အတွက်စိတ်ဖိစီးမှုအမြဲရှိနေတဲ့အခါကျန်းမာရေးကို ထိခိုက်လာစေတာ အသေအချာပါ။အဲဒီအခါမှာပိုရတဲ့ပိုက်ဆံတွေဟာ ကျန်းမာရေးအတွက်ပြန်ကုန်တာ၊ သွားလာတဲ့အခါအပင်ပန်းမခံချင်တော့လို့ အငှားကားစီးတာ၊ အချိန်မရှိလို့ အဆင်ပြေတာဝယ်စားလိုက်တာစတဲ့အချက်တွေနဲ့ ပိုက်ဆံတွေပြန်ကုန်သွားတတ်ပါတယ်။ ဒါအပြင် မိသားစုကိုအချိန်မပေးနိုင်၊ဘယ်အခမ်းအနားမှမတက်နိုင်ဘဲ လူမှုရေးလည်းထိခိုက်လာတတ်ပါတယ်။ဒါကြောင့် ကိုယ်ကကိုယ့်သူငယ်ချင်းလောက်လစာမကောင်းပေမယ့် Work–life balance ဖြစ်တဲ့အနေအထားမှာရှိတယ်ဆိုရင် ကိုယ့်အလုပ်မှာပျော်ပျော်နေသင့်ပါတယ်။

ဒီနေရာမှာ လခကောင်းလို့ Career ပြောင်းသူဟာ ၅၀% ရှိပါတယ်။ သူတို့ကအလုပ်ရဲ့ဖိအားနဲ့စိတ်ဖိစီးမှုတွေကိုခံနိုင်ရည်ရှိဖို့ပြင်ဆင်ပြီးမှ ပြောင်းကြတာမျိုးဖြစ်ပါတယ်။လုပ်ခလစာများခြင်းနဲ့အတူ ကိုယ့်အတွက် Challenge တွေဆိုတာလည်းရှိလာမှာပါ။လခကောင်းခြင်းဆိုတဲ့ငါးစာရဲ့နောက်ကွယ်ကငါးမျှားချိတ်ကိုလည်း ကြည့်တတ်ဖို့လိုပါတယ်။ကိုယ်ကဒါတွေကိုကျော်ဖြတ်နိုင်တယ်၊ကိုယ့်အတွက်လည်းတိုးတက်ရာလမ်းကြောင်းဖြစ်တယ်ဆိုရင်တော့ ငွေပိုရရင်ပြောင်းသင့်ပါတယ်။ဒါပေမဲ့ ကိုယ်ပြောင်းလိုက်တဲ့အလုပ်ဟာ Work–life balance မဖြစ်ဘဲ စိတ်ဖိစီးမှုတွေပိုများနေမယ်ဆိုရင်နောက်ဆုံးမှာငွေကိုမလိုချင်ဖြစ်သွားနိုင်ပါတယ်။ ဦးနှောက်ရောခန္ဓာကိုယ်ပါပြိုလဲသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါကြောင့် ကိုယ်ကအလုပ်ရှင်ဖြစ်နေမယ်ဆိုရင်လည်း ဝန်ထမ်းတွေကို မနိုင်ဝန်တွေမပေးဘဲ Work-life balance ဖြစ်အောင်ဂရုစိုက်ပေးနိုင်တယ်ဆိုရင်ဝန်ထမ်းတွေဟာကိုယ့်ဆီမှာသစ္စာရှိရှိနဲ့တည်မြဲနေမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ စိတ်ခံစားချက်ကိုဂရုစိုက်ပေးတာ၊ စိတ်ထွက်ပေါက်လေးတွေရှိအောင်ဖန်တီးပေးတာမျိုးကမဖြစ်မနေလုပ်သင့်တဲ့အရာဖြစ်ပါတယ်။

အလုပ်မှာ Zumba ဒါမှမဟုတ် Yoga Class လေးတွေထည့်သွင်းပေးတာမျိုး၊ အမျိုးသားတွေဆိုရင်တစ်ပတ်တစ်ခါဘောလုံးသွားကန်ကြတာမျိုးတွေလုပ်ပေးနိုင်ပါတယ်။ဝန်ထမ်းတွေအတွက် သူတို့ခဏတစ်ဖြုတ်စကားပြောနိုင်၊ နားနိုင်မယ့်နေရာလေးဖန်တီးပေးတာမျိုးလည်းလိုအပ်ပါတယ်။မက်ဆေ့ချ်ဝင်လာရင် ချက်ချင်းကြည့်ပါ ဆိုတာမျိုးမဟုတ်ဘဲ ခဏကြာမှကြည့်လည်းရတယ်၊အဆင်ပြေတယ်ဆိုတဲ့စည်းကမ်းလေးတွေ၊ ထမင်းစားချိန်၊ ကော်ဖီသောက်ချိန်တွေမှာမက်ဆေ့ချ်ကိုလုံးဝမကြည့်လည်းရတယ်ဆိုတဲ့စည်းကမ်းမျိုးလေးတွေနဲ့ သူတို့ရဲ့စိတ်ဖိစီးမှုကိုလျော့ပါးစေနိုင်ပါတယ်။

နောက်တစ်ချက်က အလုပ်ချိန်အတွင်းမှာပဲ အစည်းအဝေးတွေ၊ Training တွေလုပ်ဆောင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ အလုပ်ချိန်ကျော်ပြီးမှ၊ ပိတ်ရက်ကျမှအလုပ်နဲ့ပတ်သက်တာတွေ ထပ်မပေးမိအောင်တတ်နိုင်သမျှ လုပ်ဆောင်သင့်ပါတယ်။ဒီလိုမျိုး အလုပ်ရှင်ဘက်ကဖြေလျှော့မှုလေးတွေနဲ့ကိုင်တွယ်မယ်၊ ဝန်ထမ်းတွေရဲ့စိတ်နဲ့ခန္ဓာကျန်းမာရေးကို အလေးထားပေးမယ်ဆိုရင်မကြာခဏကျွမ်းကျင်ဝန်ထမ်းတွေဆုံးရှုံးရခြင်းကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

လူေတြ Career ေျပာင္းတယ္ဆိုတဲ့ေနရာမွာ အေၾကာင္းျပခ်က္ေတြအမ်ားႀကီးရွိေနႏိုင္ပါတယ္။ ဒါေပမဲ့ေသေသခ်ာခ်ာအေျဖရွာၾကည့္တဲ့အခါအခုေဖာ္ျပမယ့္ (၃) ခ်က္က အဓိကက်ေနတာျဖစ္ပါတယ္။ Professional တစ္ေယာက္အေနနဲ႔ ဒီလိုဘဝနဲ႔ဆိုင္တဲ့ေျပာင္းလဲမႈကို ဒီအခ်က္ (၃) ခ်က္ေၾကာင့္သာလုပ္ေဆာင္ၾကတာျဖစ္တယ္လို႔ ပညာရွင္ေတြကဆိုၾကပါတယ္။ FlexJobSurvey ရဲ႕စစ္တမ္းနဲ႔ထုတ္ျပန္ခ်က္အရ လူေတြဟာ…
၁. Work–life balance မျဖစ္လို႔အလုပ္ထြက္သူ ၅၆%
၂. လစာပိုေကာင္းလို႔ေျပာင္းသူ ၅၀%
၃. ပိုၿပီးစိတ္ေက်နပ္ဖြယ္ျဖစ္လို႔၊ အဓိပၸါယ္ရွိတဲ့အလုပ္မို႔ေျပာင္းသူ ၄၉% ရွိၾကတယ္လို႔ဆိုပါတယ္။

Work–life balance ျဖစ္တာနဲ႔ လခပိုေကာင္းတာဘယ္ဟာကိုေ႐ြးမလဲလူေတြဟာ လခမ်ားတာထက္ အလုပ္နဲ႔ကိုယ္ပိုင္ဘဝမွ်မွ်တတေနထိုင္ႏိုင္ျခင္းကိုပိုၿပီးေတာ့မက္ေမာၾကပါတယ္။ ပိုက္ဆံေတြပိုရေပမယ့္အလုပ္အတြက္စိတ္ဖိစီးမႈအၿမဲရွိေနတဲ့အခါက်န္းမာေရးကို ထိခိုက္လာေစတာ အေသအခ်ာပါ။အဲဒီအခါမွာပိုရတဲ့ပိုက္ဆံေတြဟာ က်န္းမာေရးအတြက္ျပန္ကုန္တာ၊ သြားလာတဲ့အခါအပင္ပန္းမခံခ်င္ေတာ့လို႔ အငွားကားစီးတာ၊ အခ်ိန္မရွိလို႔ အဆင္ေျပတာဝယ္စားလိုက္တာစတဲ့အခ်က္ေတြနဲ႔ ပိုက္ဆံေတြျပန္ကုန္သြားတတ္ပါတယ္။ ဒါအျပင္ မိသားစုကိုအခ်ိန္မေပးႏိုင္၊ဘယ္အခမ္းအနားမွမတက္ႏိုင္ဘဲ လူမႈေရးလည္းထိခိုက္လာတတ္ပါတယ္။ဒါေၾကာင့္ ကိုယ္ကကိုယ့္သူငယ္ခ်င္းေလာက္လစာမေကာင္းေပမယ့္ Work–life balance ျဖစ္တဲ့အေနအထားမွာရွိတယ္ဆိုရင္ ကိုယ့္အလုပ္မွာေပ်ာ္ေပ်ာ္ေနသင့္ပါတယ္။

ဒီေနရာမွာ လခေကာင္းလို႔ Career ေျပာင္းသူဟာ ၅၀% ရွိပါတယ္။ သူတို႔ကအလုပ္ရဲ႕ဖိအားနဲ႔စိတ္ဖိစီးမႈေတြကိုခံႏိုင္ရည္ရွိဖို႔ျပင္ဆင္ၿပီးမွ ေျပာင္းၾကတာမ်ိဳးျဖစ္ပါတယ္။လုပ္ခလစာမ်ားျခင္းနဲ႔အတူ ကိုယ့္အတြက္ Challenge ေတြဆိုတာလည္းရွိလာမွာပါ။လခေကာင္းျခင္းဆိုတဲ့ငါးစာရဲ႕ေနာက္ကြယ္ကငါးမွ်ားခ်ိတ္ကိုလည္း ၾကည့္တတ္ဖို႔လိုပါတယ္။ကိုယ္ကဒါေတြကိုေက်ာ္ျဖတ္ႏိုင္တယ္၊ကိုယ့္အတြက္လည္းတိုးတက္ရာလမ္းေၾကာင္းျဖစ္တယ္ဆိုရင္ေတာ့ ေငြပိုရရင္ေျပာင္းသင့္ပါတယ္။ဒါေပမဲ့ ကိုယ္ေျပာင္းလိုက္တဲ့အလုပ္ဟာ Work–life balance မျဖစ္ဘဲ စိတ္ဖိစီးမႈေတြပိုမ်ားေနမယ္ဆိုရင္ေနာက္ဆုံးမွာေငြကိုမလိုခ်င္ျဖစ္သြားႏိုင္ပါတယ္။ ဦးေႏွာက္ေရာခႏၶာကိုယ္ပါၿပိဳလဲသြားတာမ်ိဳးျဖစ္တတ္ပါတယ္။ဒါေၾကာင့္ ကိုယ္ကအလုပ္ရွင္ျဖစ္ေနမယ္ဆိုရင္လည္း ဝန္ထမ္းေတြကို မႏိုင္ဝန္ေတြမေပးဘဲ Work-life balance ျဖစ္ေအာင္ဂ႐ုစိုက္ေပးႏိုင္တယ္ဆိုရင္ဝန္ထမ္းေတြဟာကိုယ့္ဆီမွာသစၥာရွိရွိနဲ႔တည္ၿမဲေနမွာျဖစ္ပါတယ္။ ဝန္ထမ္းေတြရဲ႕ စိတ္ခံစားခ်က္ကိုဂ႐ုစိုက္ေပးတာ၊ စိတ္ထြက္ေပါက္ေလးေတြရွိေအာင္ဖန္တီးေပးတာမ်ိဳးကမျဖစ္မေနလုပ္သင့္တဲ့အရာျဖစ္ပါတယ္။

အလုပ္မွာ Zumba ဒါမွမဟုတ္ Yoga Class ေလးေတြထည့္သြင္းေပးတာမ်ိဳး၊ အမ်ိဳးသားေတြဆိုရင္တစ္ပတ္တစ္ခါေဘာလုံးသြားကန္ၾကတာမ်ိဳးေတြလုပ္ေပးႏိုင္ပါတယ္။ဝန္ထမ္းေတြအတြက္ သူတို႔ခဏတစ္ျဖဳတ္စကားေျပာႏိုင္၊ နားႏိုင္မယ့္ေနရာေလးဖန္တီးေပးတာမ်ိဳးလည္းလိုအပ္ပါတယ္။မက္ေဆ့ခ်္ဝင္လာရင္ ခ်က္ခ်င္းၾကည့္ပါ ဆိုတာမ်ိဳးမဟုတ္ဘဲ ခဏၾကာမွၾကည့္လည္းရတယ္၊အဆင္ေျပတယ္ဆိုတဲ့စည္းကမ္းေလးေတြ၊ ထမင္းစားခ်ိန္၊ ေကာ္ဖီေသာက္ခ်ိန္ေတြမွာမက္ေဆ့ခ်္ကိုလုံးဝမၾကည့္လည္းရတယ္ဆိုတဲ့စည္းကမ္းမ်ိဳးေလးေတြနဲ႔ သူတို႔ရဲ႕စိတ္ဖိစီးမႈကိုေလ်ာ့ပါးေစႏိုင္ပါတယ္။

ေနာက္တစ္ခ်က္က အလုပ္ခ်ိန္အတြင္းမွာပဲ အစည္းအေဝးေတြ၊ Training ေတြလုပ္ေဆာင္ႏိုင္ဖို႔ႀကိဳးစားသင့္ပါတယ္။ အလုပ္ခ်ိန္ေက်ာ္ၿပီးမွ၊ ပိတ္ရက္က်မွအလုပ္နဲ႔ပတ္သက္တာေတြ ထပ္မေပးမိေအာင္တတ္ႏိုင္သမွ် လုပ္ေဆာင္သင့္ပါတယ္။ဒီလိုမ်ိဳး အလုပ္ရွင္ဘက္ကေျဖေလွ်ာ့မႈေလးေတြနဲ႔ကိုင္တြယ္မယ္၊ ဝန္ထမ္းေတြရဲ႕စိတ္နဲ႔ခႏၶာက်န္းမာေရးကို အေလးထားေပးမယ္ဆိုရင္မၾကာခဏကြၽမ္းက်င္ဝန္ထမ္းေတြဆုံးရႈံးရျခင္းကေန ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*