မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းကိုဘယ်လိုဖြေကြမလဲ

အလုပ်အင်တာဗျူးဖြေတဲ့အခါ အင်တာဗျူးသူတွေရဲ့မျက်လုံးထဲမှာကိုယ်ဟာပြီးပြည့်စုံတဲ့စိန်ပွင့်လေးဖြစ်နေဖို့လိုပါတယ်။ ကုမ္ပဏီကြီးတွေအနေနဲ့ ဝန်ထမ်းလစ်လပ်နေရာတစ်ခုကိုဖြည့်ဖို့ပျှမ်းမျှတစ်လကျော်လောက်ပဲအချိန်ယူတယ်လို့ဆိုပါတယ်။ တချို့အလုပ်တွေမှာတော့ဒီ့ထက်ပိုကြာချင်ကြာနိုင်ပါတယ်။ ကိုယ်က ဒီအလုပ်ကိုအသဲအသန်လိုချင်နေမိတယ်ဆိုရင်ကိုယ့်ဘက်ကအားစိုက်ထုတ်မှုအပြည့်အဝရှိရပါလိမ့်မယ်။ဒီ့အတွက် မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းမှာကတည်းကအမှတ်များအောင်စတင်လုပ်ဆောင်နိုင်ပါပြီ။ မင်းအကြောင်းပြောပါဦး ဆိုတဲ့မေးခွန်းဟာ မဖြေတတ်ရင်တိုတိုတုတ်တုတ်နဲ့ပြီးသွားတာ၊ ဒါမှမဟုတ် လိုရင်းမရောက်ဘဲပျင်းစရာကောင်းနေတာမျိုးဖြစ်တတ်ပါတယ်။ အဲလိုမဟုတ်ဘဲ ကိုယ်ဟာ Top Quality ရှိကြောင်းပြသဖို့အောက်မှာဖော်ပြတဲ့အချက်တွေထဲက ကိုယ်လည်းတကယ်လုပ်နိုင်တဲ့အချက် ၃၊၄ ချက်လောက်ကိုမပါပါအောင်ပြောနိုင်ဖို့လိုပါလိမ့်မယ်။ဒါတွေကတော့ ဘာတွေပြောသင့်တယ်ဆိုတဲ့ Idea နဲ့ ဥပမာလေးတွေပါ။

ကိုယ်ကစတင်ဦးဆောင်နိုင်သူ
ဥပမာ – အဲဒီလို ပရောဂျက်မျိုး၊ အလုပ်မျိုးကို ကျွန်မကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ဒါကိုဘယ်လိုအပြီးသတ်လုပ်ရမယ်ဆိုတာ ကျွန်မကောင်းကောင်းဆုံးဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်။

ပူးပေါင်းလုပ်ဆောင်တတ်သူ
ဥပမာ – ပူးပေါင်းလုပ်ဆောင်တတ်ခြင်းရဲ့တန်ဖိုးကို ကျွန်မသိပါတယ်။ဦးနှောက်တစ်ခုတည်းနဲ့တွေးတာထက်နှစ်ခုနဲ့ဆိုပိုပြီးကောင်းတာပေါ့။လုပ်ငန်းတစ်ခုလုံးတိုးတက်ချင်ရင်တော့ အဖွဲ့အစည်းနဲ့တွဲလုပ်တတ်ပြီး ပူးပေါင်းလုပ်ဆောင်တတ်မှဘာပဲဖြစ်ဖြစ်အောင်မြင်မယ်ဆိုတဲ့ စိတ်ထားမျိုးရှိတာအကောင်းဆုံးပါ။

ကြိုတင်စီစဉ်တတ်သူ
ဥပမာ – တစ်စုံတစ်ခုလွဲချော်ခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကြိုပြီးစီစဉ်တာက ဖြစ်လာမှတုံ့ပြန်တာထက်ပိုပြီးကောင်းမွန်ပါတယ်။ ကျွန်မက Plan A ၊ Plan B အမြဲချထားတတ်တယ်။

ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု
ဥပမာ – ကျွန်မက ကိုယ်တိုင်ဖန်တီးလုပ်ဆောင်ရတာကိုတန်ဖိုးထားတယ်။ ကျွန်မလုပ်ဆောင်သမျှဟာကူးချတာမျိုးလုံးဝမဖြစ်စေရဘူး။ ကျွန်မက ကိုယ့်ကိုယ်ကိုယ်အမြဲတိုးတက်အောင်လုပ်နေတယ်။ဘာပဲလုပ်လုပ်အကောင်းဆုံးလုပ်တယ်။

လူမှုအသိုင်းအဝိုင်းတစ်ခုလုံးတိုးတက်စေချင်တယ်
ဥပမာ – ကျွန်မကရေရှည်ရလဒ်ကိုကြည့်တဲ့သူမျိုးပါ။ Group တစ်ခုလုံးတိုးတက်စေမယ့်အခွင့်အလမ်းကိုကြည့်လေ့ရှိပါတယ်။

ရလဒ်နဲ့အမြတ်ထွက်တာကိုပဲကြည့်တယ်
ဥပမာ – ရလဒ်ကောင်းကောင်းထွက်လာဖို့ ကျွန်မရဲ့စွမ်းဆောင်နိုင်စွမ်းအပေါ် Confidence အပြည့်ရှိပါတယ်။ ထင်သလိုရလဒ်မဖြစ်လာရင်လည်းကျွန်မကောင်းတဲ့အပြောင်းအလဲဘက်ရောက်အောင်ကိုင်တွယ်နိုင်ပါတယ်။ရှေ့ကိုရောက်ချင်တယ်ဆိုရင်တော့ ရလဒ်ကိုအဓိကထားဖို့လိုပါတယ်။

ခေါင်းဆောင်မှုအပိုင်းအားသာခြင်း
ဥပမာ – ကျွန်မက Team Member အဖြစ်နဲ့လည်းအကောင်းဆုံးလိုက်ပါလုပ်ဆောင်နိုင်သလိုကိုယ့်အောက်အငယ်တွေကိုလည်း အလုပ်လုပ်ချင်လာအောင် Motivate လုပ်နိုင်စွမ်းရှိတယ်လို့ယုံကြည်ပါတယ်။

Customer Service ကိုအားသာသူ
ဥပမာ – Customer ရဲ့လိုအပ်ချက်ကိုနားလည်လွယ်ပါတယ်၊ သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းရတာ၊ကူညီရတာကိုသဘောကျတဲ့သူပါ။

ဆက်သွယ်ပြောဆိုမှုမှာတော်သူ
ဥပမာ – ကျွန်မက ဘယ်လိုလူမျိုးကိုမဆို အဆင်ပြေအောင်ပေါင်းနိုင်၊ ဆက်သွယ်ပြောဆိုနိုင်တယ်လို့ယုံကြည်ပါတယ်။ သူတို့ ပြဿနာတွေကိုနားလည်ပေးနိုင်တယ်။နားထောင်ပေးနိုင်စွမ်းရှိတယ်။စတဲ့အချက်တွေကို ထည့်သွင်းဖြေကြားသင့်ပါတယ်။ဒါကြောင့် အပေါ်မှာဖော်ပြထားတဲ့အချက်တွေထဲက ကိုယ့်မှာဘာ Skill တွေရှိလဲချရေးကြည့်ပါ။ဒါတွေကို ဘယ်လိုဖော်ပြရင်ကောင်းမလဲစဉ်းစားထားပြီး
ဘယ်လိုစကားလုံးမျိုးနဲ့ဖြေမလဲဆိုတာတွေးထားရင်ရပါပြီ။ပိုပြီးပြည့်စုံချင်ရင်တော့ သူငယ်ချင်းနဲ့ဖြစ်ဖြစ်၊ ကိုယ်ယုံကြည်ရသူနဲ့ပဲဖြစ်ဖြစ် အစမ်းသဘောမေးကြည့်၊ဖြေကြည့်တာမျိုးလုပ်နိုင်ပါတယ်။အင်တာဗျူးဖြေချိန်မှာ ကိုယ်ကယုံကြည်မှုရှိရှိနဲ့ စကားလုံးတွေကို Powerful ဖြစ်တာရွေးချယ်ပြီးပြောဆိုနိုင်ရင် လုံးဝအဆင်ပြေမှာသေချာပါတယ်နော်။

Ju Ju

zawgyi

အလုပ္အင္တာဗ်ဴးေျဖတဲ့အခါ အင္တာဗ်ဴးသူေတြရဲ႕မ်က္လုံးထဲမွာကိုယ္ဟာၿပီးျပည့္စုံတဲ့စိန္ပြင့္ေလးျဖစ္ေနဖို႔လိုပါတယ္။ ကုမၸဏီႀကီးေတြအေနနဲ႔ ဝန္ထမ္းလစ္လပ္ေနရာတစ္ခုကိုျဖည့္ဖို႔ပွ်မ္းမွ်တစ္လေက်ာ္ေလာက္ပဲအခ်ိန္ယူတယ္လို႔ဆိုပါတယ္။ တခ်ိဳ႕အလုပ္ေတြမွာေတာ့ဒီ့ထက္ပိုၾကာခ်င္ၾကာႏိုင္ပါတယ္။ ကိုယ္က ဒီအလုပ္ကိုအသဲအသန္လိုခ်င္ေနမိတယ္ဆိုရင္ကိုယ့္ဘက္ကအားစိုက္ထုတ္မႈအျပည့္အဝရွိရပါလိမ့္မယ္။ဒီ့အတြက္ မင္းအေၾကာင္းေျပာပါဦး ဆိုတဲ့ေမးခြန္းမွာကတည္းကအမွတ္မ်ားေအာင္စတင္လုပ္ေဆာင္ႏိုင္ပါၿပီ။ မင္းအေၾကာင္းေျပာပါဦး ဆိုတဲ့ေမးခြန္းဟာ မေျဖတတ္ရင္တိုတိုတုတ္တုတ္နဲ႔ၿပီးသြားတာ၊ ဒါမွမဟုတ္ လိုရင္းမေရာက္ဘဲပ်င္းစရာေကာင္းေနတာမ်ိဳးျဖစ္တတ္ပါတယ္။ အဲလိုမဟုတ္ဘဲ ကိုယ္ဟာ Top Quality ရွိေၾကာင္းျပသဖို႔ေအာက္မွာေဖာ္ျပတဲ့အခ်က္ေတြထဲက ကိုယ္လည္းတကယ္လုပ္ႏိုင္တဲ့အခ်က္ ၃၊၄ ခ်က္ေလာက္ကိုမပါပါေအာင္ေျပာႏိုင္ဖို႔လိုပါလိမ့္မယ္။ဒါေတြကေတာ့ ဘာေတြေျပာသင့္တယ္ဆိုတဲ့ Idea နဲ႔ ဥပမာေလးေတြပါ။

ကိုယ္ကစတင္ဦးေဆာင္ႏိုင္သူ
ဥပမာ – အဲဒီလို ပေရာဂ်က္မ်ိဳး၊ အလုပ္မ်ိဳးကို ကြၽန္မေကာင္းေကာင္းကိုင္တြယ္ႏိုင္ပါတယ္။ဒါကိုဘယ္လိုအၿပီးသတ္လုပ္ရမယ္ဆိုတာ ကြၽန္မေကာင္းေကာင္းဆုံးျဖတ္ႏိုင္မယ္လို႔ယုံၾကည္ပါတယ္။

ပူးေပါင္းလုပ္ေဆာင္တတ္သူ
ဥပမာ – ပူးေပါင္းလုပ္ေဆာင္တတ္ျခင္းရဲ႕တန္ဖိုးကို ကြၽန္မသိပါတယ္။ဦးေႏွာက္တစ္ခုတည္းနဲ႔ေတြးတာထက္ႏွစ္ခုနဲ႔ဆိုပိုၿပီးေကာင္းတာေပါ့။လုပ္ငန္းတစ္ခုလုံးတိုးတက္ခ်င္ရင္ေတာ့ အဖြဲ႕အစည္းနဲ႔တြဲလုပ္တတ္ၿပီး ပူးေပါင္းလုပ္ေဆာင္တတ္မွဘာပဲျဖစ္ျဖစ္ေအာင္ျမင္မယ္ဆိုတဲ့ စိတ္ထားမ်ိဳးရွိတာအေကာင္းဆုံးပါ။

ႀကိဳတင္စီစဥ္တတ္သူ
ဥပမာ – တစ္စုံတစ္ခုလြဲေခ်ာ္ခဲ့ရင္ဆိုတဲ့အေတြးနဲ႔ ႀကိဳၿပီးစီစဥ္တာက ျဖစ္လာမွတုံ႔ျပန္တာထက္ပိုၿပီးေကာင္းမြန္ပါတယ္။ ကြၽန္မက Plan A ၊ Plan B အၿမဲခ်ထားတတ္တယ္။

ကိုယ့္ကိုယ္ကိုယ္တန္ဖိုးထားမႈ
ဥပမာ – ကြၽန္မက ကိုယ္တိုင္ဖန္တီးလုပ္ေဆာင္ရတာကိုတန္ဖိုးထားတယ္။ ကြၽန္မလုပ္ေဆာင္သမွ်ဟာကူးခ်တာမ်ိဳးလုံးဝမျဖစ္ေစရဘူး။ ကြၽန္မက ကိုယ့္ကိုယ္ကိုယ္အၿမဲတိုးတက္ေအာင္လုပ္ေနတယ္။ဘာပဲလုပ္လုပ္အေကာင္းဆုံးလုပ္တယ္။

လူမႈအသိုင္းအဝိုင္းတစ္ခုလုံးတိုးတက္ေစခ်င္တယ္
ဥပမာ – ကြၽန္မကေရရွည္ရလဒ္ကိုၾကည့္တဲ့သူမ်ိဳးပါ။ Group တစ္ခုလုံးတိုးတက္ေစမယ့္အခြင့္အလမ္းကိုၾကည့္ေလ့ရွိပါတယ္။

ရလဒ္နဲ႔အျမတ္ထြက္တာကိုပဲၾကည့္တယ္
ဥပမာ – ရလဒ္ေကာင္းေကာင္းထြက္လာဖို႔ ကြၽန္မရဲ႕စြမ္းေဆာင္ႏိုင္စြမ္းအေပၚ Confidence အျပည့္ရွိပါတယ္။ ထင္သလိုရလဒ္မျဖစ္လာရင္လည္းကြၽန္မေကာင္းတဲ့အေျပာင္းအလဲဘက္ေရာက္ေအာင္ကိုင္တြယ္ႏိုင္ပါတယ္။ေရွ႕ကိုေရာက္ခ်င္တယ္ဆိုရင္ေတာ့ ရလဒ္ကိုအဓိကထားဖို႔လိုပါတယ္။

ေခါင္းေဆာင္မႈအပိုင္းအားသာျခင္း
ဥပမာ – ကြၽန္မက Team Member အျဖစ္နဲ႔လည္းအေကာင္းဆုံးလိုက္ပါလုပ္ေဆာင္ႏိုင္သလိုကိုယ့္ေအာက္အငယ္ေတြကိုလည္း အလုပ္လုပ္ခ်င္လာေအာင္ Motivate လုပ္ႏိုင္စြမ္းရွိတယ္လို႔ယုံၾကည္ပါတယ္။

Customer Service ကိုအားသာသူ
ဥပမာ – Customer ရဲ႕လိုအပ္ခ်က္ကိုနားလည္လြယ္ပါတယ္၊ သူတို႔ရဲ႕လိုအပ္ခ်က္ကို ျဖည့္ဆည္းရတာ၊ကူညီရတာကိုသေဘာက်တဲ့သူပါ။

ဆက္သြယ္ေျပာဆိုမႈမွာေတာ္သူ
ဥပမာ – ကြၽန္မက ဘယ္လိုလူမ်ိဳးကိုမဆို အဆင္ေျပေအာင္ေပါင္းႏိုင္၊ ဆက္သြယ္ေျပာဆိုႏိုင္တယ္လို႔ယုံၾကည္ပါတယ္။ သူတို႔ ျပႆနာေတြကိုနားလည္ေပးႏိုင္တယ္။နားေထာင္ေပးႏိုင္စြမ္းရွိတယ္။စတဲ့အခ်က္ေတြကို ထည့္သြင္းေျဖၾကားသင့္ပါတယ္။ဒါေၾကာင့္ အေပၚမွာေဖာ္ျပထားတဲ့အခ်က္ေတြထဲက ကိုယ့္မွာဘာ Skill ေတြရွိလဲခ်ေရးၾကည့္ပါ။ဒါေတြကို ဘယ္လိုေဖာ္ျပရင္ေကာင္းမလဲစဥ္းစားထားၿပီး
ဘယ္လိုစကားလုံးမ်ိဳးနဲ႔ေျဖမလဲဆိုတာေတြးထားရင္ရပါၿပီ။ပိုၿပီးျပည့္စုံခ်င္ရင္ေတာ့ သူငယ္ခ်င္းနဲ႔ျဖစ္ျဖစ္၊ ကိုယ္ယုံၾကည္ရသူနဲ႔ပဲျဖစ္ျဖစ္ အစမ္းသေဘာေမးၾကည့္၊ေျဖၾကည့္တာမ်ိဳးလုပ္ႏိုင္ပါတယ္။အင္တာဗ်ဴးေျဖခ်ိန္မွာ ကိုယ္ကယုံၾကည္မႈရွိရွိနဲ႔ စကားလုံးေတြကို Powerful ျဖစ္တာေ႐ြးခ်ယ္ၿပီးေျပာဆိုႏိုင္ရင္ လုံးဝအဆင္ေျပမွာေသခ်ာပါတယ္ေနာ္။

Ju Ju

Be the first to comment

Leave a Reply

Your email address will not be published.


*