မတူညီတဲ့ Corporate Culture ၄ မျိုးထဲကကိုယ်နဲ့ဘယ်ဟာသင့်တော်မလဲ

Corporate Culture ရဲ့အနှစ်သာရကိုပြောရရင် ဝန်ထမ်းတွေဟာ အယူအဆ၊ အမြင်၊ တန်ဖိုးထားမှု၊ခံယူချက်နဲ့လုပ်ဆောင်နိုင်စွမ်းတွေတူညီကြပါတယ်။ အလုပ်ခွင်တစ်ခုလုံးကိုပုံဖော်နေတဲ့အဓိကကျတဲ့နေရာကနေပါဝင်ပြီး ဝန်ထမ်းတွေရဲ့အလုပ်လုပ်ပုံ၊ဆုံးဖြတ်ချက်ချပုံတွေအပေါ်ကိုလည်းလွှမ်းမိုးပါတယ်။ ဝန်ထမ်းတွေရဲ့အလုပ်အပေါ်စိတ်ကျေနပ်မှု၊လုပ်ဆောင်နိုင်စွမ်းနဲ့ ကုမ္ပဏီရဲ့အောင်မြင်မှုအထိအကျိုးသက်ရောက်မှုရှိစေပါတယ်။ယေဘုယျခွဲခြားကြည့်ရင် Corporate Culture ၄ မျိုးရှိပါတယ်။ အဲဒီ ၄ မျိုးကဘာတွေလဲ။ ကိုယ့်ရဲ့
Personality နဲ့အစွမ်းအစတွေက ဘယ်လိုကုမ္ပဏီအမျိုးအစားနဲ့သင့်တော်ပြီး အလုပ်မှာပျော်ပိုက်စေမလဲ၊ကိုယ်အလုပ်လုပ်နေတဲ့ကုမ္ပဏီဟာ ဘယ်လိုပုံစံထဲပါဝင်နေလဲဆိုတာ အောက်မှာဖော်ပြထားတဲ့အတိုင်းခွဲခြားကြည့်နိုင်ပါတယ်။

Clan Culture
Clan Culture ဆိုတာကတော့ ရင်းနှီးခင်မင်တတ်တဲ့၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့သဘောရှိပြီးအလုပ်ခွင်ဟာ မိသားစုကြီးတစ်ခုနဲ့တူပါတယ်။ အဲဒီမှာရှိတဲ့ဝန်ထမ်းတွေဟာအင်တိုက်အားတိုက်တက်တက်ကြွကြွရှိကြပြီး အကြိုက်တူကြတာများပါတယ်။ သစ္စာရှိမှု၊ဓလေ့ ထုံးစံနဲ့နှစ်သက်တဲ့အရာတွေတူညီကြပြီး ခိုင်မာတဲ့သံယောဇဉ်တွေရှိကြပါတယ်။ ဥပမာအားဖြင့် Google ၊ Zappos နဲ့ Tom’s of Maine တို့လိုကုမ္ပဏီတွေဖြစ်ပါတယ်။

Adhocracy Culture
Ad hoc လို့ခေါ်ကြတဲ့ Adhocracy ဆိုတာကတော့ တက်ကြွတဲ့၊ ဖန်တီးတီထွင်နိုင်စွမ်းရှိတဲ့ပတ်ဝန်းကျင်မျိုးကိုခေါ်ပါတယ်။ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေဟာလည်းအခွင့်အလမ်းတွေကိုအမြဲမျှော်လင့်နေသူတွေ၊ ခေါင်းဆောင်တွေဟာလည်းများသောအားဖြင့်အတုယူစရာဖန်တီးတီထွင်မှုကို လုပ်ဆောင်နိုင်သူတွေဖြစ်ကြပါတယ်။ ခေါင်းဆောင်တွေကိုယ်တိုင်ကစွန့်စားမှုကိုလုပ်ဆောင်လိုကြပါတယ်။ သူတို့ရဲ့ အဓိကတန်ဖိုးဟာ ပြောင်းလဲမှု၊ဆန်းသစ်နိုင်မှုတွေဖြစ်ကြပါတယ်။ ဒီလိုနေရာမှာ ငါတို့လုပ်ကြည့်ပြီးပြီ၊ အလုပ်မဖြစ်ဘူးဆိုတဲ့စကားမျိုးလုံးဝကြားရဖို့မရှိပါဘူး။ Facebook နဲ့တခြားနည်းပညာကုမ္ပဏီတွေဟာ ဒီလို Culture မျိုးရှိကြပြီး ဉာဏ်ရည်ထက်မြက်မှု၊တီထွင်မှုနဲ့ယှဉ်ပြိုင်မှုတွေအမြဲရှိနေကြတာဖြစ်ပါတယ်။

Market Culture
Market Culture ကတော့ အလုပ်ပြီးမြောက်မှုနဲ့ ရလဒ်တွေအပေါ်ကိုပဲအထူးအလေးပေးပါတယ်။တစ်ခါတလေမှာ ဝန်ထမ်းအချင်းချင်းယှဉ်ပြိုင်မှုတွေလုပ်ကြရပါတယ်။ ဒီလိုကုမ္ပဏီမျိုးဟာအမြတ်များများရဖို့နဲ့ ရှယ်ယာကိုလူများများစိတ်ဝင်စားဖို့သာ အဓိကထားပါတယ်။ ဥပမာ – Amazon လိုကုမ္ပဏီမျိုးဖြစ်ပါတယ်။ Jeff Bezos ဟာလည်း ဒီလိုအလုပ်လောဘကြီးသူအဖြစ်နာမည်ကြီးပါတယ်။Steve Jobs လက်ထက်က Apple ဟာလည်းဒီလိုကုမ္ပဏီမျိုးပဲဖြစ်ပါတယ်။

Hierarchy Culture
လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းစဉ်တွေကိုအဓိကထားကြတဲ့ ကုမ္ပဏီမျိုးတွေဖြစ်ပါတယ်။ခေါင်းဆောင်တွေကသူတို့ရဲ့ခံယူချက်အတိုင်း Plan ချပြီးလုပ်ငန်းကိုဦးဆောင်ကြပါတယ်။ဒီလိုအဖွဲ့အစည်းတွေဟာ စည်းမျဉ်းတွေ၊ လမ်းညွှန်မှုတွေအတိုင်းလုပ်ဆောင်ရတာနဲ့တင်
ထိပ်ဆုံးနေရာနဲ့ဝေးကွာနေတတ်ပါတယ်။ ဥပမာ – ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းနဲ့ဌာနဆိုင်ရာအဖွဲ့အစည်းတွေဖြစ်ပါတယ်။ဒီလို မတူညီတဲ့ပုံစံတွေကိုသိထားတာက ကိုယ်နဲ့အသင့်တော်ဆုံးအရာကိုရှာဖွေနိုင်ပြီး ကိုယ်မကြိုက်တဲ့ Culture မျိုးကိုလည်းဖယ်ခွာနိုင်မှာဖြစ်ပါတယ်။

Ju Ju

zawgyi

Be the first to comment

Leave a Reply

Your email address will not be published.

*